နေအိမ်မီးလောင်၍ လသားကလေးသေဆုံး


 ရန်ကုန် ဧပြီ ၈

 ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက် ပင်လုံအိမ်ရာဝင်း(၁)လမ်း အမှတ်(၄)ဦးသန်းတင်နေအိမ်၌ ဧပြီ ၆ ရက် နံနက် ၆ နာရီခွဲက မီးလောင်မှုကြောင့် လသားအရွယ် ကလေးငယ်တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ရန်ကုန်အရှေ့ပိုင်းခရိုင် အိမ်ရှင် ဦးသန်းတင် နေအိမ်အောက်ထပ်၌ အဲကွန်းမှ သွယ်တန်းထားသော ဝိုင်ယာကြိုး အပူလွန်ကဲ၍ ဆက်သွယ်ထားသော ဆော့ဖ်ဂတ်အပူရှိန်လွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့သည်။

 သင်္ဃန်းကျွန်းမြို့နယ် မီးသတ်ဦးစီးဌာနက ယင်းနေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် မီးလောင်မှုသတင်းရရချင်း အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပဇုန်နယ်မြေမှ မီးသတ်ယာဉ် ၁ဝ စီး ရေသယ်ယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ်သုံးစီး၊ လူနာတင်အထောက်အကူပြုယာဉ် ငါးစီးတို့ဖြင့် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသော်တာတို့ ဦးဆောင်၍ တောင်ဥက္ကလာပဇုန်မှူး၊ သင်္ဃန်းကျွန်း မီးသတ်ဦးစီးမှူး ခင်မောင်မြင့်နှင့် သန္ဓေတပ်ဖွဲ့ဝင်အင်အား ၆၂ ဦး၊ အရန်မီးသတ်အင်အား ၇ဝ တို့ဖြင့် ငြှိမ်းသတ်ကြရာ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်ရာတွင် နေအိမ်အပေါ်ထပ် အိပ်ခန်း၌ သိပ်ထားသော ငါးလအရွယ်သမီးငယ် မမေသက်ထွန်းမှာ မီးခိုးမွှန်(ယူဆရ) ၄င်းအား အသက် ကယ်နိုင်ရန် အရှေ့ပိုင်းခရိုင် ကြက်ခြေနီတပ်ရင်းမှူး ဦးကျော်ဇော၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထွေးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် များက မြောက်ဥက္ကလာပ ကလေးဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်ကုသ သော်လည်း ကလေးမှာ လမ်း၌သေဆုံးသွားခဲ့သည်။ နေအိမ်မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင် ဦးသန်းတင်အား သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေ ရဲစခန်းက အမှုဖွင့်၍ အရေးယူဆောင်ရွက်လျက်ရှိသည်။ (ဝ၂၅)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နေအိမ်မီးလောင်၍ လသားကလေးသေဆုံး  နေအိမ်မီးလောင်၍ လသားကလေးသေဆုံး Reviewed by သစ်ထူးလွင် on 03:56 Rating: 5
Powered by Blogger.