မုံရွာတွင် တရားမ၀င်ကျောက်စိမ်းရိုင်းတုံးများ (၁၆၅)အိတ်ဖမ်းဆီးရမိ

တရားမ၀င် သယ်ဆောင်လာသော ကျောက်စိမ်း ရိုင်းတုံးများ ကို ဆာလာအိတ်ဖြင့် ထုပ်ပိုး၍ ဖားကန့်မြို့နယ် ဟောင်ပါး ရွာမှ တဆင့် ချင်းတွင်းဖြစ်ကြောင်း တိုင်း စက်လှေဖြင့်စုန်ဆင်း သယ်ဆောင်လာပြီး မုံရွာမြို့ မုံရွာတောင်ရပ်ကွက် တာဝါတိုင်ဆိပ် တွင် ယူဒီကောင်တာ (၆)ဘီး ကား ယာဉ်နံပါတ် ၂က/၆၀၅၈သို့ပြောင်းပြီးတင်ဆောင်၍ တာရိုးအတိုင်းမောင်းလာစဉ် သက်ဆိုင်ရာဖမ်းဆီးရေး အဖွဲ့မှဖမ်းဆီးရေးအဖွဲ့မှ နိုဝင်ဘာ ၂၁ ရက်နေ့ည ၁၀ နာရီ က ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

၎င်းကျောက်စိမ်းရိုင်းတုးံ (၁၆၅)အိတ် အလေးချိန်(၆၂၄၈.၅၀)ပိဿာဖြစ်ပြီး ပိုင်ရှင်မှာ မင်းကင်းမြို့ နယ် တောင်ဘတ်ကျေး ရွာမှ ဦးအောင်နိုင်ဝင်း၏ ပစ္စည်းများဖြစ်ကြောင်း စုံစမ်းသိ ရသည်။

၎င်းကျောင်းစိမ်းအရိုင်းတုံးများအားမန္တလေးမြို့ သို့ပို့ဆောင်ရန်ဖြစ်ကြောင်းသိရပြီး သယ်ဆောင်လာ သူ(၄)ဦး အားဖမ်းဆီး ထားပြီး မုံရွာမြို့ အမှတ်(၁)ရဲစခန်းမှ(ပ) ၇၁၂/၁၂မြန်မာ့ကျောက်မျက် ရတနာ ဥပဒေပုဒ်မ၄၂(က)အရအမှုဖွင့်ထားကြောင်းသိရသည်။

ကိုသစ္စာ(မုံရွာ) ။  ။ Yangon Media Group


မုံရွာတွင် တရားမ၀င်ကျောက်စိမ်းရိုင်းတုံးများ (၁၆၅)အိတ်ဖမ်းဆီးရမိ မုံရွာတွင် တရားမ၀င်ကျောက်စိမ်းရိုင်းတုံးများ (၁၆၅)အိတ်ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 21:17 Rating: 5

No comments:

Powered by Blogger.