ဟီလရီကလင်တန် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင် ဟီလရီ ကလင်တန်ဟာ သမ္မတဟောင်း Bill Clinton ရဲ့ ဇနီးဖြစ်ပါတယ်။ (Credit: AFP) 
 အမေရိကန်နိုင်ငံမှာ ​၂၀၁၆ ​ခုနှစ်ကြရင် ​ကျင်းပမယ့် ​သမ္မတ ​ရွေးကောက်ပွဲမှာ ​ဒီမိုကရက်တစ် ​ပါတီ ​ကိုယ်စားလှယ်အဖြစ် ​ဝင်ရောက်အရွေးမယ့်အကြောင်း ​ဟီလရီကလင်တန် ​က ​ကြေညာဖို့ ​ရှိတယ်လို့ ​သတင်းစာ ​တစ်ခုမှာ ​ရေးသားထားပါတယ်။

နယူးယောက်ဒေးလီး ​သတင်းအရ ​အမေရိကန် ​နိုင်ငံခြားရေး ​ဝန်ကြီးဟောင်း ​ဟီလရီကလင်တန်က ​သမ္မတ ​ရွေးကောက်ပွဲမှာ ​ဝင်ရောက် ​ယှဉ်ပြိုင်မယ့်အကြောင်းကို ​ဒီလာမယ့် ​တနင်္ဂနွေနေ့မှာ ​ကြေညာဖို့ ​ရှိတယ်လို့ ​ဖော်ပြထားပါတယ်။

ဗီဒီယိုနဲ့ ​လူမှု ​ကွန်ယက် ​ဝဘ်ဆိုက်တွေကနေတဆင့် ​ကြေညာမှာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ဟီလရီ ​ကလင်တန်ဟာ ​အရင်တစ်ခေါက်မှာ ​ပြုလုပ်တဲ့ ​သမ္မတ ​ရွေးကောက်ပွဲတုန်းကလည်း ​ဝင်ပြိုင်ခဲ့ပေမယ့် ​ရှုံးနိမ့်ခဲ့ပါတယ်။

ပြိုင်ဘက်ဖြစ်သူ ​ဘာရက် ​အိုဘားမားက ​အနိုင်ရရှိပြီးတဲ့နောက် ​ဟီလရီ ​ကလင်တန်ကို ​နိုင်ငံခြားရေး ​ဝန်ကြီးအဖြစ် ​တင်မြောက်ခဲ့ပါတယ်။

ဒီမိုကရက်တစ် ​သမ္မတလောင်းအဖြစ် ​ဝင်ပြိုင်ဖို့ ​ဟီလရီကလင်တန်က ​စီစဉ်နေသလို ​အတိုက်အခံ ​ရီပါပလေကန် ​ပါတီက ​သမ္မတလောင်း ​နှစ်ယောက်ကလည်း ​ဝင်ရောက် ​အရွေးခံမယ်လို့ ​ထုတ်ဖော်ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဟီလရီကလင်တန် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်  ဟီလရီကလင်တန် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ် Reviewed by သစ်ထူးလွင် on 13:34 Rating: 5
Powered by Blogger.