ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို လေ့လာရန် မြန်မာကို အမေရိကန် ဖိတ်ခေါ်

စစ်အင်အားကြီး အမေရိကန် အပါအ၀င် အာရှနိုင်ငံ အချို့ပါဝင်သော ကမ္ဘာ့အကြီးဆုံး ‘ကော်ဘရာဂိုး’ စစ်ရေးလေ့ကျင့်မှု ကို လေ့လာရန် မြန်မာနိုင်ငံ အမေရိကန် ပြည်ထောင်စုက ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို အမေရိကန် စစ်သားတစ်သောင်းကျော် အပါအ၀င် ထိုင်းနှင့် အခြားအာရှနိုင်ငံများမှ နှစ်စဉ်ပူးတွဲ ပြုလုပ်လေ့ရှိသည်။

ယင်းသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်ရေးအရ ဆက်ဆံမှုဖြတ်တောက်ပြီးနောက်ပိုင်း အမေရိကန်နှင့် မြန်မာ စစ်ရေးပူးတွဲ ဆောင်ရွက်ရန် ပထမဆုံးအဆင့် ခြေလှမ်းဖြစ်ကြောင်း Reuters သတင်းက ဆိုသည်။

The Voice Weekly


ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို လေ့လာရန် မြန်မာကို အမေရိကန် ဖိတ်ခေါ် ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို လေ့လာရန် မြန်မာကို အမေရိကန် ဖိတ်ခေါ် Reviewed by သစ်ထူးလွင် on 15:04 Rating: 5

15 comments:

နေနတ်သား said...

တရုတ်ထက်စာရင် အမေရိကန်နဲ့ ပေါင်းတာ အကျိုးရှိတယ်။ တရုတ်က စီးပွားရေး အမြတ်ထုတ်တော့ တိုင်းပြည်အထိနာတယ်။ အမေရိကန်က နိုင်ငံရေး အမြတ်ထုတ်တော့ တိုင်းပြည်တိုးတက်တယ်။ ဘာဘဲဖြစ်ဖြစ် တိုင်းပြည်တိုးတက်မယ့် လမ်းကို ရွေးရမယ်

Unknown said...

စစ်ရေးလေ့ကျင့်မှုကို မြန်မာ့တပ်မတော်ကလေ့လာပါက များစွာအကျိုးရှိနိုင် ပါတယ်။

ipman said...

ဘာဘဲဖြစ်ဖြစ်တရုပ်ထက်တော့ အမေရိကန်ကအများကြီးအကျိုးပြုမှာပါ။ကိုယ့် နိုင်ငံအကျိုးပိုရှိမဲ့နည်းလမ်းကိုရွေးရမဲ့အချိန်ရောက်ပါပြီ၊တရုပ်ကိုလဲအိမ်နီးချင်း မိတ်ဝတ်မပျက်ဆက်ဆံထားဘို့လိုပါတယ်။အမေရိကန်နဲ့ပူးပေါင်းလုပ်ဆောင် ခြင်းသာနိုင်ငံဖွံ့ဖြိုးဘို့အားသာချက်ရှိတာပါ။နေနတ်သားကွန်မဲန့်ကိုထောက်ခံပါ တယ်။နိုင်ငံအကြီးအကဲတွေလဲသိလို့လုပ်နေတယ်လို့ယူဆပါတယ်။

Unknown said...

အမေရိကန်ကိုရွေးဘို့ရာ ဘာအကြောင်းပြချက်မှတောင်မလိုပါဘူးဗျာ

Unknown said...

အားပါး မြင်းချိုတတ်ပေးနေပြန်ပါပြီ

ko gyi Myo said...

အမေရိကန်က ကိုယ်ကျိုးစွန့်တယ်။ ကိုယ့်မဟာမိတ်ကို ကာကွယ်တယ်။ တရုတ်ကတော့ သူ့အတွက်အကျိုးမရှိရင် ဘာမှမလုပ်ဘူး

Unknown said...

အရမ်းကောင်းပါတယ် ဒါမှခေတ်မီတပ်မတော်ဖြစ်လာမှာပါ။

ratkhunswe said...

အမေရိကန်နဲ့ပေါင်းလို့ နိုင်ငံရေး စီးပွားရေး စစ်ရေးစသည်တို့ နိမ့်ကျသွားတဲ့နိုင်ငံ့မတွေ့ မတွေ့ဖူးပါ ။ တစ်ချိန်ကရန်ဘက် ဗီယက်နမ်တောင်မှ ၁၉၉၄ကလင်တန်လက်ထက်ကျမှ အမေရိကန်နဲ့ပေါင်းလိုက်တာ အချိန်တိုအတွင်း လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာတာ အားလုံးအသိပါ။ အမေရိကန်လက်ချက်နဲ့ ဗီယက်နမ်တွေခါးစည်းခံရသလောက် မြန်မာကအနေသာကြီးပါ။ သူတို့တောင်မှလက်တွဲနိုင်သေးရင် ဒို့နိုင်ငံအနေနဲ့ လက်မတွဲနိုင်စရာ အကြောင်းမရှိပါဘူး။ အားလုံးအဆင်ပြေပါစေ။

Numega said...

နေနတ်သားရေ ကောင်းပါ့။ ဘာပဲဖြစ်ဖြစ် လေ ပညာရယ်၊ ဗဟုသုတရယ်၊ အတွေအကြုံရယ် ပစ္စည်းအသစ်အဆန်းတွေ ပါ တစ်စုတည်းတစ်ပေါင်းတည်းရတာပေါ့။ စိတ်ထားတွေပါ ပြောင်းလည်းပြစ်လို့ရတာပေါ့။
ဒါမှ ပြည်သူတွေနဲ့ တစ်သားတည်းကျသွားတဲ့ ဗိုယ်ချုပ်ရဲ့ မြန်မာ့တပ်မတော်ဖြစ်လာမှာ။

Unknown said...

ဟုတ်တယ်တရုပ်နဲ့ပေါင်းရင်ကို့ဆီကပဲခွာယူသွားမယ်သူ့ဆီကအဆုတ်အပျက်ပဲရမယ်

ye myo (MDY) said...

အမေရိကန်နှင့်အပေါင်းအပါတို့ကအပြုသဘောဆောင်ရင်တရုပ်နှင့်ရုရှားတို့ကအဖျက်သဘောဆောင်နေတာကိုတကမ္ဘာလုံးကသိသည်။

pointstar 07 said...

မှန်တယ်နေနတ်သားရေ။

pointstar 07 said...

ထေက်ခံတယ် တရုတ်နဲ့ပေါင်းလတာကြာပြီဘာမှတိုးတက်တာမရှိဘူး။အပေါစားပပစည်းတွေရတယ်။

owner said...

ကောင်းပါတယ် ထေက်ခံတယ် နို့မို့ဆိုရင် ကိုယ့်ဗျူဟာ ကိုယ်အထင်ကြီး
ပြီးတိုက်ရင် စစ်သားတွေကို ပရွက်ဆိတ်အုံ မီးမြိုက်သလိုစတေးခံရမယ်
ဲမြန်မာ့တပ်မတော်ဟာ အချဉ်ကြီး ဖြစ်နေမယ်..လေ့လာပါ ကြိုးစားပါပြည်
သူကိုလည်း ထမင်းရှင်လို့သဘောထားပါ၊

Unknown said...

တရုပ်ကွန်မြူနစ် နဲ့ပေါင်းရင် တိုင်းပြည် သယံဇာတကုန်မယ်၊ အမျိုးသမီးတွေ လူကုန်ကူးခံရမယ်၊ တိုင်းပြည် ဖွတ်ဖြစ်မယ်၊ ပြောင်သလင်းခါသွားမယ်၊ မိတ်မပျက်ပေါင်းရင် ထပ်ပြီး ပြောင်သလင်းမခါသွားဖို့အရေးကြီးတယ်၊ သဘာဝဓါတ်ငွေ့နဲ့ ရေနံတွေ တရုပ်အတွက် ထပ်မဖြစ်ဖို့အရေးကြီးတယ်၊ တရုပ်ကပါးပါးလှီးမှာ၊ မြန်မာပြည် ဖွတ်ဖြစ်မှာ...

Powered by Blogger.