ကန်နဲ့ ကျူးဘား နှစ် ၅၀ အတွင်း ပထမကြိမ် တွေ့ဆုံကြ

အမေရိကန် သမ္မတ ဘာရက် အိုဘးမား ပနားမားမြို့ကို ရောက်ရှိလာစဉ် (Credit: AFP) 
 အမေရိကန်နဲ့ ​ကျူးဘား ​နိုင်ငံခြားရေး ​ဝန်ကြီးတို့  ​ပနားမားမြို့မှာ ​တွေ့ဆုံနေကြပြီး ​ဒါဟာ ​နှစ်ပေါင်း ​၅၀ ​ကျော်အတွင်း ​ပထမဆုံးအကြိမ် ​နှစ်နိုင်ငံ ​အကြီးအကဲတွေ ​တွေ့ဆုံကြမှာ ​ဖြစ်ပါတယ်။

အမေရိကန် ​နိုင်ငံခြားရေး ​ဝန်ကြီး ​John ​Kerry ​က ​ကျူးဘား ​နိုင်ငံခြားရေးဝန်ကြီး ​Bruno ​Rodriguez ​နဲ့ ​တွေ့ဆုံတာ ​ဖြစ်ပါတယ်။

အမေရိကန် ​စံတော်ချိန် ​ကြာသပတေးညမှာ ​တွေ့ဆုံကြတာ ​ဖြစ်ပြီး ​အခုအချိန် ​ကတော့ ​မြန်မာနိုင်ငံမှာ ​သောကြာနေ့ ​ဖြစ်နေတာပါ။

အမေရိကန်က ​ကျောထောက်နောက်ခံ ​ပြုထားတဲ့ ​အာဏာရှင် ​Fulgencio ​Batista ​ကို ​တိုက်ထုတ်ကြပြီး ​တော်လှန်ရေးခေါင်းဆောင် ​Fidel ​Castro ​က ​၁၉၅၉ ​ခုနှစ်တုန်းက ​အာဏာသိမ်းပိုက်ကတည်းက ​အမေရိကန်နဲ့ ​ကျူးဘားနိုင်ငံအကြား ​ဆက်ဆံရေး ​တင်းမာလာခဲ့ပါတယ်။

ဒါပေမဲ့လည်း ​အမေရိကန် ​သမ္မတ ​ဘာရက် ​အိုဘားမားက ​ကျူးဘား ​သမ္မတနဲ့ ​အစည်းအဝေးတစ်ခုမှာ ​တွေ့ဆုံမှု ​လုပ်ခဲ့ပြီးတဲ့နောက် ​အခုလို ​သံတမန် ​တံခါးတွေ ​ပွင့်လာတာ ​ဖြစ်ပါတယ်။

အမေရိကန်က ​ကျူးဘားနိုင်ငံကို ​အကြမ်းဖက်တဲ့ ​နိုင်ငံ၊ ​အကြမ်းဖက် ​သမားတွေကို ​ထောက်ပံ့တဲ့ ​နိုင်ငံလို့ ​အမြဲတမ်း ​ထည့်သွင်းထားတာကို ​ပယ်ဖျက်ဖို့ ​အချိန်တန်ပြီလို့လည်း ​အမေရိကန် ​သမ္မတကို ​အကြံပေးနေကြပါတယ်။

အမေရိကန်က ​၁၉၈၂ ​ခုနှစ်ကတည်းက ​ကျူးဘားကို ​အကြမ်းဖက်သူကို ​ထောက်ပံ့တဲ့ ​နိုင်ငံရဲ့ ​စာရင်းထဲ ​ထည့်သွင်းခဲ့တာ ​ဖြစ်ပါတယ်။

အခုအခါမှာ ​အဲဒီ ​စာရင်းထဲကနေ ​ပယ်ဖျက်လိုက်မယ်ဆိုရင် ​အမေရိကန်နဲ့ ​ကျူးဘားအကြား ​တင်းမာနေတဲ့ ​သံတမန် ​ဆက်ဆံရေး ​ပျော့ပျောင်းသွားအောင် ​အများကြီး ​လုပ်ဆောင်ပေးစေမှာ ​ဖြစ်ပြီး ​နှစ်နိုင်ငံအကြား ​သံရုံးတွေ ​ပြန်လည် ​ထားရှိနိုင်မယ့် ​အခြေအနေရှိမယ်လို့ ​သုံးသပ်ကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကန်နဲ့ ကျူးဘား နှစ် ၅၀ အတွင်း ပထမကြိမ် တွေ့ဆုံကြ  ကန်နဲ့ ကျူးဘား နှစ် ၅၀ အတွင်း ပထမကြိမ် တွေ့ဆုံကြ Reviewed by သစ်ထူးလွင် on 13:31 Rating: 5
Powered by Blogger.