ရန်ကုန်၊ သြဂုတ် ၂၈
၂၇.၈.၂၀၁၄ ရက်နေ့ ၀၁၁၅ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းအတိုင်း (၈)မိုင်ဘက်မှ (၉)မိုင် ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ မြို့နယ်နေ ယာဉ်မောင်း ပြည့်စုံအောင်(၂၃)နှစ် မောင်းနှင်လာသည့် 9F ---- လင့်ခရူဇာ ကိုယ်ပိုင်ယာဉ်သည် ၀ဇ္ဇာလမ်းသွယ်ထိပ်အနီးအရောက်တွင် အရှိန်လွန်ကာ လမ်း၏ယာဘက်လမ်းစပ်၌ရပ်ထားသော 6G ----- တိုယိုတာ
မတ်တူး ကိုယ်ပိုင်ယာဉ် အားတိုက်မိခဲ့ပြီး တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ ဓါတ်တိုင်၊ တယ်လီဖုန်းတိုင်၊ ပလက်ဖောင်း၊ ရပ်ထားသော CC ---- မတ်တူး အငှားယာဉ်နှင့် ထမင်းကြော်ဆိုင်တို့ကို ဆက်လက်တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်(၃)စီး၊ တယ်လီဖုန်းတိုင်၊ ဓါတ်တိုင်နှင့် ထမင်းကြော် ဆိုင်တို့ပျက်စီးခဲ့ပြီး 9F--- ယာဉ်ပေါ်ပါ ကိုသန်းဇော်ဦးတွင် သွားကျိုး၊ နဖူးဖူးရောင် ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်ကုသခဲ့ရ ပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ပြည့်စုံအောင်အား မရမ်းကုန်းမြို့မရဲစခန်း ယာဉ်(ပ)၈၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

အရှိန်မထိန်းနိုင်သောယာဉ်မှ ယာဉ်တိုက်မှုဖြစ်ပြီး (၁)ဦးဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
18:08
Rating: