မီးလောင်ဒဏ်ရာရ သံဃာတော် ၇၆ပါး နှင့် လူ ၉ ယောက် မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ 

မုံရွာဆေး၇ုံမှ တဆင့် မန္တလေး ဆေးရုံကြီးသို့ မီးလောင်ဒဏ်ရာရ သံဃာတော် ၇၆ပါး နှင့် လူ ၉ ယောက်တို့ကို ဘ၀အလင်း လူမှုအသင်းဦးဆောင် သံဃာဆရာတော် ဥူးသောဘိတ မှ တာဝန်ယူပြီး ခေါ်ဆောင် ဆေးကုသ ပေးလျှက်ရှိကြောင်း သိရှိ၇သည်။

ကျန်ရှိဒဏ်ရာရသူများကိုလည်း ဆက်လက်ခေါ်ဆောင် ပေးသွားမည်ဟု သိရသည်။ ဘ၀အလင်းလူမှုအသင်းသို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကျပ် ၁၀ သိန်း လှူဒါန်းပေးခဲ့ပြီး လက်ရှိ ကျပ် ၁၄ သိန်း ၇ သောင်း ၅ထောင် ကျပ်တိတိကို လက်ခံ၇ရှိကြောင်းသိရှိရပါသည်။

ကျော်သူ - Yangon Media Group


မုံရွာမြို့ မှ လက်ပံတောင်းတောင်အရေး ထိခိုက် ဒဏ်ရာရှိသောသံဃာတော် များ အားလုံးကိုမန္တလေးပြည်သူ့ဆေးရုံကြီး သို့ ပြောင်းရွေ့လိုက်ပြီးဖြစ်ကြောင်း သိရသည်။ ထို့သိုပြောင်းရွေ့လိုက်သောသံဃာတော်များ ၏ ဆေးရုံမှတ်တမ်း စာအုပ်တွင် ရာဇ၀တ်မှုလူနာဟုတံဆိပ်တုံးရိုက်နှိပ်ပေး လိုက်ကြောင်းသိရသည်။ Photo By: Ko Thit Sar





မီးလောင်ဒဏ်ရာရ သံဃာတော် ၇၆ပါး နှင့် လူ ၉ ယောက် မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့  မီးလောင်ဒဏ်ရာရ သံဃာတော် ၇၆ပါး နှင့် လူ ၉ ယောက် မန္တလေးဆေးရုံကြီးသို့  ပြောင်းရွှေ့  Reviewed by သစ်ထူးလွင် on 13:58 Rating: 5

No comments:

Powered by Blogger.