ရန်ကုန်၊ မဇ္ဈိမ။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသ ဆည်တည်းကျေးရွာဟောင်းအနီးတွင် ဒေသခံများနှင့် အာဏာပိုင်များ မေလ ၁၈ရက် ည ၁၀နာရီခန့်မှ စကာ အခြေအနေ တင်းမာနေသည်ဟု ဆည်တည်းကျေးရွာဟောင်း ဆရာတော် ဥူးစန္ဒာသီရိက မိန့်သည်။
မေလ ၁၈ရက် ည ၁၀နာရီခန့်မှစတင်ကာ ယခု မေလ ၁၉ရက် နံနက် ၁နာရီ ၅၀ခန့်အထိ ဆည်တည်းရွာကို အာဏာပိုင်များက ဝိုင်းထားသည်။ ထိုနေရာတွင် အာဏာပိုင် ၁၈၀ခန့် ရှိမည်ဟု အခင်းဖြစ်ပွားရာ နေရာအနီး ရောက်ရှိနေသည့် မဇ္ဈိမသတင်းဌာန၏ အလွတ်တန်းသတင်းထောက် ကိုတိုးကြီးက ခန့်မှန်းသည်။
စတင်ဖြစ်ပွားပုံမှာ မေလ ၁၈ရက် နံနက် ၉နာရီခန့်က ဝမ်ပေါင်ကုမ္ပဏီမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေ ခြံစည်းရိုးတိုးချဲ့ခတ်နိုင်ရန် လုပ်ငန်းခွင် တရုတ်လူမျိုးတစ်ဦး၊ စကားပြန်တစ်ဦးနျင့် ယာဉ်မောင်းတစ်ဦးတို့ ဆားလင်းကြီးမြို့ ဆည်တည်းရွာဟောင်းသို့ ရောက်ရှိစဉ် ဒေသခံ ၇၀ခန့်က ဝိုင်းထားခဲ့ပြီး တရုတ်အပါအဝင် သုံးဦးကို ထိန်းသိမ်းထားခဲ့သည်။ ယင်းသို့ ထိန်းသိမ်းထားခြင်းကြောင့် တရုတ်နိုင်ငံသားအပါအဝင် သုံးဦးကို ပြန်လွှတ်ပေးရန် အာဏာပိုင်များက ဆည်တည်းရွာကို ဝိုင်းရံထားခြင်း ဖြစ်သည်ဟု အာဏာပိုင်များနှင့် ဆရာတော် ဥူးစန္ဒာသီရိထံက သိရသည်။
"တရုတ်သုံးယောက်ကို ပြန်မလွှတ်ပေးဘူးဆိုရင် လုံလောက်တဲ့ အင်အားကို အသုံးပြုပြီးတော့ တရုတ်သုံးယောက်ကို ကယ်တင်ရပါမယ်လို့ လာအကြောင်းကြားတယ်။ အဲဒီ့နောက်ပိုင်းအထိ သူတို့က ပြန်မလွှတ်ဘူး။ မလွှတ်တဲ့အတွက်ကြောင့် အခုအချိန်မှာ လုံလောက်တဲ့ အင်အားသုံးပြီးတော့ ရွာအနီးအနားမှာ ပြန်လည်ကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ကာလဖြစ်ပါတယ်"ဟု မဇ္ဈိမသတင်းဌာန၏ အလွတ်တန်းသတင်းထောက် ကိုတိုးကြီးက ပြောသည်။
အခြေအနေမှာ မေလ ၁၈ရက် ညနေပိုင်းတွင် ပိုမိုတင်းမာလာခြင်းဖြစ်ပြီး ထိုနေ့ နံနက်က ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုးကို အာဏာပိုင်များက ဖမ်းဆီးလိုက်ခြင်းကို ဒေသခံများက ကိုအောင်စိုးကို လွှတ်ပေးပါက တရုတ်များကိုလည်း လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်ဟုလည်း သိရသည်။ ယခု သတင်းရေးသားသည့် မေလ ၁၉ရက် နံနက် ၁နာရီ ၅၀ခန့်အထိ တရုတ်နိုင်ငံသားအပါအဝင် ဝမ်ပေါင်ဝန်ထမ်းသုံးဦးကို ဒေသခံများက ထိန်းသိမ်းထားဆဲဖြစ်ပြီး အာဏာပိုင်များကလည်း ဆည်တည်းရွာကို ဝိုင်းရံထားဆဲဖြစ်သည်။
ယင်းအပြင် အတည်မပြုနိုင်သေးသည့် သတင်းအရ ဆည်တည်းရွာနှင့် တစ်မိုင်ခန့်အကွာရှိ ကျောက်ဖြူတိုင်ရွာ၌ မေလ ၁၉ရက် ည ၁၀နာရီခန့်တွင် အာဏာပိုင်များက မျက်ရည်ယိုဗုံး သုံးလုံးခွဲခဲ့သည်ဟုလည်း အခြားသတင်းဌာနမှ အလွတ်တန်းသတင်းထောက် တစ်ဦးက မဇ္ဈိမကို တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။
ယင်းအခြေအနေများကြောင့် မုံရွာမြို့တွင်လည်း လုံခြုံရေး တင်ကြပ်ထားရသည်ဟု သိရသည်။
မဇ္ဈိမသတင်းဌာန
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ဆောင်ရန် လျော်ကြေးမယူထားသောယာခင်း များပေါ်တွင်ခြံစည်းရိုးခတ်ရန်အတွက်တိုင်များလာရောက်စိုက်နေသော ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်လူမျိုးနှင့်ကုမ္ပဏီမှသူများအား လက်ပန်တောင်း တောင်ဒေသခံများမှတားဆီးခေါ် ဆောင်ထား နံနက် ၁၀ နာရီဝန်းကျင်တွင်တားဆီးခေါ်ဆောင်ထား။ လျော်ကြေးမယူထားသော ယာခင်းများပေါ်တွင်ခြံစည်းရိုးခတ်ထားခြင်းအားဖယ်ရှားပေး။ ယနေ့ဖမ်းဆီးသွားသောရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုအောင်စိုးအားပြန်လွတ်ပေးရေးကိစ္စအားဖြေရှင်းပေးလျှင်ထိုလူများအား
ပြန်လွှတ်ပေးမည်ဟုသိရ။
မေလ ၁၈ရက် ည ၁၀နာရီခန့်မှစတင်ကာ ယခု မေလ ၁၉ရက် နံနက် ၁နာရီ ၅၀ခန့်အထိ ဆည်တည်းရွာကို အာဏာပိုင်များက ဝိုင်းထားသည်။ ထိုနေရာတွင် အာဏာပိုင် ၁၈၀ခန့် ရှိမည်ဟု အခင်းဖြစ်ပွားရာ နေရာအနီး ရောက်ရှိနေသည့် မဇ္ဈိမသတင်းဌာန၏ အလွတ်တန်းသတင်းထောက် ကိုတိုးကြီးက ခန့်မှန်းသည်။
စတင်ဖြစ်ပွားပုံမှာ မေလ ၁၈ရက် နံနက် ၉နာရီခန့်က ဝမ်ပေါင်ကုမ္ပဏီမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေ ခြံစည်းရိုးတိုးချဲ့ခတ်နိုင်ရန် လုပ်ငန်းခွင် တရုတ်လူမျိုးတစ်ဦး၊ စကားပြန်တစ်ဦးနျင့် ယာဉ်မောင်းတစ်ဦးတို့ ဆားလင်းကြီးမြို့ ဆည်တည်းရွာဟောင်းသို့ ရောက်ရှိစဉ် ဒေသခံ ၇၀ခန့်က ဝိုင်းထားခဲ့ပြီး တရုတ်အပါအဝင် သုံးဦးကို ထိန်းသိမ်းထားခဲ့သည်။ ယင်းသို့ ထိန်းသိမ်းထားခြင်းကြောင့် တရုတ်နိုင်ငံသားအပါအဝင် သုံးဦးကို ပြန်လွှတ်ပေးရန် အာဏာပိုင်များက ဆည်တည်းရွာကို ဝိုင်းရံထားခြင်း ဖြစ်သည်ဟု အာဏာပိုင်များနှင့် ဆရာတော် ဥူးစန္ဒာသီရိထံက သိရသည်။
"တရုတ်သုံးယောက်ကို ပြန်မလွှတ်ပေးဘူးဆိုရင် လုံလောက်တဲ့ အင်အားကို အသုံးပြုပြီးတော့ တရုတ်သုံးယောက်ကို ကယ်တင်ရပါမယ်လို့ လာအကြောင်းကြားတယ်။ အဲဒီ့နောက်ပိုင်းအထိ သူတို့က ပြန်မလွှတ်ဘူး။ မလွှတ်တဲ့အတွက်ကြောင့် အခုအချိန်မှာ လုံလောက်တဲ့ အင်အားသုံးပြီးတော့ ရွာအနီးအနားမှာ ပြန်လည်ကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ကာလဖြစ်ပါတယ်"ဟု မဇ္ဈိမသတင်းဌာန၏ အလွတ်တန်းသတင်းထောက် ကိုတိုးကြီးက ပြောသည်။
အခြေအနေမှာ မေလ ၁၈ရက် ညနေပိုင်းတွင် ပိုမိုတင်းမာလာခြင်းဖြစ်ပြီး ထိုနေ့ နံနက်က ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုးကို အာဏာပိုင်များက ဖမ်းဆီးလိုက်ခြင်းကို ဒေသခံများက ကိုအောင်စိုးကို လွှတ်ပေးပါက တရုတ်များကိုလည်း လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်ဟုလည်း သိရသည်။ ယခု သတင်းရေးသားသည့် မေလ ၁၉ရက် နံနက် ၁နာရီ ၅၀ခန့်အထိ တရုတ်နိုင်ငံသားအပါအဝင် ဝမ်ပေါင်ဝန်ထမ်းသုံးဦးကို ဒေသခံများက ထိန်းသိမ်းထားဆဲဖြစ်ပြီး အာဏာပိုင်များကလည်း ဆည်တည်းရွာကို ဝိုင်းရံထားဆဲဖြစ်သည်။
ယင်းအပြင် အတည်မပြုနိုင်သေးသည့် သတင်းအရ ဆည်တည်းရွာနှင့် တစ်မိုင်ခန့်အကွာရှိ ကျောက်ဖြူတိုင်ရွာ၌ မေလ ၁၉ရက် ည ၁၀နာရီခန့်တွင် အာဏာပိုင်များက မျက်ရည်ယိုဗုံး သုံးလုံးခွဲခဲ့သည်ဟုလည်း အခြားသတင်းဌာနမှ အလွတ်တန်းသတင်းထောက် တစ်ဦးက မဇ္ဈိမကို တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။
ယင်းအခြေအနေများကြောင့် မုံရွာမြို့တွင်လည်း လုံခြုံရေး တင်ကြပ်ထားရသည်ဟု သိရသည်။
မဇ္ဈိမသတင်းဌာန
ပြန်လွှတ်ပေးမည်ဟုသိရ။
လက်ပံတောင်းဒေသ ဆည်တည်းရွာကို အာဏာပိုင်များ ဝိုင်းထား
Reviewed by သစ်ထူးလွင်
on
08:59
Rating: