ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သူ ဘင်္ဂါလီ ၂ ဦး ထပ်မံ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇန်န၀ါရီ - ၁၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခဲ့သူများကို ဖော်ထုတ် စစ်ဆေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင် ပတ်သက်ခဲ့ပြီး တိမ်းရှောင်နေသော ကျေးနှုတ်သီးရွာနေ ဂျာမာဟူးဆင်း (ဘ) မာမော့ဟူဆောင်းနှင့် ရာဟတ်(ဘ)အဒူဆူရီ တို့ ၂ ဦးအား ဘဒကားကျေးရွာလမ်းဆုံ၌ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိဘင်္ဂါလီ ၂ ဦးအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဘူးသီးတောင် မြို့ရှိ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့များက နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သူ ဘင်္ဂါလီ ၂ ဦး ထပ်မံ ဖမ်းဆီးရမိ  ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သူ ဘင်္ဂါလီ ၂ ဦး ထပ်မံ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:12 Rating: 5
Powered by Blogger.