ပျောက်ဆုံးနေသည့် ရာအိမ်မှုးဟောင်း ပြန်လည်တွေ့ရှိ၊ အစိုးရသတင်းပေးဟု စွပ်စွဲကာနှိပ်စက်ညှင်းပမ်း ခဲ့ခြင်းဖြစ်


ဇန်နဝါရီ ၁၇၊၂၀၁၇

ဇန်နဝါရီ ၁၄ ရက် ည ၁၁နာရီတွင် မောင်တောမြို့နယ် ရဲအောင်ချောင်းကျေးရွာနေ ပုဇွန်ကန် လုပ်ငန်းလုပ်သူ ရာအိမ်မှုးဟောင်း ဖွေယာ(ခ) ဖွေယာဇူဟောက်အား ဘောင်ဘီအနက်ရောင်များဝတ်ဆင်ထားသည့် မူဆလင် ၄ ဦးက ပုဇွန်ကန်အား လာရောက်ဝယ်ယူခြင်းဖြစ်ပြီး လိုက်ခဲ့ရန် ခေါ်ဆောင်သွားခဲ့၍ ပျောက်ဆုံးနေခဲ့ရာမှ ဇန်နဝါရီ ၁၅ ရက် သန်းခေါင်ယံတွင် ပြန်လည်တွေ့ရှိခဲ့သည်။ ရာအိမ်မှူးဟောင်း ဖွေယာပျောက်ဆုံးနေခဲ့မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ဇန်နဝါရီ ၁၅ ရက် ည ၁၁ နာရီ ၃၆ မိနစ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအား မော်လဝီကျေးရွာတာဝန်ခံ ဦးလှသိန်းက ပျောက်ဆုံးနေသော ဖွေယာ ( ခ) ဖွေယာဇူဟောက်သည် ဖာရီကျေးရွာရှိ ဆွေယော့တူဆင်း၏ နေအိမ်အတွင်း ရောက်ရှိနေကြောင်း ဖုန်းဆက်အကြောင်းကြားလာသဖြင့် နယ်မြေရုံးသို့ ခေါ်ယူခဲ့သည်။

ဖွေယာ၏ ပြောပြချက်အရ ၎င်းအား ရဲအောင်ချောင်းရွာ၏ အရှေ့တောင်ဘက် မဲဒီကျေးရွာအနီး ရှိတောလမ်းအတိုင်း ခေါ်ဆောင်သွားခဲ့ပြီး ကျွန်းပေါက်ပြုစုမြောက်ရွာအဝင်လမ်းတွင် မျက်နှာအား ပုဝါစီး၍ နေအိမ်တစ်လုံးသို့ခေါ်ဆောင်သွားခဲ့သည်။

၎င်းနောက် လူ ၁၀ဦးခန့်မှ ထိုးနှက်ကန်ကျောက်ရိုက်နှက်ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှုး အဖွဲ့များ ဖြင့် ပူးပေါင်းကာ တာဝန်ရှိသူများအား သတင်းပေးဆောင်ရွက်နေသည့်အတွက် အပြစ်ပေးခြင်းဖြစ်ကြောင်းနှင့် ငွေမည်မျှပေးနိုင်မလဲဟု မေးခဲ့ကြောင်းပြောကြားခဲ့သည်။

၎င်းအား ည၈ နာရီခွဲတွင် မျက်နှာအား ပုဝါစည်း၍ ကျောက်ချောင်းကျေးရွာ လမ်းခွဲအထိ လူ ၄ ဦး ကပြန်ပို့ခဲ့ပြီး လူစုခွဲထွက်သွားကြောင်း သိရသည်။

ဖွေယာ၏ ကျောအလယ်တွင် ဓားဦးချွန်ဖြင့်ထိုးစိုက်ခံရသည့်အတွက် ၁ လက်မအကျယ်၊အနက် ၂ စင်တီမီတာ ပြဲရှဒဏ်ရာတစ်ခုတွေ့ရှိရပြီး ဖမ်းဆီးခေါ်ဆောင်သွားသူများအား တရားဥပဒေအရ အရေးယူ နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
ပျောက်ဆုံးနေသည့် ရာအိမ်မှုးဟောင်း ပြန်လည်တွေ့ရှိ၊ အစိုးရသတင်းပေးဟု စွပ်စွဲကာနှိပ်စက်ညှင်းပမ်း ခဲ့ခြင်းဖြစ်  ပျောက်ဆုံးနေသည့် ရာအိမ်မှုးဟောင်း ပြန်လည်တွေ့ရှိ၊ အစိုးရသတင်းပေးဟု စွပ်စွဲကာနှိပ်စက်ညှင်းပမ်း ခဲ့ခြင်းဖြစ် Reviewed by THITHTOOLWIN on 16:38 Rating: 5
Powered by Blogger.