မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့အထွက် ဧရာဝတီတံတား ( မကွေး) ၏ တံတားဖြတ်သန်းခကောက်ခံရာတိုးဂိတ်အနီးတွင် ၁၅.၁၀.၂၀၁၅ နံနက် ၁၁း၀၀ ခန့်တွင် တံတားချဉ်းကပ်တောင်ကမ်းပါး ပြိုကျမှုဖြစ်ပွားရာ မွန်လွဲ ၁၂း၅၀ အထိ လူနှစ်ဦးကို ဆွဲထုတ်ကယ်တင်နိုင်ပြီဖြစ်ကြောင်း မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“အောက်မှာ သုံးဘီးဆိုင်ကယ် ပိနေသေးတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောလို့ရှာဖွေနေပါတယ်။ အခုကယ်ဆယ်ရေးလုပ်ငန်းအခြေအနေအရဆိုရင် ပိနေသေးတဲ့လူမရှိလောက်တော့ပါဘူး”ဟုယင်းကသုံးသပ်ပြောဆိုသည်။
သို့သော် တံတားချဉ်းကပ် တောင်ကမ်းပါးရံ ပြိုကျမှုကို တွေ့ရှိသူတွေက ကယ်ဆယ်နိုင်လိုက်တဲ့ လူနှစ်ယောက်အပြင် သုံးဘီဆိုင်ကယ်တစ်စီး မြေကြီးအောက်တွင်ရှိနေသေးသည်ဟု တံတားအနီးရှိမျက်မြင်တွေ့ရှိသူတဦးက ပြောပါသည်။
ထိုသို့ မြေပြိုမှုအောက်တွင် ပိတ်မိနေသူများကို ဘတ်ဖိုး ၃စီးမြေသယ်ယာဉ်များစွာဖြင့် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးက ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ကနဦးသတင်းများအရ ထိခိုက်သေဆုံးမှုများကို လောလောဆယ် အတိအကျမပြောနိုင်သေးပဲ ကယ်ဆယ်ရေဆက်လက်လုပ်ဆောင်နေကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မင်းဘူးတိုးဂိတ်အနီး တောင်ကမ်းပါးရံမြေပြိုမှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
13:40
Rating:
