မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန် ကြေညာချက်အား ကန့်ကွက် ခြင်း


၁။       မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၏ ၉-၄-၂၀၁၅  ထုတ် နိုင်ငံပိုင် သတင်းစာများပါ သတင်းထုတ်ပြန် ကြေညာချက်မှာ မှားယွင်းနေပါသဖြင့် သက်ဆိုင်သူ ကျွန်တော် ဦးဆလိုင်းခွဲယန်က ကိုယ်တိုင်ကန့်ကွက်ပါသည်။

၂။       သတင်းထုတ်ပြန် ကြေညာချက်တွင် ဖော်ပြ သကဲ့သို့ အမျိုးသား လွှတ်တော်တွင် ၈-၄- ၂၀၁၅ နေ့၌ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစည်းအဝေး ကျင်းပခြင်းလည်း လုံးဝမရှိပါ။ အမျိုးသား လွှတ်တော်တွင် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ ဟူ၍ဖွဲ့စည်းထားခြင်း လည်းမရှိပါ။  ပြည်သူ့ငွေစာရင်း ကော်မတီသာ လျှင်ရှိပါသည်။

၃။       ၈-၄-၂၀၁၅ ရက် အမျိုးသားလွှတ်တော် အစည်းအဝေး၌သာ လုပ်ငန်းဆောင်ရွက်မှုမပြီးစီး
သေးဘဲ သက်ဆိုင်ရာဌာနက ၁၀၀% ပြီးစီးသည်ဟူ၍  ပြည်သူ့ငွေစာရင်း ကော်မတီသို့  တင်ပြထား
သောကြောင့် ကော်မတီ၏ အစီအရင်ခံစာပါ နောက်ဆက်တွဲ (ခ-၄) ကို ထောက်ပြ ဆွေးနွေးခြင်း ဖြစ်ပါသည်။ သက်ဆိုင်ရာ ၀န်ကြီးဌာနကို အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

၎။       ပလက်ဝမြို့နယ်က ၁၀၀% မပြီးစီးသေးသော ဘေလီတံတား ကိစ္စ ဆွေးနွေးတင်ပြရာတွင် မွေးမြူရေး ၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဟူ၍ ထည့်သွင်း ဆွေးနွေးခြင်း လုံးဝလုံးဝမရှိပါ။ လွှတ်တော်မှတ်တမ်း ၏ (အသံ /ဗွီဒီယို ) ဖြင့်တိုက်ဆိုင် စစ်ဆေးနိုင်ပါသည်။

၅။       ပရိုဂျက်တာဖြင့် တင်ပြသော ဓာတ်ပုံများမှာ ၄-၄-၂၀၁၅ ရက်ကာလ၏ မြေပြင်အခြေအနေ
အမှန်ကို ရိုက်ကူးထားသော မှတ်တမ်းပုံများ အစစ်အမှန်ဖြစ်ပါသည်။  မှားယွင်းစွာဖော်ပြ ဆွေးနွေးခြင်း လုံးဝ လုံးဝမဟုတ်ပါ။  မိမိ၏ ဆွေးနွေးတင်ပြမှုကို တာဝန်ယူ တာဝန်ခံပါသည်။

ဦးဆလိုင်းခွဲယန်၊  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၊ ပလက်ဝမြို့နယ်
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန် ကြေညာချက်အား ကန့်ကွက် ခြင်း   မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန် ကြေညာချက်အား ကန့်ကွက် ခြင်း Reviewed by သစ်ထူးလွင် on 14:37 Rating: 5
Powered by Blogger.