ဗန်းမောက် မြို့မ ရဲစခန်း မှ ရဲတပ်သား (၂) ဦး၏ သေနတ်နှစ်လက် ပျောက်ဆုံးမှု ဖြစ်ပွား


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ မရဲစခန်း မှ ရဲတပ်သားနှစ်ဦး သယ်ဆောင်လာသော သေနတ် (၂) လက် မှာ ဇန်နဝါရီလ (၁၅) ရက်နေ့ ည (၇း၃၀) နာရီ အချိန်ခန့် က လမ်းတွင် ပြုတ်ကျ ပျောက်ဆုံး နေခဲ့ကြောင်း သိရသည် ။

ဇန်နဝါရီလ (၁၄) ရက်နေ့ က ကသာ အကျဉ်းထောင် မှ မန္တလေး အကျဉ်းထောင်သို့ အကျဉ်းသား(၅၀) ဦး ပို့ပြီး ပြန်လာစဉ် လမ်းခုလပ် တစ်နေရာတွင် ပြုတ်ကျ ပြီး ပျောက်ဆုံးနေခဲ့သည် ဟု ဆိုသည် ။

ဗန်းမောက်မြို့မ ရဲ စခန်းမှ ဒုရဲအုပ် အောင်သန်း မှ ဆိုင်ကယ် (၁) စီး စီးနင်းပြီး ရဲတပ်သား ဇော်သက် နှင့် ရဲတပ်သား ဇာနည်ကိုတို့ မှ ဆိုင်ကယ် (၁) စီးဖြင့် ဗန်းမောက် ရဲစခန်း သို့ ပြန်လာခဲ့ကြစဉ် ရဲတပ်သား ဇော်သက် နှင့် ရဲတပ်သား ဇာနည်ကိုတို့ ကိုင်ဆောင်သည့် ရိုင်ဖယ် (၂) လက် ကျည်မပါ ကျည်အိမ်များ တပ်လျက် ဆိုင်ကယ် အနောက်တွင် ပီနံအိတ်ခွံပတ်ပြီး ကြိုးနှင့် တုတ်နှောင် သယ်ယူခဲ့ကြရာ အင်းတော်မြို့နယ် မြသီတာ ကျေးရွာ အရောက်တွင် အဆိုပါသေနတ်များ ပါမလာတော့သည်ကို သတိပြုမိခဲ့ပြီး နောက်ကြောင်းပြန်လှည့်ရှာဖွေခဲ့သော်လည်း ယနေ့ အချိန်ထိ မတွေ့ရှိသေးဘူး လို့ ဆိုပါတယ်။


ယင်းသို့ ရဲတပ်သားနှစ်ဦး ကိုင်ဆောင်သော သေနတ် (၂) လက် လမ်းတွင် ပြုတ်ကျ ပျောက်ဆုံးနေခဲ့တာနဲ့ ပတ်သက်ပြီး ဗန်းမောက်မြို့နယ်မှူး ဒုရဲမှူး အောင်ကျော်စိုး ဦးစီးသည့်အဖွဲ့ နှင့် အင်းတော်မြို့မရဲ စခန်း မှ ရဲအုပ် သောင်းစိန်ထွန်း ဦးစီးသည့်အဖွဲ့တို့ က အင်းတော် မြို့နယ် မြသီတာ ကျေးရွာ တလျောက်တွင် လိုက်လံစုံစမ်း ရှာဖွေလျက် ရှိကြောင်း သတင်း ရပ်ကွက် အသိုင်း အဝိုင်း မှ စုံစမ်းသိရှိရသည် ။

တွေ့ရှိသူများအနေနှင့် လက်ဝယ် ထားရှိမည်ဆိုပါက မသင့်တော်ကြောင်း အကြံပြုချင်ပါသည် ။ သို့ပါ၍ နီးစပ်ရာ ရဲစခန်းသို့ အမြန်ဆုံးအပ်နှံပေးကြရန်နှင့် သက်ဆိုင်ရာ မှ ထိုက်ထိုက်တန်တန် ဆုကြေးငွေများ ပေးအပ်သွား မည် ဟု သိရှိရပါသည် ။

မြင့် လွင်
https://www.facebook.com/ktamyintlwin
ဗန်းမောက် မြို့မ ရဲစခန်း မှ ရဲတပ်သား (၂) ဦး၏ သေနတ်နှစ်လက် ပျောက်ဆုံးမှု ဖြစ်ပွား  ဗန်းမောက် မြို့မ ရဲစခန်း မှ ရဲတပ်သား (၂) ဦး၏ သေနတ်နှစ်လက် ပျောက်ဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 16:27 Rating: 5
Powered by Blogger.