ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ယာဉ်(၆)စီးဆင့်တိုက်မှုဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၉

၁၈.၇.၂၀၁၄ရက်နေ့ ၁၀၄၅အချိန် ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း အတိုင်း မြောက်မှတောင်သို့ မရမ်းကုန်းမြို့နယ်နေ ပြင်သစ်နိုင်ငံသား ဖြစ်သူ ယာဉ်မောင်း Mr.Liuse Emiluen Canard မောင်းနှင် လာသော 6F--- မစ်ဆူဘီရှီ ပါဂျဲရိုး ကိုယ်ပိုင်ယာဉ်သည် တက္ကသိုလ်ရိမ်သာလမ်းဆုံအရောက် ၎င်း၏ ရှေ့မှ မောင်းနှင်နေသော 5E--- ဘွန်ဂိုလိုက်ထရပ် ကိုယ်ပိုင်ယာဉ်နှင့် လမ်းလယ်ကျွန်း တို့ကိုတိုက်မိကာ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ 3C--- ဂျက်တာအငှားယာဉ်၊ 9C---ဟိုင်းလပ် ဆာ့ဖ်ကိုယ်ပိုင်ယာဉ်၊ စ/---- ဝီလီဂျစ် ကိုယ်ပိုင်ယာဉ်နှင့် ကက/---- ဗင်အငှားယာဉ်တို့ကို ဆက်လက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်(၆)စီးပျက်စီးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း Mr.Liuse Emiluen Canard အား ဗဟန်းမြို့မ ရဲစခန်း ယာဉ်(ပ)၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ယာဉ်(၆)စီးဆင့်တိုက်မှုဖြစ်  ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ယာဉ်(၆)စီးဆင့်တိုက်မှုဖြစ် Reviewed by သစ်ထူးလွင် on 20:54 Rating: 5
Powered by Blogger.