အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေမှာ ထောင်ဒဏ်တွေ ထည့်သွင်းပေးဖို့ ရန်ကုန်တိုင်း ဒေသကြီးက အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၂၀၀ ကျော်က တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်းရှိ လူထုဟစ်တိုင်မှာ ဒီကနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
ဆန္ဒပြ အလုပ်သမားတွေက ပြည်ထောင်စု လွှတ်တော်က အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်ပြီး ထောင်ဒဏ်တွေ ထည့်သွင်းပေးဖို့ ၊ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေကို လျော်ကြေးပေးပြီး အလုပ်မထုတ်ဖို့နဲ့ အလုပ်သမား အရေးကို လွှတ်တော် ကိုယ်စားလှယ်တွေက ဆောင်ရွက်ပေးဖို့ စတာတွေကို တောင်းဆို ခဲ့ကြပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
Photo : Kyaw Zaw Win , Kyaw Lwin Oo / RFA

အလုပ်သမားသမဂ္ဂတွေ ရန်ကုန်မှာ ဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
14:07
Rating: