ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသော ဘင်္ဂါလီ ခုနစ်ဦးကို မှော်ဘီမြို့တွင် ဖမ်းမိ


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ဘက်မှ ရန်ကုန်မြို့တော်သို့ ခိုးဝင်လာသူ ဘင်္ဂါလီ ခုနစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ပြည်လမ်း တပ်ကြီးကုန်းကျေးရွာ လေတပ်ကွေ့ ကားမှတ်တိုင် အနီးတွင် နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဖမ်းမိခဲ့ကြောင်း မှော်ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ ယင်းမြို့နယ် အမှတ် (၄) လမ်းမကြီးရှိ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ပါဂျဲရိုးယာဉ်ကို တရားမဝင် ကျွန်းသစ်များ သယ်ဆောင်လာသည်ဟု သံသယရှိ၍ စစ်ဆေးရန် တားဆီးစဉ် မောင်းနှင် ထွက်ပြေးခဲ့သဖြင့် လိုက်လံ ဖမ်းဆီးရာမှာ လေတပ်ကွေ့ ကားမှတ်တိုင်အနီးတွင် ဖမ်းမိခဲ့ပြီး ကျွန်းသစ်များ တင်လာသည်ကို မတွေ့ရှိသော်လည်း အဆိုပါယာဉ်မှာ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ပြီး ယာဉ်အတွင်း လိုက်ပါလာသူများကို စစ်ဆေးရာမှ ဘင်္ဂါလီလူမျိုး ခုနစ်ဦးနှင့် ယာဉ်မောင်းကို ဖမ်းမိခဲ့ကြောင်း မှော်ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသော ဘင်္ဂါလီ ခုနစ်ဦးကို မှော်ဘီမြို့တွင် ဖမ်းမိ ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသော ဘင်္ဂါလီ ခုနစ်ဦးကို မှော်ဘီမြို့တွင် ဖမ်းမိ Reviewed by သစ်ထူးလွင် on 17:15 Rating: 5
Powered by Blogger.