နေပြည်တော်အစိုးရ အာဏာအလွှဲသုံးစားလုပ်နေဟု ကိုးကန့်အတွင်းရေးမှူးတုန့်ပြန်

ဧပြီ ၁၀ ရက် ၂၀၁၅

ဦးဖုန်ကြားရှင်း ဦးဆောင်သည့် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ အတွက် ပြောရေးဆိုခွင့်တာဝန်ထမ်းရွက် နေသူ ဦးထွန်းမြတ်လင်း အား နေပြည်တော်အစိုးရမှ ဖမ်းဝရမ်းထုတ်ထားမှုနှင့်ပတ်သက်၍ ‘နေပြည် တော်အစိုးရကသာ အာဏာအလွှဲသုံးစားလုပ်နေသူ’ ဟု ဦးထွန်းမြတ် လင်းက တုန့်ပြန်လိုက် သည်။

MNDAA ကိုးကန့်ဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်းသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ကို ထိန်းသိမ်းစောင့်ရှောက်သော တပ်မတော်၏ လုပ်ငန်းကိစ္စရပ်များ ပျက်ပြားစေရန် ရည် ရွယ်ပြီး မဟုတ်မမှန်သတင်းစကား များဖြန့်သည်ဟုဆိုကာ အထူးစစ်ခုံရုံးက အရေးပေါ်စီမံချက် အက်ဥပဒေ ၅ က၊ ၅ ခ ကျင့် ၅၁၂ ဖြင့် ဖမ်းဝရမ်းထုတ်ပြန်သည်ဟု သျှမ်းပြည်နယ်ရဲ တပ်ဖွဲ့ကပြောပါသည်။

၎င်းနှင့် ပတ်သက်၍ ဦးထွန်းမြတ်လင်းက “ဒီမိုကရေစီဆိုကတည်းက လွတ်လပ်စွာပြောဆိုခွင့် ဆိုတာ ရှိရမှာပေါ့။ နောက်ပြီး ကျနော်ပြော တဲ့ဟာအမှန်ကန်တွေဘဲ။ မဟုတ်မမှန်ပြောတာသူတို့ပါ၊ သူတို့ မီဒီယာပါ။ အဲဒါကျတော့ ဘာလို့တရား မစွဲတာလဲမသိဘူး၊ ဒါပေမယ့်မဆန်းပါ ဘူး၊ တော်လှန်ရေး ကာ လ မှာတော့ ဒီလိုပါဘဲ။ သူတို့က အာဏာကိုင် ထားတယ်ဆိုတော့ အာဏာအလွှဲသုံးစား လုပ်နေ တာက ခဏခဏပါဘဲ” ဟု သျှမ်းသံတော်ဆင့်အား ပြောဆိုသည်။

ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေးကြေငြာပြီးသည့်နောက်ပိုင်း ဖမ်းဆီးအရေး ယူမှုများလည်း ဆက်တိုက်ရှိလာနေကြောင်း ကွန်လုံရောက်လောက် ကိုင်ဒေ သ ခံ အားဖန်ကပြောသည်။

ယနေ့တိုင် ကိုးကန့်ဒေသတွင် အစိုးရတပ်မတော်နှင့်ကိုးကန့်တပ်ဖွဲ့အကြား တိုက်ပွဲများဆက်လက် ဖြစ်ပွါးနေသေးကြောင်း၊ အစိုးရတပ်မတော်ဘက်မှ အကျအဆုံးများပြားကြောင်း ဦးထွန်းမြတ်လင်း ကဆက်လက်ပြောပြသည်။
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်လက်မခံသည့် ဖုန်ကြားရှင်း ဦးဆောင်သော ကိုးကန့်တပ် ဖွဲ့အား ၂၀၀၉ ခုနှစ်က မြန်မာစစ်အစိုးရက အင်အားသုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၎င်းဒေသအား အစိုးရ လက်အောက်ခံ ပိုင်ဆုံချိန်အား လွှဲအပ်ပေးခဲ့သည်။ဖုန်ကြားရှင်းကိုယ်တိုင်လည်း မွေးရပ်မြေမှ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ၆ နှစ်တာကာလအတွင်း အင်အားပြန်လည် စုစည်း ကာ အစိုးရ၏ တပ်မတော်ကို ယခုကဲ့သို့ ပြန်လည်တိုက်ခိုက်လာခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

Photo- ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးထွန်းမြတ်လင်း (ဓါတ်ပုံ-.7daydaily)

နေပြည်တော်အစိုးရ အာဏာအလွှဲသုံးစားလုပ်နေဟု ကိုးကန့်အတွင်းရေးမှူးတုန့်ပြန် နေပြည်တော်အစိုးရ အာဏာအလွှဲသုံးစားလုပ်နေဟု ကိုးကန့်အတွင်းရေးမှူးတုန့်ပြန် Reviewed by သစ်ထူးလွင် on 13:43 Rating: 5
Powered by Blogger.