ဇူလိုင်လ၊(၁၀)ရက် ညနေ ၃း၀၀ နာရီတွင် ကိုမြအေးဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသည့် ကိုထွန်မြင့်အောင် ၊ ကိုစိုးထွန်း၊ ပဏ္ဍိတ်ထွန်း၊မမီမီလွင်၊မစမ်းစမ်းမော်တို့ လိုင်ဇာမှအပြန် ကချင်ပြည်နယ်အတွင်း စစ်ပွဲများရပ်စဲပြီး ငြိမ်းချမ်းမှုဖော်ဆောင်နိုင်ရေး အတွက် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း နှင့် နေပြည်တော်တွင် ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြစဉ်...၊ ဇူလိုင်လ၊(၆) ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့၌ကို မြအေး ဦးဆောင်သည့်၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသောထွန်းမြင့်အောင်၊ စိုးထွန်း၊ ပဏ္ဍိတ်ထွန်း၊မီမီလွင်နှင့် စမ်းစမ်းမော်တို့သည်KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အက်စ်ဂွန်မော်၊ KIO တွဲဖက်အထွေထွေအတွင်းရေးမှုး ဦးလနန်တို့နှင့် တွေ့ဆုံခဲ့ကြပြီး ပြည်တွင်းစစ်ရပ်စဲရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေး ဖြစ်ထွန်းမှုအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြစဉ်....၊ ကချင်ပြည်နယ် လိုင်ဇာဒေသရှိ စစ်ပြေးဒုက္ခသည်စခန်များအား ဇူလိုင်လ၊(၇) ရက် တွင် ၈၈မျိုးဆက်ကျောင်းသားများ ဖြစ်ကြသော မြအေး၊ထွန်းမြင့်အောင်၊စိုးထွန်း၊ပဏ္ဍိတ်ထွန်း၊မီမီလွင်နှင့် စမ်းစမ်းမော်တို့သွားရောက်လေ့လာခဲ့ကြပါသည်။ ဇူလိုင်လ၊(၈) ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့၌ ကို မြအေး ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားမျာြး ဖစ်ကြသောထွန်းမြင့်အောင်၊ စိုးထွန်း၊ ပဏ္ဍိတ်ထွန်း၊မီမီလွင်၊စမ်းစမ်းမော်တို့သည် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အက်စ်ဂွန်မော်၊ KIO တွဲဖက်အထွေထွေအတွင်းရေးမှုး ဦးလနန်တို့နှင့် တွေ့ဆုံခဲ့ကြပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြစဉ်.....၊ သတင်း-ဓါတ်ပုံ 88 Generation Students
No comments:
Post a Comment