ကာချုပ်ကြီးကို ဖိနပ်နဲ့နင်းတဲ့ ဓါတ်ပုံ ဝေမျှသူ အဖမ်းခံရ

 ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံပေါ်မှာ ဖိနပ်နဲ့နင်းထားတဲ့ပုံကို ဖေ့ဆ်ဘွတ်လူမှုရေး စာမျက်နှာမှာ ထပ်ဆင့်ဝေငှခဲ့တဲ့ ဦးပက်ထရစ်ခွန်ဂျာလီ ကိုတွေ့ရစဉ်။ Photo:Patrick Kum Jaa Lee(facebook)
 ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံပေါ်မှာ ဖိနပ်နဲ့နင်းထားတဲ့ပုံကို ဖေ့ဆ်ဘွတ်လူမှုရေး စာမျက်နှာမှာ ထပ်ဆင့်ဝေငှထားလို့ဆိုပြီး ရန်ကုန်မြို့က ကချင်အမျိုးသားတစ်ဦးဖြစ်တဲ့ ဦးပက်ထရစ်ခွန်ဂျာလီ  ကို လှိုင်မြို့နယ်ရဲစခန်း တာဝန်ရှိသူတွေက မနေ့က အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၇ နာရီကျော်လောက် မှာ နေအိမ်ကနေဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဦးပက်ထရစ်ခွန်ဂျာလီကို လာဖမ်းတဲ့အခါ ဖမ်းဝရမ်းပြတာမျိုးမရှိပဲ အဆင့်သင့်ပုံနှိပ်ထုတ်ယူလာတဲ့ ဓါတ်ပုံတစ်ပုံပြ ပြီးခေါ်သွားတာဖြစ်တယ်လို့ သမီးဖြစ်တဲ့ မအဖန် က RFA ကိုပြောပါတယ်။

ဦးခွန်ဂျာလီရဲ့ ဇနီးသည်ဟာ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်က လူ့အခွင့်အရေးလှုပ်ရှား သူ ဒေါ်မေစပါယ်ဖြူဖြစ်ပြီး၊ အခုရက်ပိုင်းမှာ ဥရောပနိုင်ငံတွေကို ရောက်နေပါတယ်။

ဒါကြောင့် သူတို့မိသားအိမ်မှာ အဖွားအိုတစ်ယောက်နဲ့ သားသမီးတွေပဲကျန်ရစ်ခဲ့ပါတယ်။ မိတ်ဆွေတချို့က ရဲစခန်းကိုလိုက်သွားပေမယ့် စစ်ဆေးရေးကာလဖြစ်လို့ တွေ့ခွင့်မပြုနိုင်ဘူးလို့ ရဲအရာရှိတွေကပြောတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကာချုပ်ကြီးကို ဖိနပ်နဲ့နင်းတဲ့ ဓါတ်ပုံ ဝေမျှသူ အဖမ်းခံရ   ကာချုပ်ကြီးကို ဖိနပ်နဲ့နင်းတဲ့ ဓါတ်ပုံ ဝေမျှသူ အဖမ်းခံရ Reviewed by THITHTOOLWIN on 13:52 Rating: 5
Powered by Blogger.