မြင်းခြံမြို့ လျှပ်စစ်မီးအပြည့်ဝရရှိရေးတွက် ဖရောင်းတိုင်မီးများ ကိုင်ဆောင်ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်
30-5-2012နေ့ နှင့် 31-5-2012နေ့တို့ က ည၆း၃၀နာရီမှ
 လူထုမှဆန္ဒတော်ပြည့်ဘုရားမှ လူငါးဆယ်ဦးခန့် မှစပြီးဖရောင်းတိုင်မီးများကိုင်
 ဆောင်ကာ မိထ္ထီလာလမ်းတလျှောက်တန်းစီကာမြောက်အတိုင်း ငြိမ်းချမ်းစွာ
ဆန္ဒဖေါ်ထုတ်ခဲ့ပါတယ်။
 လမ်းတလျှောက် မြို့နေပြည်သူများပါဝင်လာကာမြို့လယ်ခေါင်မှာ
မီးတိုင်ကိုင်သူ ၃၀၀ဦးကျော် မီးတိုင်မပါပေါင်း ၃၀၀၀ခန့်နှင့်
ရပ်ကြည့်အားပေးသူများမှာ ၄၀၀၀၊ ၅၀၀၀ခန့်ရှိပါတယ် ဆန္ဒဖေါ်ထုတ်သူများဟာ
လျှပ်စစ်မြို့နယ်ရုံးရှေ့ မှပြန်ပတ်လာပြီး ၉း၃၀နာရီမှာ
ပြီးဆုံးပါတယ်။
31-5-2012 နေ့ညက မြို့ပေါ် ဆန္ဒတော်ပြည့်ဘုရားမှာ လူ၁၀၀၀ခန့်
မြို့ပြင်ဓါတ်အားခွဲရုံရှေ့မှာတစ်ဖွဲ့ ၂ဖွဲ့ခွဲပြီးဆန္ဒဖေါ်ထုတ်ကြပါတယ်
ယနေ့ ညလည်းဆန္ဒဖေါ်ထုတ်ပွဲဆက်လက်လုပ်ဦးမယ်လို့
(၃ရက်ဆက်တိုက်)လုပ်မယ်လို့ ပြောသွားပါတယ်။
ဆန္ဒဖေါ်ထုတ်ပွဲကျင်းပစဉ် လမ်းတလျှောက်
မြင်းခြံလုံခြုံရေးရဲများလိုက်ပါပြီးစောင့်ကြည့်ခဲပါတယ်။
ဆန္ဒဖေါ်ထုတ်သူတယောက်မေးမြန်းတဲ့အခါ ကျနော်တို့
မည်သည့်နိုင်ငံရေးမှမပါပါဘူး အပူချိန်ကပြင်း၊ ရေကမလာ
ရေစက်ခုတ်ချိန်က၆နာရီမှာ အပြိုင်ခုတ်ကြတော့ မီးကဖျူးပြတ်
လုံးဝရေကမခုတ်လိုက်ရနဲ့ ဘယ်လိုမှမခံစားနိုင်လို့ပါလိုပြောသွားပါတယ်
ဆက်လည်းပြဦးမှာလို့ အားကျိုးမာန်တက်ပြောပါတယ် ။
သာဆန်း(မြင်းခြံ)
မြင်းခြံမြို့ လျှပ်စစ်မီးအပြည့်ဝရရှိရေးတွက် ဖရောင်းတိုင်မီးများ ကိုင်ဆောင်ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ် မြင်းခြံမြို့ လျှပ်စစ်မီးအပြည့်ဝရရှိရေးတွက် ဖရောင်းတိုင်မီးများ  ကိုင်ဆောင်ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ် Reviewed by သစ်ထူးလွင် on 13:00 Rating: 5
13 comments:
Unknown said...
ရပိုင်ခွင့်ကိုတောင်းဆိုရမှပဲ
mamamay said...
အင်း...မီးပြတ်တော.ရေမလာ...
ဒါလည်းဟုတ်တာဘဲ....
Unknown said...
လုပ်သင့်တာ ကြာပါပြီ။ လျှပ်စစ်ဝန်ကြီး သေနာ ဇော်မင်းကိုမြင်းခြံ နွေရာသီ ကိုလာနေခိုင်းလိုက်ချင်တယ်။
minsoeaung said...
မီသေးတယ်။ကြိတ်ထားကြ။
စကားမပြောနဲ့။ကျောက်ရုပ်လိုရပ်နေကြ။
ရပ်က်ြည့သူတွေကိုမကြောက်နဲ့။
အမျးအတွက်ကိုလုပ်နေတာ ဖြစ်တယ်။
ရဲတွေကိုရည်ရည်မွန်မွန်ဆက်ဆံပါ။
သူတို့လည်းပြည်သူတွေပါဘဲဖြစ်ပါတယ်။
phozaw said...
ကျွန်တော်တို့ နိုင်ငံရေးမလုပ်ဘူးဆိုတဲ့စကားကို လက်မခံပါဘူး။ နိုင်ငံထဲမှာ ရှိတဲ့အရေးဟာ နိုင်ငံအရေးပါ။ ပြည်သူတွေအားလုံးလုပ်ရမဲ့အရေးဟာ နိုင်ငံ ရေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံမှာ ကျွန်တော်တို့နေထိုင်နေလို့ပါ။
001komgmg222@gmail.com said...
အားပေးပါတယ်မြင်ခြံသားများလိုအင်ဆန္ဒပြည့်စုံပါစေဗျာ။
ချစ်ဖူး said...
အရိုက်မခံရအောင် သတိထားကြပါဗျာ
Anonymous said...
ကားမဝယ်နိုင်တဲ့မိဘကို.....ကလေးကကားပူဆာသလိုပဲ........ဖြစ်နေတယ်....
မိုးကြိုး မုန်တိုင်း said...
ကျွန်တော်တို့တွေနည်းနည်းလေးသီးခံပေးပါလို့... လာလို့လဲဆိုတော့ကာ မီးကိစ္စက ချက်ချင်းဖြစ်မလာနိုင်ပါဘူး... ဆန္ဒဖော်ထုတ်ရင်း စောင့်ကြရအောင်ပါ
Anonymous said...
အင်း ဘယ်လို ပြောမလဲ ဆိုတာတောင် မသိတော့ဘူး ထမင်းအသက် ၇ ရက် ရေအသက် တစ်မိနစ်ဆိုတာလည်း ရှိပြန်
အရင်အစိုးရက ညံ့ဖျင်းလေခဲ့တော့ သူများအကြွေးတွေကလည်း လည်ပင်းနစ်နေပီ အခုက တစ်ပူပေါ် တစ်ပူဆင့်ဆိုသလိုပဲ နိုင်ငံတော်အတွက် သုံးးစွဲရမယ့် ငွေကြေးကလည်း မလောက် ရတဲ့ ငွေကြေးကလည်း အပေါ်မရော အောက်ခြေက အာဏာပိုင်တွေကလည်း ခေါင်းပုံဖြတ် အမြတ်ကြီးစား နောက်ပီးတော့ ခရိုနီကလည်း တစ်မှောင့် အင်း သမ္မတကြီးလက်အောင် က ဝန်ထမ်းတွေကိုတော့ ပြတ်ပြတ်သားသား လုပ်သင့်နေပြီနော် တရားဥပဒေစိုးမိုးရေး ဆိုတာလည်း မရှိသေးဘူး ရင်းနှီးမြုပ်နှံမူတွေကလည်း ဝင်လာနေပြီ တယုတ်နဲ့ အမေရိကန်တို့ရဲ့ စစ်တလင်းလည်း ဖြစ်မှာ ကြောက်ရသေး ရိုဟင်ဂျာ အရေးကလည်း ရှိပြန် ရင်းနှီး မြုပ်နှံမူဝင်လာတော့လည်း ပြည်သူတွေက ဒုံရင်းပဲ ပိုင်ဆိုင်တဲ့ လယ်ကွက်သေးသေးလေးတွေလည်း ကုန် အိမ်မြေလည်း အသိမ်းခံရ သမ္မတကြီးရေ ဘယ်လို လုပ်အုံးမလဲနော် တဆင်းချင်း တက်ရမှာကို တရားဥပဒေစိုးမိုးရေးကို အခြေမခိုင်သေးဘဲနဲ့ ရင်နှီးမြုပ်နှံမူ က ဝင်လာနေပြီ မြန်မာ နိုင်ငံသားတွေမှာ အဲဒါကို အဆင်သင့် ဆီးပီး ခံနိုင်ဖို့ လက်ကလည်း မသန်သေးဘူး.. လူအနည်းကျဉ်းက လွဲရင်ပေါ့.. ဟူး ရင်မောပါဘိ
ကိုကို(မန္တလေး) said...
မမမေက မြင်းခြံစည်ပင်ကထင်တယ် မြို့ပေါ်မှာမီးရှိရင် မြို့ရေပေးရေးတွေက အမြဲမီးရမှာပါ ရေလွတ်လို့ရပါတယ်
ပြည်သူ said...
ရေရောအမှိုက်ကားရောမလာပါ အမှိုက်ကားကတော့ ကိုသစ်ထူးလွင် သတင်းထဲပါကထဲက အခုထိမလာသေးပါ(ရပ်ကွက်တွေမှ)နော်29-4-2012ထဲကပေါ့ ရပ်ကွက်ထဲကလူတွေကတော့ မြို့ညစပတ်မှာကြောက်လို့ အနီးနားက အမှိုက်ပစ်တဲ့လူကို ပိုက်ဆံ၅၀၀ပေးပြီး ခိုင်းနေရတယ် စည်ပင်ခွန်မှာတော့ အမှိုက်ခွန်ကောက်ပါတယ်
myanmar girl said...
ပြည်သူတွေ ရပိုင်ခွင့်ကို ငြိမ်းချမ်းစွာတောင်းဆိုပိုင်ခွင့် ရှိပါတယ်။
သက်ဆိုင်ရာတွေကလည်း တာဝန်ကိုသေချာစွာယူတတ်ဖို့ လိုပါတယ်။
ဒို့ နိုင်ငံတစ်ခုလုံးလျှပ်စစ်မီး အားလုံးရနိုင်တဲ့နေ့ ကိုရောက်ပါစေလို့ 
မြန်မာပြည်သူတစ်ယောက်အနေ နဲ့ မျှော်လင့်နေမိတာပါဘဲ။
Powered by Blogger.