ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFPA ဒါရိုက်တာ Dr.Babatunde Osotimehin တို့တွေ့ဆုံ (ရုပ်/သံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ သြဂုတ်လ ၂၇ ရက်နေ့က နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ UNFPA ဒါရိုက်တာ Dr.Babatunde Osotimehin နဲ့ အဖွဲ့ဝင်တွေကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ညနေ ၆ နာရီကနေ ၇ နာရီထိ တွေ့ဆုံတဲ့ ဒီတွေ့ဆုံမှုမှာ UNFPA ရဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေ ၊ လုပ်ဆောင်မှုတွေ၊ လုပ်မယ့်လုပ်ငန်းစဉ်တွေ အကြောင်းနဲ့ လူငယ်မြင့်တင်ရေး၊ အသက်ကြီး သူတွေကို စောင့်ရှောက့်ရေး၊ အမျိုးသမီး တွေကို ကာကွယ် စောင့်ရှောက်ရေး အထူးသဖြင့် စိတ်ပိုင်းရုပ်ပိုင်း ဆိုင်ရာခံခဲ့ရသော အမျိုးသမီးတွေအတွက် ကာကွယ်စောင့်ရှောက်ရေးဟာ UNFPA နဲ့ တစ်သားတည်းဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ ပြည်သူလူထု ကြားမှာ ICPD အတွက် လူတွေသိစေရန်အလို့ငှာ UNFPA အားထောက်ခံအားပေးရန် ပြောဆိုခဲ့ကြတယ်လို့သိရပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

by BurmaVJMedia

ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFPA ဒါရိုက်တာ Dr.Babatunde Osotimehin တို့တွေ့ဆုံ (ရုပ်/သံ) ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFPA ဒါရိုက်တာ Dr.Babatunde Osotimehin တို့တွေ့ဆုံ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 15:18 Rating: 5

No comments:

Powered by Blogger.