မန္တလေး သြဂုတ် ၂၈
မြန်မာနိုင်ငံ သဘင်အစည်းအရုံးဥက္ကဋ္ဌ(ဗဟို) ဦးမြကြည်အား ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်ပေးရန် မန္တလေးတိုင်း အတွင်းရှိ သဘင်ပညာရှင်များ ယနေ့ ဆန္ဒထုတ်ဖော်ခဲ့သည်။
ဥက္ကဋ္ဌဦးမြကြည်၏ လုပ်ဆောင်ပြောဆိုမှုများသည် သဘင်ပညာရှင်များ၏ သဘောဆန္ဒမပါပဲ တစ်ဦးတစ် ယောက် သဘောဆန္ဒဖြင့် လုပ်ဆောင်နေသောကြောင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ် ပြီးသဘင်ညီလာခံ အမြန်ဆုံး လုပ်စေလိုကြောင်း သဘင်ပညာရှင် တစ်ဦးဖြစ်သူ ဇာတ်မင်းသားကိုဝင်းနောင်က ပြောသည်။
“ညီလာခံခေါ်ပြီးတော့တကယ်လုပ်ပေးစေချင်တယ်၊ ကျွန်တော်တို့သဘင်လူထုရဲ့အခက်အခဲတွေအားလုံး တကယ်လုပ်ပေးရင်တော့ကောင်းတယ် ခေါ်ပြီးလုပ်မပေးရင်တော့အလကားပဲ၊ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်တာ ကိုတုံ့ပြန်မှုမရှိရင် ဥက္ကဋ္ဌ မထွက်မခြင်း ဆက်လုပ်သွားမှာပါ” ဟုလည်း ကိုဝင်းနောင်က ပြောသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးမြကြည် ကိုနှုတ်ထွက်ပေးရန် အထက်မြန်မာပြည်သဘင်ပညာရှင်များ ဆန္ဒပြုလက်မှက်ထိုးထားသည့် လက်မှက်ပေါင်း ၂၅၀၀ ကျော်ရရှိထားပြီးဖြစ်ကြောင်း ဆန္ဒပြရာတွင်ပါဝင်သူ ဆိုင်းပညာရှင်ဦးစိန်မွတ်တားကပြောသည်။
“တစ်နိုင်ငံလုံးရဲ့ဥက္ကဋ္ဌဖြစ်ပြီးတော့ နှုတ်ထွက်မဆင်ခြင်လို့ သဘင်ထုတစ်ရပ်လုံးက အုံကြွသွားတာပါ၊ (သဘင်ဟာအထက်တန်းကျပါတယ်..သဘင်ပညာရှင်တွေရဲ့စိတ်ဓာတ်က အောက်တန်းကျပါတယ်) နောက်ပြီး ၄၃၆ လက်မှက်ထိုးဖို့ကိစ္စမှာ သဘင်ထုတစ်ရပ်လုံးပါဝင်မှာမဟုတ်ဘူးလို့ မဆင်မခြင်ပြောခဲ့တယ်၊ သူတစ်ဦးထဲ တစ်ယောက်ထဲဆန္ဒနဲ့ သဘင်ထုတစ်ရပ်လုံးကိအသုံးချလိုက်တာပဲ” ဟုလည်း ဦးစိန်မွတ်တားကပြောသည်။
ဆန္ဒထုတ်ဖော်သူသဘင်ပညာရှင် ၁၀၀ ကျော်ရှိပြီး နံနက် ၉ နာရီမှစတင်ကာ ၄၁လမ်း လောကနက်ခန်းမမှ ချီတက်ဆန္ဒပြခဲ့သည်။
ဘုန်းလျှံမင်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf

မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးမြကြည် နှုတ်ထွက်ပေးရေးဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
17:09
Rating: