မန်ယူနှင့်မကစားမီ လက်စတာအသင်းကို သံဃာတော်များ ဆုတောင်းပေးခဲ့ဟုဆို

အင်္ဂလန် ပရီးမီးယားလိဂ်က လက်စတာစီးတီး ဘောလုံး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်းနဲ့ မကစားမီ သူတို့ရဲ့ ကင်းပါဝါကွင်းမှာ သံဃာတော်တပါးက ဆုတောင်း ပေးခဲ့ပါတယ်။

မန်ယူကို ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ယူအပြီးမှာ ဂိုးတွေသွင်းယူပေး တဲ့ ဒေးဗစ်နျူးဂျင့်နဲ့ ဂျေမီးဗာဒီ တို့ဟာလည်း ဗုဒ္ဓပုံပါတဲ့ ဆွဲကြိုးတွေကို ဆွဲထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အသင်းမန်နေဂျာကလည်း သံဃာတော်ကို အပတ်စဉ် လာဖို့ ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။ သံဃာတော်တွေကို မကြာ ခဏမြင်တွေ့ ဖို့ မျှော်လင့်တယ်လို့လည်း နျူးဂျင့်က ပြောပါတယ်။

lကလပ်အသင်းပိုင်ရှင် ထိုင်းလူမျိုးက ရာသီမစင်တင်မီ ၁ ပတ်မှာ ဆရာတော်တွေကို အာရှတိုက် ကနေ ခေါ် ယူခဲ့ပြီး လေ့ကျင်းရေးကွင်းမှာ မဏ္ဍပ်တွေ ထိုးကာ ဆုတောင်း ရွတ်ဖတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဗာတန်၊ အာဆင်နယ်နဲ့ မန်ယူတို့ကို လက်စတာအသင်းက အိမ်ကွင်းမှာ မရှုံးခဲ့သေးပါဘူး။ မေလက အသင်းသားတွေဟာ ဘန်ကောက်က ဒီသံဃာတော်တွေရဲ့ ကျောင်းကို သွားရောက် လည်ပတ်ခဲ့ပါတယ်။

လက်စတာအသင်းဟာ အခုဆိုရင် အမှတ်ပေးဇယားမှာ နံပတ် ၈ နေရာမှာ ရပ်တည်နေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/65780


မန်ယူနှင့်မကစားမီ လက်စတာအသင်းကို သံဃာတော်များ ဆုတောင်းပေးခဲ့ဟုဆို မန်ယူနှင့်မကစားမီ လက်စတာအသင်းကို သံဃာတော်များ ဆုတောင်းပေးခဲ့ဟုဆို Reviewed by သစ်ထူးလွင် on 15:19 Rating: 5
Powered by Blogger.