မြေစာပုံမှကျောက်ခဲများရွေးနေစဉ် ပြိုကျပိမိ၍သေဆုံး

နေပြည်တော်၊ ဇူလိုင် ၂၀

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဟာမြင်းကြီးကျေးရွာရှိ ““ငွေထွန်းတောက်””ကုမ္ပဏီတွင် အလုပ်သမား(၁)ဦး မြေပိ၍ သေဆုံးကြောင်း သတင်းအရ ပကာရီရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ အဆိုပါကုမ္ပဏီမှနေ့စားအလုပ်သမားဖြစ်သော မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ စခန်းကြီးကျေးရွာနေ ငယ်ကျော်(ခ)ကျော်ကျော်(၃၅)နှစ်အား ယာပါးပြင်/ပခုံး/လက်ဖျံ/၀ဲတံတောင် ပေါက်ပြဲ၊ ၀ဲခြေသလုံးရိုး/ယာခြေသန်းကျိုးဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည်။

 စစ်ဆေးချက် အရ ယင်းနေ့ နံနက် ၄ နာရီအချိန် ငယ်ကျော်(ခ)ကျော်ကျော်နှင့် အခြားအလုပ်သမားများသည် ကုမ္ပဏီသတ္တုတွင်း၌ မြေစာပုံအတွင်းမှ ကျောက်ခဲများရွေးနေစဉ် မြေစာပုံပြိုကျပိမိခဲ့သဖြင့် ငယ်ကျော်(ခ) ကျော်ကျော်မှာ ဒဏ်ရာများရရှိပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် ထားဝယ်မြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၈/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096



မြေစာပုံမှကျောက်ခဲများရွေးနေစဉ် ပြိုကျပိမိ၍သေဆုံး  မြေစာပုံမှကျောက်ခဲများရွေးနေစဉ် ပြိုကျပိမိ၍သေဆုံး Reviewed by သစ်ထူးလွင် on 17:13 Rating: 5
Powered by Blogger.