အဂတိလိုက်စားမှု ပပျောက်ရေးနှင့်စပ်လျဉ်း၍ Sky Net ၏မေးမြန်းချက်
အဲတော့ ပထမက အဂတိလိုက်စားမှု စောစောကလည်း ဒီမေးခွန်း ကျွန်တော် တို့ မေးပါတယ်။ အဲတော့ အဂတိ လိုက်စားမှုက ချက်ချင်း ခုနကလို ပပျောက်အောင် လုပ်ဖို့ကတော့ မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ အပိုင်းမှာ ခုနကလို ဒီအမှု အကြီးအသေးပေါ်မှာ မူတည်ပြီး အရေးယူတာတွေ ဒါတွေက ကျွန်တော်တို့ ခုနကလို ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အဲတော့ စောစောကပြောသလို အရေးယူတာ တစ်ခုတည်းနဲ့ အဂတိလိုက်စားမှုဟာ မပျောက်နိုင်ဘူး။ သူရဲ့ ခုနကလို စားဝတ်နေရေးတွေ အဆင်ပြေအောင် လုပ်ပေးဘို့ ဒါလည်း ကျွန်တော်တို့ အင်မတန်မှ အရေးကြီးပါတယ်။
အဲတော့ စားဝတ်နေရေးတွေ အဆင်ပြေအောင် လုပ်ပေးဘို့ အတွက်ကျတော့ နိုင်ငံရဲ့ စီးပွားရေးပေါ့ အဲတော့ နိုင်ငံရဲ့ စီးပွားရေး ကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတာ ဒီကိစ္စပဲ ကျွန်တော်တို့ ဖြစ်ပါတယ်။ ဒါတွေလည်း ကျွန်တော်တို့ ဒီကိစ္စအတွက်နဲ့ အခု အနည်းနဲ့အများ ကျွန်တော်တို့ ပါဝင်ပါတယ်။ အဲတော့ ကောင်းမွန်တဲ့ အစိုးရ သန့်ရှင်းတဲ့ အစိုးရဆိုတာ ဒါကျွန်တော်တို့က ခုနကလို မျှော်မှန်းချက် ဒါကျွန်တော်တို့ ဖြစ်ပါတယ်။ ရောက်သလားဆိုတော့လည်း ကျွန်တော်တို့ ရောက်တယ်လို့ပြောလို့မရပါဘူး။ ဘာလို့ ဆိုတော့ ဒီပြဿနာကဒီ၊ ရှိနေတယ်၊ အဂတိလိုက်စားမှုတွေရှိနေတယ်၊ မမှန်မကန်မှုတွေ ရှိနေတယ်၊ သို့သော်လည်းခုနကလိုအစိုးရက မျက်ကန်းလမ်းလျှောက် ခုနကလို ဒီတိုင်းသွားနေလို့မရပါဘူး။ ရည်မှန်းချက်တစ်ခုကို ကျွန်တော်တို့ချမှတ်ရပါမယ်၊ ဒါကြောင့်မို့ ခုနကလိုကောင်းမွန်တဲ့အစိုးရဖြစ်အောင် အစီအမံတွေ၊ ဒါ၊ ချပြီးတော့မှ၊ ဒါ၊ ကွပ်ကဲအုပ်ချုပ်မှု အပိုင်းတွေနဲ့ လဲအများကြီးဆိုင်ပါတယ်။ ဒါလဲကျွန်တော်တို့ ကျိုးပမ်းပြီးတော့ လုပ်နေတာတွေ ရှိပါတယ်။
နောက်တစ်ခုကတော့ ခုနကလိုသန့်ရှင်းတဲ့ အစိုးရဖြစ်လာဖို့၊ ခုနကလို အဂတိအမှုကိစ္စတွေကို။ အဲတော့ဒီအပိုင်းကပြည်သူလူထုရဲ့၊ ကျွန်တော်တို့ အားပေးကူညီမှု ကလဲလိုပါတယ်။ ပြည်သူလူထုရဲ့အကူအညီလဲ အများကြီးလိုပါတယ်၊ ဟာ ၊ ဒီလို၊ ခုနကလို၊ ဒီရဲကြီးကလာဘ်စားနေတာပဲဆိုပြီးတော့ ဒီအတိုင်း၊ ကျွန်တော်တို့၊ ပြောယုံနဲ့တော့ မပြီးပါဘူး။ ဘယ်လိုကပေးရတယ်၊ ဘယ်လောက်ပေးရတယ်၊ ဘယ်သူက၊ ဒါမျိုးတိတိကျကျနဲ့ ကျွန်တော်တို့ ခုနကလိုဖော်ထုတ်ပြီးတော့မတိုင်ကြားသမျှ အရေးယူဖို့က တော်တော်လေး ခက်ပါတယ်၊ ဥပဒေအရ။ ဒါမျိုးတွေတိတိကျကျနဲ့ ခင်ဗျားတို့ ပြည်သူတွေဘက်ကလဲ၊ ဟုတ်လား၊ ဖော်ထုတ်မယ်၊ တိုင်ကြားမယ်၊ ခုနကလို၊ ဖြစ်နိုင်ရင်၊ ခုနကလိုကိုယ့်နာမည်နဲ့၊ မှတ်ပုံတင်နဲ့ပါထည့်ပေးပါ၊ ကျွန်တော်တို့ ခုနကလို၊ အမှုကိုသေချာလေးကျွန်တော်တို့ သေချာလေးစစ်ဆေးပြီးတော့ ထိထိရောက်ရောက်နဲ့ ကျွန်တော်တို့ အရေးယူ ဆောင်ရွက် နေပါတယ်။ နော်၊ ဒါလေးကျွန်တော်ပြောချင်ပါတယ်။
by Hmuu Zaw (Facebook)
Sky Net မီဒီယာ၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်
Reviewed by သစ်ထူးလွင်
on
19:34
Rating:
10 comments:
သမ္မတကြီးပြောသလိုဆိုရင်သာမန်လက်လုပ်လပ်စားတစ်ယောက်
စားဝတ်နေရေး၊မိသားစုအရေးအျတွက်ခိုးရင်သူခိုးဆိုဥပဒေအတိုင်း
အရေးယူဆောင်ရွက်တယ်၊၀န်ထမ်းတွေခြစားတော့စားဝတ်နေရေးအတွက်ပြောတယ်၊ဒါသမ္မတကြီးတို့ပြောနေတဲ့ပြည်သူအများစုအတွက်လားခင်ဗျာ။
စဉ်းစားပြီဖြေကြည့်ပေးပါအုန်ခင်ဗျာ။
သမ္မတကြီးကိုမေးချင် ပါတယ်။အဂတိလိုက်စားမှုပျောက်အောင် စားဝတ်နေ ရေးအဆင်ပြေဖို့ဝန်ထမ်းတစ်ဦးကိုဘယ်လောက်မှလောက်မှာလဲ။တိုက်သုံးလုံးလား ကားသုံးစီးလား။ ဘယ်သူတွေဘယ်လိုဆိုတာ ဥစ္စာပစ္စည်းဘယ်လောက် ရှိတယ် ။ဘယ်လိုနည်းတွေနဲ့ရ အောင် လုပ်ယူတယ်ဆိုတာသမ္မတကြီးသိပါတယ်။ပြည်သူကအတိအကျတိုင်ကြားရ အောင် ပေးတဲ့သူနဲ့ယူတဲ့သူနှစ်ဦးဘဲသိတဲ့ကိစ္စ အ ပြောလွယ်သ လောက်လက်တွေ့ခက်ပါတယ်။ပေးသူကတိုင် ချင်တောင် မှအ ရေးယူခံရမှာဆိုတော့ဘယ်သူကတိုင် ရဲတော့မှာလဲ။ဒီလိုဖြစ် အောင် ထုတ်ထားတဲ့ဥပ ဒေက တော့လေးစားစရာပါပဲ။
သူကများရူးချင်ယောင်ဆောင်ပြီးထမေးရဲသေးတယ်မင်းတို့SKY Net ဘယ်လိုလွင့်ခွင့်ရခဲ့သလဲ၊သမ္မတခေါင်းစားအောင်သွားမေးရသလား၊အလကားအရည်မရအဖတ်မရတဲ့မေးခွန်းတွေ၊
မစားလောက်လို့ဖြစ်နေတာဆိုပြီး တိုက် ဆောက်နေကြ
တာကိုဘယ်လိုပျောမလဲ။ စိတ်ခြပါ ။ နောက်တခါပိုက်
ဆံတောင်းခံ၇လို့ တော့. ဗီဒီယိုခိုး၇ိုက်ပြီး အပီလုပ်ခဲ့မယ်။
သဘောထား ပျော့ပြောင်းတယ်လို့ ထင်ရပါတယ် ၊ သဘောထား ပျော့ပြောင်းတာ မဟုတ်ဘဲ လက်တွန့် နေတာဆိုရင်တော့ ပြုင်ပြောင်းလဲေ၇း နှေးကွေးနေမှာပါ။
သဘောထားပျော့ပြောင်းတယ်လို့ထင်ရပါတယ် ။သဘောထားပျော့ပြောင်းတာမဟုတ်ဘဲ လက်တွန့်နေတာဆိုရင်တော့ ပြုင်ပြောင်းလဲေ၇း နှေးကွေးနေမှာပါ။
စ စ စ ကိုတာဝန်ပေးလိုက်လေ မညှာတမ်းဖေါ်ထုတ်ကြေဆိုရင် ဒီနိုင်ငံမှာလူကြီးဆိုတာတွေ အထဲရောက်ကြမှာပါ
သမ္မတကြီးရည်ညွှန်းတဲ့ အဂတိလိုက်စားမှုပပျောက်ရေးဆိုတာ သမ္မတကြီး ပြောသလိုဆို အူမ မတောင့်လို့ သီလမစောင့်နိုင်ကြတဲ့ လစာနည်း အခြေခံ ၀န်ထမ်းတွေအတွက်ဖြစ်နေပါလားဗျာ။ ဒီတိုင်းဆို.. တိုက်အလုံးလေးဆယ့်နှစ်လုံးပိုင်တဲ့ ဆောက်လုပ်ရေးဝန်ကြီးလို အဆင့်မျိုးအတွက်မဟုတ်ဘူးပေါ့..။ ဖြစ်မှဖြစ်ရပလေဗျာ..။
လပ် ယူ တဲ့သူကိုဖော်ထုတ်မည့် အဖွဲ့ ဖွဲ့ပြီး ဌာန တိုင်းမှာ တစ်ယောက်စီထည့်ကြည့်ပါလား။ န အ ဖ လက်ထက်က စစ်ဗိုလ် တွေထည့်သလိုပေါ့။အဲဒီအဖွဲ့ကိုတော့ အထူးစီမံထားဖို့လိုမယ်ပေါ့
တိုင်မှပဲ အရေးယူမှာလား သမ္မတကြီးခင်ဗျား....မတိုင်ပဲနှင့် စီမံချက်တစ်ရပ်အနေဖြင့် အရေးယူဆောင်ရွက်ရန်အတွက် အစီအစဉ်ရှိမရှိ သိရှိလိုပါတယ်...
Post a Comment