တာမွေမြို့နယ်၊ မအူကုန်းလမ်းတွင် ယာဉ်(၁၁)စီး တိုက်မိမှုဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၉

 ၁၈.၇.၂၀၁၄ ရက်နေ့ ၂၀၄၅ အချိန်တွင် တာမွေမြို့နယ်၊ မအူကုန်းလမ်းအတိုင်း အရှေ့မှအနောက်သို့ တာမွေမြို့နယ်နေ မောင်ဇေယျာသိန်းမြင့်မောင်းနှင် လာသည့် 6D---- ဟာရီယာ ကိုယ်ပိုင် ယာဉ်သည် (၁၃၃)လမ်းထိပ်အရောက် လမ်းဘေးတွင်ရပ်ထားသော 1E----MAZDA Diemo ကိုယ်ပိုင် ယာဉ်အား တိုက်မိပြီးမောင်းနှင်ထွက်ပြေးသွားခဲ့ရာ (၁၃၃)လမ်းနှင့် (၁၃၅)လမ်းကြား မအူကုန်းလမ်းပေါ်တွင် ရပ်ထားသော AA---- Caldena အငှားယာဉ်၊ BB---- Caldena အငှားယာဉ်၊ BB---- Pro box အငှားယာဉ်၊ 8B---- မိုက်ခရိုတက် ကိုယ်ပိုင်ယာဉ်၊ 2H---- Toyota Belta ကိုယ်ပိုင် ယာဉ်၊ 3G---- ဟွန်ဒါဖစ် ကိုယ်ပိုင်ယာဉ်၊ 3H---- ဟိုက်ဂျက် ကိုယ်ပိုက်ယာဉ်နှင့် ford ranger ကိုယ်ပိုင် ယာဉ်တို့အား ဆက်လက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၁၁)စီးပျက်စီးပြီး ယာဉ်မောင်း မောင်ဇေယျာသိန်းမြင့် တွင်နဖူး၊ ၀ဲပေါင်၊ ခြေသလုံးတို့၌ ဖူးရောင်နာကျင် ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်း မောင်ဇေယျာသိန်းမြင့်အား တာမွေမြို့မရဲစခန်း ယာဉ်(ပ)၃၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


တာမွေမြို့နယ်၊ မအူကုန်းလမ်းတွင် ယာဉ်(၁၁)စီး တိုက်မိမှုဖြစ်  တာမွေမြို့နယ်၊ မအူကုန်းလမ်းတွင် ယာဉ်(၁၁)စီး တိုက်မိမှုဖြစ် Reviewed by သစ်ထူးလွင် on 20:56 Rating: 5
Powered by Blogger.