ကသာမြို့နယ် တွင်ဘုရားဆင်းတုတော်နှင့် ရှေးဟောင်းပရပိုက်များ လျို့ဝှက် သယ်ဆောက်လာသူအား ဖမ်းမိ


စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ အနောက်ဖက် (၅) မိုင်ခန့်အကွာ လမ်းခွ ကျေးရွာ လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်တွင် ဇန်နဝါရီလ (၁၆) ရက်နေ့ ည (၁၁း၄၅) နာရီ အချိန်ခန့် က ဘုရားများ နှင့် ရှေးဟောင်း ပရပိုက်များအား လျို့ဝှက် သယ်ဆောင်လာသူကို ဖမ်းမိခဲ့ကြောင်း သိရသည် ။

ကသာမြို့မရဲစခန်း မှ ရဲအုပ်မင်းသန်းထိုက် ဦးစီးသော အဖွဲ့ မှ ကသာအင်းတော် သွားကားလမ်း လမ်းခွကျေးရွာ လမ်းအသုံးပြု ခ ကောက်ခံရေးဂိတ်တွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် ကူကောင်း ကျေးရွာနေ မျိုးမင်းဦး မောင်နှင်လာသော ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ရှေးဟောင်း ဘုရားများ နှင့် ပရပိုက်များအား တွေရှိခဲ့သည် ။


၎င်း စီးနင်းလာသော ဆိုင်ကယ်အရှေ့ ဇစ်ဆွဲအိပ်အတွင်း မှ ဥာဏ်တော် (၁) ပေခန့်ရှိ တက်ပလ္လင်ခွေ ရုပ်ပွားတော် (၁) ဆူ၊ ဥာဏ်တော် (၁၀) လက္မခန့်ရှိ တင်ပလ္လင်ခွေ ကြေးသွန်း ရုပ်ပွားတော် (၁) ဆူ၊ ဥာဏ်တော် (၆) လက္မခန့်ရှိ တင်ပလ္လင်ခွေ ကြေးသွန်း ရုပ်ပွားတော် (၁) ဆူ စုစုပေါင်း ဘုရား ရုပ်ပွားတော် (၄) ဆူ ဖမ်းဆီးရမိခဲ့သည် ။

ထို့အပြင် အမြင့်(၆) လက္မခန့်ရှိ အသား နတ်ရုတ် (၁) ရုတ်၊ အမြင့် (၅) လက္မခန့်ရှိ အသားပြဿ ဒ် (၁) ခု နှင့် ရွှေဝါရောင် ဆေးများ သုတ်ထားပြီး အရှည် (၂) ပေခန့်ရှိ ရှေးဟောင်း ပါဋ္ဌိ စာပေများ ရေးသား ထားသည့် ပရပိုက် (၅၄) ချပ် ၊ ရွှေဝါရောင် ဆေးများသုတ်လိမ်းထားပြီး ကနုတ်ပန်းများ ပါရှိသည့် အရှည် (၁) ပေ (၁၁) လက္မခန့်ရှိ ရှေးဟောင်း ယွန်းပရပိုက် (၁၈) ချပ်၊ ရွှေဝါရောင်ဆေးများ သုတ်လိမ်းထားပြီး အရှည် (၁) ပေ (၉) လက္မခန့်ရှိ ရှေးဟောင်း ယွန်းပရပိုက် (၆၇) ချပ် တို့ကို ဖမ်းမိခဲ့ခြင်း ဖြစ်သည် ။


အဆိုပါ ဆင်းတုတော်များ နှင့် ပရပိုက်များအား ဗန်းမောက်မြို့နယ် နောင်ပိန်းကျေးရွာအနီး အမည်မသိ ဘုန်းကြီးကျောင်း တစ်ကျောင်း မှ လွန်ခဲ့သော (၅) ရက်ခန့် က သယ်ယူလာခြင်းဖြစ်ပြီး မန္တလေးသို့ ပို့ဆောင်မည့် ပစ္စည်းများ ဟု အစစ်ခံ ထွက်ဆိုထားကြောင်း ရဲ ကြေးနန်း မှတ်တမ်း အရ သိရသည် ။

ထို ကဲ့သို့ ရှေးဟောင်း ပစ္စည်းများအား လျို့ဝှက် သယ်ဆောင်လာသူ အဆိုပါ ဝက်လက်မြို့နယ် ကူကောင်းကျေးရွာနေ မျိုးမင်းဦး (ခ) ဖက်တီး (၃၂) နှစ်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀/၂၉၅/ ကျင့်ထုံးဥပဒေ (၅၄) အရ အမူဖွင့် အရေးယူထားကြောင်း ကသာမြို့ မ ရဲစခန်း မှ သိရှိရသည် ။

မြင့် လွင်
https://www.facebook.com/ktamyintlwin
ကသာမြို့နယ် တွင်ဘုရားဆင်းတုတော်နှင့် ရှေးဟောင်းပရပိုက်များ လျို့ဝှက် သယ်ဆောက်လာသူအား ဖမ်းမိ  ကသာမြို့နယ် တွင်ဘုရားဆင်းတုတော်နှင့် ရှေးဟောင်းပရပိုက်များ လျို့ဝှက် သယ်ဆောက်လာသူအား ဖမ်းမိ Reviewed by THITHTOOLWIN on 16:20 Rating: 5
Powered by Blogger.