သောင်းကျန်းသူများ မကြာခဏဝင်ရောက် တိုက်ခိုက်နေ သည့် မောင်တော နယ်စပ်တွင် တိုက်ခိုက်မှု စွမ်းရည်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထားရန်လို

မောင်တော၊ မေ ၁၈-သောင်းကျန်း သူ လက်နက်ကိုင်များ မကြာခဏ တိုက် ခိုက် မှုပြုလုပ်နေသည့် မောင် တောနယ်စပ်ဒေသတွင် တာဝန် ထမ်း ဆောင်မည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မှာ တိုက်ခိုက်မှုစွမ်းရည် ကျွမ်းကျင် မှု ရှိသူ များဖြစ်ရန် လိုအပ်ကြောင်း နှင့် အမြဲတမ်းအသင့် ဖြစ်နေသည့် အနေ အထားဖြင့်သာ တာဝန်ထမ်း ဆောင်ရန်လိုအပ်နေကြောင်း စစ်ရေး ကျွမ်းကျင်သူ များနှင့် ဒေသခံများက ပြောကြားသည်။

လက်ရှိ မောင်တောနယ်စပ် တစ်လျှောက် ကင်းစခန်းများတွင် တာဝန် ထမ်းဆောင်နေ သည့် လုံခြုံ ရေးတပ်ဖွဲ့များမှာ သင်တန်း ခြောက်လ တက်ရောက် ကာ လာရောက်တာဝန် ထမ်းဆောင်နေသူများ ဖြစ်ခြင်း၊ အ သက် အရွယ်အားဖြင့် ငယ်ရွယ်သူများ ဖြစ်ခြင်း၊ ကိုင်ဆောင်ထားသော လက်နက်များမှာ ခေတ်မီလက်နက် များ မဟုတ်ခြင်းနှင့် တိုက်ခိုက် မှု ဖြစ်ပွား သည့် အချိန်တွင် အသင့်အနေ အထားမရှိခြင်းတို့ကြောင့် သောင်း ကျန်းသူ လက်နက်ကိုင်များ၏ တိုက် ခိုက်မှုကို အလွယ်တကူ ခံနေရခြင်း ဖြစ်ကြောင်း ဆိုသည်။

သောင်းကျန်းသူများ ကိုင် ဆောင်ထားသည့် လက်နက်များမှာ AK- 47 လက်နက် အများ စုဖြစ် သည့် အတွက် လက်နက်အားဖြင့်လည်း မယှဉ်နိုင်သည့် အနေအထားတွင် ရှိနေကြောင်း၊ မေ ၁၇ ရက်က မိုင် တိုင်အမှတ် ၅၂တွင် သောင်းကျန်း သူလက်နက်ကိုင်များ၏ တိုက်ခိုက် မှုကြောင့် ကျဆုံးသွားသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သင်တန်းတက် ရောက်ခဲ့ရသည့် ကာလမှာ နှစ်လ ကျော်ခန့်သာ ရှိသေးကြောင်း၊ လေ့ ကျင့်ချိန်ကာလ နည်းပါးသည့်အတွက် တိုက်ခိုက်မှုစွမ်းရည်မှာလည်း ညံ့ဖျင်း ရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ နယ် စပ်တစ်လျှောက် လုံခြုံရေး ဆောင် ရွက်နေကြရာတွင် တပ်စု၊ တပ်စိတ် များအတွင်း လူအင်အားကို အဖြစ် သဘောထားမျိုးထက် အမှန်တကယ် အတွေ့အကြုံရှိသည့် ဝါရင့်တပ်ဖွဲ့ ဝင်များသာ ထားရှိကွပ်ကဲသင့်ကြောင်း အတွေ့အ ကြုံရှိသည့် ရဲအရာရှိတစ် ဦးက ပြောကြားသည်။

NT [--Democracy today Daily Newspaper--]

Myanmar News Network

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဒါးပိုင်တွင်  သန်းခေါင်စာရင်း ကောက်ယူရန်အတွက် လုံခြုံရေးရယူရန်ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ Photo - EPA

သောင်းကျန်းသူများ မကြာခဏဝင်ရောက် တိုက်ခိုက်နေ သည့် မောင်တော နယ်စပ်တွင် တိုက်ခိုက်မှု စွမ်းရည်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထားရန်လို သောင်းကျန်းသူများ မကြာခဏဝင်ရောက် တိုက်ခိုက်နေ သည့် မောင်တော နယ်စပ်တွင် တိုက်ခိုက်မှု စွမ်းရည်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထားရန်လို Reviewed by သစ်ထူးလွင် on 10:13 Rating: 5
Powered by Blogger.