ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် စစ်ပင်ကျေးရွာမှာ ရာနဲ့ချီတဲ့ ဒေသခံတောင်သူတွေဟာ လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် လယ်ယာမြေလျော်ကြေး ပြန်လည်ရရှိဖို့ ဒီကနေ့မနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အဲ့ဒီမြို့နယ်ထဲက စစ်ပင်၊ ထောင်တလုပ်၊ ရွာသာကြီး၊ သုံးခွစတဲ့ ကျေးရွာတွေက တောင်သူ ၃ဝဝ ကျော်လောက်ဟာ စစ်ပင်ကျေးရွာ ဘုရားလမ်းကနေ မင်းရဲကျော်စွာလမ်းတလျှောက် ချီတက်ဆန္ဒပြခဲ့ကြပြီး သူတို့ရဲ့ လယ်ယာမြေတွေကို သိမ်းယူထားတဲ့ ကုမ္ပဏီရုံးခန်းတွေဆီကိုလည်း ထပ်မံလမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဒဂုံမြို့သစ်မှာ တောင်သူ ၃ဝဝ ကျော် ဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
03:50
Rating:
