မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို
ဆက်ပြီး လုပ်သွားမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ စစ်ဘက်ဆက်ဆံရေးကို ပိုပြီး
ကောင်းမွန်အောင် လုပ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က
ပြောလိုက်ပါတယ်။ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ IISS က စင်ကာပူမှာ
စီစဉ်လုပ်တဲ့ အာရှဒေသ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ Shangri-la Dialogue
မှာ ကာကွယ်ရေးဝန်ကြီး Panetta က ပြောသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့ အကောင်အထည်ဖော်ပြီး နိုင်ငံရေး လွတ်လပ်ခွင့် ပိုပေးလာမယ်ဆိုရင် အမေရိကန်နဲ့ မြန်မာကြား စစ်ဘက် ဆက်ဆံရေး တိုးတက်စေမဲ့ နည်းလမ်းတွေကို ဆွေးနွေးသွားဖို့ ပင်တဂွန် (Pantegon) စစ်ဌာနချုပ်က လိုလိုလားလား ရှိတယ်လို့ မစ္စတာ Panetta ကပြောပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက လျှော့ပေါ့မှုတွေ လုပ်ပေးပြီး မှန်ကန်တဲ့လမ်းကို သွားဖို့ ကြိုးစားအားပေးနေတယ် ဆိုတာကိုလည်း ကာကွယ်ရေးဝန်ကြီးက ထပ်ပြီး ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံတွေအနေနဲ့ မိမိကိုယ်ကို ကာကွယ်နိုင်ကြဖို့အတွက် ကာကွယ်ရေးဆိုင်ရာ စွမ်းရည်တွေမြှင့်တင်ရေးအတွက် အကူအညီပေးမှာ ဖြစ်တယ်လို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta က အာရှဒေသလုံခြုံရေးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲမှာ ပြောကြားသွားပါတယ်။

အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး တိုးတက်အောင်လုပ်မည်
Reviewed by သစ်ထူးလွင်
on
23:56
Rating:
8 comments:
ယိုးဒယားကြောက်နေတာဒါပါ။တ၇ုတ်ပူတာဒါပါ။မြန်မာကိုတသက်လုံးလက်ဝေခံလုပ်ချင်လို့မ၇ဘူး။
အမေရိကန်ရဲ့အဓိကရည်ရွယ်ချက်ကတရုပ်နဲ့အိန္ဒိယရဲ့စစ်အင်အားကိုထိန်းချုပ်ထားဘို့၊တောင်တရုပ်ပင်လယ်ကိုကာဆီးထားဘို့မြန်မာနိုင်ငံကကိုကိုးကျွန်းကိုဆူးဘစ်ရေတပ်စခန်းအစားအသုံးပြုချင်နေတာကြာပါပြီ၊ဒါကိုသိလို့လည်းကိုကိုကျွန်းကိုသမ္မတရဲ့တိုက်ရိုက်ကွပ်ကဲမှုအောက်မှာထားပြီးဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းမည်သည့်နိုင်ငံခြားစစ်တပ်မျှမြန်မာ့မြေပေါ်တွင်တပ်စွဲခွင့်မပြုဆိုတဲ့အချက်ကိုထည့်ထားတာပေါ့၊ဒါကတရုပ်/ကုလားအကျိုးဆိုတာထက်နောင်မြန်မာ့မြေမှာဒုတိယကမ္ဘာစစ်တုန်းကလိုစစ်မြေပြင်အဖြစ်မခံနိုင်လို့ကြိုတင်ကာကွယ်ထားတဲ့အချက်ဘဲ၊အခုသူတို့နဲ့လက်ဝါးရိုက်ထားတဲ့အဖွဲ့ကအခြေခံဥပဒေပြင်မယ်ဆိုပြီးကြွေးကြော်နေတာဘာကြောင့်ဆိုတာသတိထားစေချင်ပါတယ်။
တရုတ်နှင့် ရုရှားထံ မှ တစ်ပတ်ရစ် စစ်လက်နက်များ ကို အသစ်ဈေးပေး ဝယ်နေရခြင်း ပပျောက်ပါ စေ။ စစ်လက်နက်တစ်ခု ဝယ်တိုင်း ဗိုလ်ချုပ် များ ကော်မရှင် ရခြင်း ပပျောက်နိုင် ပါစေ။ ပြည်တွင်းစစ် အတွက် သုံးစွဲနေရသော ငွေကြေးများကို မိဘပြည်သူများ ၏ကျန်းမာရေး၊ ပညာရေးတို့ အတွက်သုံးစွဲနိုင်ပါ စေဟု ဘုရားရှင်ထံ၌ ဆုတောင်းမိ ပါသည်။ လူအချင်းချင်းလှည့် ဖျားခြင်း ကင်းဝေးကြပါစေ။
ကောင်းတယ်ဗျာ...မြန်မာက အင်အားကြီးနှစ်နိုင်ငံကြားမှာနေတော့ ယူတတ်ရင် အားလုံးဆီကရမယ် အမေရိကန်ဆီကလည်းရမယ်။ တရုတ်ဆီကလည်းရမယ်။ အိန်ဒိယဆိကလည်းရမယ်။ အဓိကကတော့ တိုင်းပြည်ခေါင်းဆောင်တွေ အကွက်မြင်တတ်ဖို့ပဲ။ တသက်လုံး တရုတ်လက်ဝေခံဘ၀က ရုန်းထွက်ကြပါတော့။ ကမ်ဘာကြီးက အကျယ်ကြီးပါ။ တိုင်းပြည်ရဲ့မဟာဗျူဟာကျတဲ့ ပထ၀ီအနေအထားကို လိမ်မာပါးနပ်စွာနဲ့ကောင်းကောင်းအသုံးချကြပါတော့။
တရုပ်ကို ခပ်တည်တည်ဆက်ဆံနိုင်အောင် ဒါလုပ်ရမယ်
အမေရိကန်နှင့်သာမက ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ဆက်ဆံရေး ကောင်းမွန်စေခြင်းဖြင့် မိမိနိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ Image တိုးတက်မြင့်မားလာမှာပါ..။
ကိုယ့်နိုင်ငံရဲ့ Image ကောင်းမွန်စေခြင်းဟာ တိုင်းပြည်ကို သံတမန်နည်းအရ ကာကွယ်စောင့်ရှောက်ခြင်းဖြစ်တယ်လို့ ယူဆပါတယ်..။
နိင်ငံရေးဆိုတာအင်မတန်မှပရိယာယ်မာယာများလွန်းလို.တိမ်တောင်သဖွယ်လို.တောင်တင်စားထားကြတယ်။တရုပ်နဲ.အမေရိကန်အင်အားပြကြမဲ.ကြားမှာရေမြေအနေအထားအရကိုယ်.နိင်ငံကဆူးကြားမှာသီးရတဲ.ဗူးသီးဖြစ်နေပြန်ပြီ။ဘယ်ဖက်လှည်.လှည်.နာမှာပါဘဲ။ဒါကြောင်.ဒို.မြန်မာတွေအသိဥာဏ်အမျှော်အမြင်တွေများများရင်.သန်အောင်စာတွေများများဖတ်ကြပါ။ပညာတတ်တွေပေါများလာသည်နဲ.အမျှအင်္ဂလိပ်လိုရင်ဘောင်တန်းပြောနိင်ဆိုနိင်အောင်လေ.ကျင်.ကြပါ။ဘယ်အရာမှအလကားမရဘူးဆိုတဲ.အသိနဲ.လူမျိုးကွဲများပေးလာတဲ.အကူအညီမှန်သမျှကိုသတိထားပြီးလက်ခံကြပါ။အတိက်နဲ.သမိုင်းကိုမမေ.ကြပါနဲ.။အနာဂတ်ကိုကြိုမသိနိင်ပေမဲ.မှန်းဆလို.ရနိင်ဖို.အတွက်အတိက်ကိုစေ.စေ.စပ်စပ်အမှန်ကိုအမှန်အတိုင်းအရှိကိုအရှိအတိုင်းသိထားကြဖို.တော.လိုပါတယ်။အရပ်ပြောဇာတ်ပြောလောက်နဲ.တော.မကျေနပ်ကြပါနဲ.လို.သတိပေးလိုပါတယ်။ဒီတခါခံရရင်တော.အင်္ဂလိပ်ကျွန်ဘဝနဲ.၁၂၃နစ်နေခဲ.ရတဲ.အချိန်ရယ်၊ကိုယ်.လူမျိုးရဲ.မှားယွင်းတဲ.အုပ်ချုပ်မှု.အောက်မှာ၁၄နစ်+၂၆နစ်+၂၃နစ်စုစုပေါင်း၁၈၆နစ်လုံးလုံးရေစုန်မျောကြတဲ.ဘဝထက်ပိုနာမယ်။နိင်ငံသော်လဲပျောက်နိင်တယ် လူမျိုးသော်လည်းပျောက်သွားနိင်တယ်။အရေးအကြီးဆုံးကစည်းလုံးညီညွှတ်ဖို.ပါဘဲ။အချင်းချင်းထိန်းကြပါ။

Post a Comment