ရန်ကုန် ဇန်န၀ါရီ ၁၉
ယနေ့ နံနက် ၈း၃၀ အချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့ နယ်၊ (၁၄)ရပ်ကွက်၊ ရတနာ လမ်းနှင့် သံသုမာလမ်းထောင့် မီးပွိုင့်အနီး ဓာတ်တိုင်မှ ၀ါယာရှော့ဖြစ်ပြီးမီးပွင့်စဉ် သံသုမာလမ်း (၁၃) ရပ်ကွက် CNG ဆိုင်အမှတ်(၀၁၇)သို့သွယ်တန်း ထားသော မြေအောက်ဓာတ်ငွေ့ ပိုက်လိုင်းယိုစိမ့်မှုမှ ထွက်ရှိသည့် ဓာတ်ငွေ့နှင့် ထိတွေ့လောင်ကျွမ်းခဲ့သဖြင့် မီးသတ်ယာဉ်(၁၁)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး ရောက်ရှိငြိမ်းသတ်ခဲ့ရာ (၀၈း၄၂)အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
မီးလောင်ရာနေရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့ မှူးတို့ ရောက်ရှိ ကြီးကြပ် ခဲ့ပြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူရ လာရောက်ကြည့်ရှုခဲ့သည်။ မီးလောင်မှု ကြောင့် အနီးတွင် ရပ်ထားသော မော်တော်ယာဉ်(၂)စီးမီးလောင်ပျက်စီးခဲ့ပြီး အခြားတစ်စီး တာယာ နှင့်နောက် ဖုံးအနည်းငယ် လောင်ကျွမ်းကာ လူထိခိုက်ဒဏ်ရာရရှိ မှုမရှိကြောင်း သတင်းရရှိသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

တောင်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား မော်တော်ယာဉ်(၂)စီး မီးလောင်ပျက်စီး
Reviewed by THITHTOOLWIN
on
11:39
Rating: