လျှပ်စစ်မီတာ နေ့ချင်းပြီး တပ်ဆင်ပေးမည်

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေနဲ့ လျှပ်စစ်ဓာတ်အား အသုံးပြုလိုသူတွေကို သတ်မှတ်ချက် တွေနဲ့ ပြည့်စုံရင် အိမ်သုံးကို နေ့ချင်းပြီး စက်မှုသုံး ပါဝါမီတာကို ၅ ရက်အတွင်းနဲ့ ထရန်စဖော်မာ တပ်ဆင်လို သူတွေကိုတော့ ၁ လအတွင်း တပ်ဆင်ပေးနေတယ်လို့ ဇူလိုင် ၁၈ ရက်နေ့က ကြေညာပါတယ်။

တပ်ဆင်ခ အနေနဲ့ အိမ်သုံး မီတာ တပ်ဆင်သူတွေဟာ မီတာသတ်မှတ်ကြေး ၆ သောင်းခွဲ အပါအ၀င် စုစုပေါင်း ကျပ် ၉ သောင်း ကျသင့်မှာ ဖြစ်ပါတယ်။

အိမ်သုံး ပါဝါမီတာ အတွက် ၁၀ ကီလိုဝပ်ကို ကျပ် ၈ သိန်း ခွဲနီးပါး၊ ၂၀ ကီလိုဝပ် ၁၀ သိန်း ၅ သောင်း၊ ၃၀ ကီလိုဝပ် ၁၂ သိန်း ၅ သောင်းနီးပါး ကျသင့်မှာ ဖြစ်ပါတယ်။

ထရန်စဖော်မာ တပ်ဆင်မယ့် သူတွေအတွက်ကိုတော့ ကီလိုဝပ် ၅၀ ပမာဏ ကို ကျပ် ၂၁ သိန်းကနေ ကီလိုဝပ် ၃ သောင်း အတွက် ကျပ်ငွေ သိန်းပေါင်း ၄၈၀၀ ပေးသွင်းရမယ်လို့ ဖော်ပြထားပါတယ်။

စက်မှုသုံး ပါဝါမီတာနဲ့ ထရန်စဖော်မာ တပ်ဆင်မယ့်သူတွေအနေနဲ့ ၀န်ကြီးဌာန ထောက်ခံချက်တော့ လိုတယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/60684


လျှပ်စစ်မီတာ နေ့ချင်းပြီး တပ်ဆင်ပေးမည်  လျှပ်စစ်မီတာ နေ့ချင်းပြီး တပ်ဆင်ပေးမည် Reviewed by သစ်ထူးလွင် on 17:09 Rating: 5
Powered by Blogger.