နတ်မောက် ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး နတ် မောက်မြို့နယ် ကျောက်တန်းအုပ်စု ရွာသစ်ကြီးကျေးရွာ၌ ယမန်နေ့ က ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွား ခဲ့ရာ ရွာသူ ရွာသား ၉၂ ဦး ဆေး ကုသမှုခံယူလျက်ရှိကြောင်း သိရ သည်။
အဆိုပါ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားသူများကို ရွာသစ် ကျေးရွာအနီးရှိ ပျော်ဘွယ်မြို့နယ် ညောင်ကုန်းကျေးရွာ တိုက်နယ် ဆေးရုံသို့ ၁၆ ဦးကို လည်းကောင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ရွာသစ် ကျေးရွာရှိ ၆၇ ဦးကို ကျေးရွာတွင် လည်းကောင်း အနီးကပ် ကုသပေးလျက်ရှိရာ ကျန် လူနာကိုးဦးကို မြို့နယ် ကျန်းမာရေး ဦးစီးမှူး၏ ကြီးကြပ်ညွှန်ကြားမှု ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ က အနီးကပ် ကုသပေးလျက်ရှိ ကြောင်း သိရသည်။
နတ်မောက်မြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသခံ ယူနေသော ရွာသစ်ကျေးရွာ ဝမ်းပျက် ဝမ်းလျှောရောဂါရှိသူလူနာ ကိုးဦးကို ဧပြီ ၂၂ ရက်က မကွေးတိုင်းဒေသ ကြီး လူမှုရေးဝန်ကြီး ဦးအောင်ကျော် မင်းက ထောက်ပံ့အလှူငွေများပေး အပ်ခဲ့ကြောင်း သိရသည်။
လှဝင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နတ်မောက်မြို့နယ် ရွာသစ်ကျေးရွာတွင် ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
10:41
Rating: