မြစ်ကြီးနားမြို့ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမတွင် အစိုးရနှင့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ နံနက် ၉နာရီမှ စတင်ဆွေးနွေး လျှက် ရှိပြီး ဆွေးနွေးပွဲသို့ စောင့်ကြည့်လေ့လာသူများအဖြစ် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအပြင် ကုလသမ္မဂအဖွဲ့ချုပ်(UN)မှ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားတက်ရောက်လျှက်ရှိပြီး ရန်ကုန်မြို့တရုတ်နိုင်ငံသံရုံးမှ သံမှုး မစ္စတာလုရှီနှင့် ပြောရေးဆိုခွင့်ရှိသူ မစ္စတာဂေါင်းမင်ဗို တို့လည်း လေ့လာစောင့်ကြည့်သူအဖြစ် တက်ရောက် လျှက်ရှိသည်ကိုတွေ့ရသည်။
တပ်များနေရာချထားရေ၊ ရှေ့တန်းနေရာများ စောင့်ကြည့်ရေးနှင့် စစ်အရှိန်လျှော့ရေးတို့ကို အလေးပေးဆွေးနွေးသွားဖွယ်ရှိပြီး ယခုဆွေးနွေးပွဲတွင် ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို တပ်နှင့်ပတ်သက်ပြီး အာဏာကုန်လွှဲအပ်လိုက်ကြောင်းလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဦးဆောင်သူ တစ်ဦးဖြစ်သူ ၀န်ကြီးဦးအောင်မင်းကပြောကြားသည်။
7Day News Journal

![]() |
ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး |
ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို တပ်နှင့်ပတ်သက်ပြီး အာဏာကုန်လွှဲအပ်ထား
Reviewed by သစ်ထူးလွင်
on
14:38
Rating: