ပျောက်ဆုံး နယ်ခြားစောင့်ရဲ နှစ်ဦး ပြန်တွေ့

ရခိုင်ပြည်နယ် မောင်းတောမြို့နယ် မြန်မာ ဘင်္ဂလားဒေ့ခ်ျနယ်စပ် နယ်ခြား မှတ်တိုင် ၅၂ အနီး၊ မနေ့ကဖြစ်ပွားခဲ့တဲ့ ခြုံခိုတိုက်ခိုက်မှုအပြီး ပျောက် ဆုံးနေတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တပ်သား(၂)ဦးကို ပြန် လည်တွေ့ ရှိခဲ့တယ်လို့ တိုက်ပွဲမှာဒဏ်ရာရရှိခဲ့တဲ့ ဒု ရဲအုပ် နွေဦးမောင် က ပြော ပါတယ်။

ခြုံခိုအတိုက်ခံရတဲ့ မြန်မာရဲတပ်ဖွဲ့ဟာ နယ်ခြားမှတ်တိုင် ၅၂ နဲ့ ၅၃ ကင်းစခန်း က ဖြစ်ကြပြီး အရာရှိတဦးအပါအ၀င် စုစုပေါင်း (၇) ဦးဖြစ်ပါတယ်။ တိုက်ပွဲ မှာ မြန်မာရဲတပ်ဖွဲ့က ၄ဦးကျဆုံး၊ အရာရှိ တစ်ဦးဒဏ်ရာရပြီး၊(၂)ဦးပျောက် ဆုံးနေတာဖြစ်ပါတယ်။ ဒါပေ မဲ့ ပျေုက်ဆုံးနေသူတွေကို မနေ့ က ပြန်တွေ့ ခဲ့ကြောင်း၊ ဒါ့အပြင် ကျဆုံးသွားသူတွေရဲ့ အလောင်းတွေကို နယ်မြေခံစစ် တပ်က သွားရောက်ကောက်ယူခဲ့ရာမှာ အလောင်းတွေအောက်မှာ မိုင်းထောင် ထားတာတွေ့ရကြောင်း မောင်းတော ဆေးရုံမှာ ကုသမှုခံ ယူနေတဲ့ ဒုရဲအုပ် နွေဦးမောင်က ပြောပါတယ်။

"နှစ်ယောက်ကတော့ပြန်တွေ့တယ်လေ တွေ့တော့သူတို့လည်း ဆုတ် တယ် အောက်ဘက်အထိ ဆုတ်သွားနိုင်လို့ ပြန်တော့တွေ့တယ်ဗျ ၊ ၅၃ စခန်း က နှစ်ယောက်ခင်ဗျ၊အလောင်းတော့ ပြန်ကောက်လို့ရတယ် ခင်ဗျ၊ အလောင်းကောက်ဖို့ အလောင်းအောက်မှာ ဒီကောင်တွေ မိုင်းထောင်ခဲ့ တယ် ၊မိုင်းကို စစ်တပ်က မိုင်းရှင်းပြီးမှ အဲ့အလောင်းတွေ ကောက်တယ် လို့ပြောတယ်ဗျ"

တိုက်ခိုက်တဲ့ အဖွဲ့ဟာ လူ ၆ဝ ခန့်ပါဝင်တဲ့ ရိုဟင်ဂျာ သွေးစည်းညီ ညွတ်ရေး အဖွဲ့ RSO ဖြစ်နိုင်တယ်လို့ ဒုရဲအုပ်နွေဦးမောင်က ပြောပါတယ်။

RFA Burmese

တိုက်ပွဲတွင် ဒဏ်ရာရှိခဲ့သော ဒုရဲအုပ် နွေဦးမောင်မှ မောင်တော ဆေးရုံတွင် အတွင်းလူနာအဖြစ်ဆေးကုသခံယူလျှက်ရှိကြောင်း။

ပျောက်ဆုံး နယ်ခြားစောင့်ရဲ နှစ်ဦး ပြန်တွေ့ ပျောက်ဆုံး နယ်ခြားစောင့်ရဲ နှစ်ဦး ပြန်တွေ့ Reviewed by သစ်ထူးလွင် on 09:17 Rating: 5
Powered by Blogger.