သတင်းရေးသူအား ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ရှေ့ နေ လျှောက်လဲချက်ပေး

ရန်ကုန်၊ မေ ၁၁

သတ္တုတွင်း ဝန်ကြီးဌာနနှင့် The Voice Weekly တို့၏ စတ္ထုတ အကြိမ်မြောက် ရုံးချိန်းကို ဒဂုံမြို့ နယ် တရားရုံးတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ပြုလုပ်ခဲ့ရာ သတင်း ရေးသားသူအား စာနယ်ဇင်း ကျင့်ဝတ်နှင့် အခြေခံ ဥပဒေပါ ပြဌာန်းချက်များ အရ ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ၏ အကျိုးဆောင်ရှေ့ နေ ဦးသိန်းညွှန့်က လျှောက်လဲချက် ပေးခဲ့သည်။

ဝန်ကြီးဌာန အချို့ ၏ကျပ်သိန်းထောင်ချီ အလွှဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းနှင့် ပတ်သတ်၍ သတ္ထုတွင်း ဝန်ကြီးဌာနက အယ်ဒီတာချုပ်၊ ထုတ်ဝေသူနှင့် သတင်း ရေးသားသူ တို့ကိုအသရေ ဖျက်မှုဖြင့် တရားစွဲဆိုခဲ့ရာ The Voice Weekly ၏ အကျိုးဆောင် ရှေ့ နေက ဝန်ကြီးဌာနသည် သတင်း ရေးသားသူအမည်ကို အတိအကျ ဖော်ပြပြီး တရားစွဲဆိုရမည် ဖြစ်ကြောင်း၊ စာနယ်ဇင်း ကျင့်ဝတ်အရ သတင်းရင်းမြစ်နှင့် သတင်းရေးသားသူတို့ကို ဖော်ထုတ်ခွင့် မရှိကြောင်း သမိုင်းအစဉ်လာများအရလည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်နေသည့် အိုးဝေ ဂျာနယ်တွင် ‘ငရဲခွေးကြီး လွတ်နေပြီ’ ဆောင်ပါး ရေးသားသူအား တက္ကသိုလ် အာဏာပိုင် ဗြိတိသျှ လူမျိုးတို့က ဖော်ထုတ်ပေးရန် အယ်ဒီတာကိုအောင်ဆန်းကို ပြောဆိုရာ ကိုအောင်ဆန်းက ရေးသူ ကိုညိုမြမှန်း သိနေသော်လည်း စာနယ်ဇင်း ကျင့်ဝတ်အရ မဖြစ်နိုင်ကြောင်း ငြင်းဆန်ခဲ့သဖြင့် တက္ကသိုလ် အာဏာပိုင်တို့က ကိုအောင်ဆန်းကို ကျောင်းထုတ်ပစ်လိုက်ရာ ရန်ကုန်တက္ကသိုလ် ပထမ ကျောင်းသား သပိတ်ကြီး အစပြုဖြစ်ပွားရာမှ (၁၃၀၀) ပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်ဟု တရားရုံး တရားခွင်၌ လျှောက်ထားခဲ့သည်။

ပြီးနောက် The Voice Weekly ၏ ရှေ့ နေက ဆက်လက်၍ လျှောက်လဲချက် ပေးရာတွင် စာနယ်ဇင်းကျင့်ဝတ် အမှတ်စဉ် ၅ မှာပါတဲ့ "သတင်းစာသမားတို့သည် မိမိကိုယုံကြည်၍ ထုတ်ဖော်ပြောဆိုလိုက်သော သတင်းရင်းမြစ်တို့၏ လုံခြုံရေးကို အလေးထားသောအားဖြင့် အထူးသိပ်သည်းလျှို့ဝှက်ထားရမည်" ဆိုတဲ့ အချက်နဲ့လည်း ထပ်ဆင့်ရှင်းပြခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များအရ ‘နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးဌာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေပိုင်ခွင့်’ ရှိကြောင်း လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။

သတ္ထုတွင်း ဝန်ကြီးဌာန၏ ရှေ့ နေက ငွေကြေးအလွဲသုံးစားပြုသည် ဆိုသော အရေးအသားသည် သတ္တုတွင်းဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ သတင်းရေးသားသူမှာလည်း တာဝန်ရှိကြောင်း၊သတင်းရေးသားသူ၏ အမည်ကို The Voice Weekly အယ်ဒီတာချုပ်က သိနေပါလျှက်တမင်သက်သက် ထိမ်ချန်ထားပါသဖြင့် ဖော်ထုတ်ပေးရန် တာဝန်ရှိကြောင်း ယခင်တရားခွင် ကဲ့သို့ ပြန်လည် လျှောက်ထားခဲ့သည်။

အဆိုပါ စတုထ္တ အကြိမ် မြောက် တရားခွင်သို့ ပထမအကြိမ် ရုံးချိန်းမှ စ၍ မပျက်မကွက် တက်ရောက် သတင်း ရယူခဲ့သော Eleven Journal၊ Messenger Journal၊ Venus Journal၊ Yangon Times နှင့် နိုင်ငံခြား သတင်းမီဒီယာများမှ သတင်းထောက်များသာမက Myanmar Journalist Association ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ Myanmar Journalist Union ဖြစ်မြောက်ရေး အဖွဲ့ဝင်များပါ တက်ရောက် သတင်းရယူခဲ့သည်ကို တွေ့ရှိရသည်။

သတင်းရေးသားသူအား ဖော်ထုတ်ရန် ကိစ္စနှင့် ပတ်သတ်၍ အပြီးသတ် အမိန့်ကို မေလ ၂၃ရက်နေ့တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း The Voice Weekly အကျိုးဆောင် ရှေ့ နေကပြောကြားသည်။

 The Voice Weekly
သတင်းရေးသူအား ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ရှေ့ နေ လျှောက်လဲချက်ပေး သတင်းရေးသူအား ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ရှေ့ နေ လျှောက်လဲချက်ပေး Reviewed by သစ်ထူးလွင် on 04:54 Rating: 5

12 comments:

Toe Toe said...

သမ္မတကြီးရေ Good governance,Clean Government ဖြစ်လာဘို့ဆိုရင်ဒီဖြစ် စဉ်မှာ voice journal မှန်ပါတယ်။ မုံရွာကြေးနီးတွေအလွဲသုံးစားလုပ်ပြီးရတဲ့ငွေ တွေဘယ်ရံပုံငွေထဲထည့်သုံးသလဲမစုံးစမ်းဘဲ။ဒီလိုအဆင်အခြင်မဲ့တရားစွဲတာ တော့မကောင်းပါဘူး။ ၀န်ကြီးကတော့အသစ်မို့ထားပါတော့အောက်ကလူတွေက အရင်ကထဲကအဟောင်းတွေပါ။သူတို့မှာတာဝန်ရှိနေပါတယ်။ ဒီလိုရေးတဲ့သူရှိမှ လဲမဟုတ်တာမလုပ်ရဲမှာပါ။ဒါတောင်ဆက်လုပ်တဲ့သူတွေကရှိနေဆဲပါ။အထူးသ ဖြင့်ဒီရာထူးပြုတ်လဲ။အရင်ပင်စင်ကျန်သေးတယ်ဆိုတဲ့နှစ်သီးစားထဲကတစ်ချို့ လူ မိုက်တွေကတော့လစ်သလိုဆက်ခိုးနေကြဆဲပါ။အရပ်လူမိုက်တွေကကပ်စားတွေလုပ် နေကြတာပေါ့။

Anonymous said...

အယ်ဒီတာကျင့်ဝတ်နဲ့ပြည့်စုံတဲ့ the voice weekly
အယ်ဒီတာအားချီးကျူးပါ၏။ပြည်တွင်းမှာတကယ့်စာနယ်ဇင်း
ကျင့်ဝတ်ကိုthe voice weekly အယ်ဒီတာမှရဲရဲဝင့်ဝင့်
ကျင့်သုံးသည်ကို ပြည်ပသတင်းဌာနကြီးတစ်ခု၏အယ်ဒီတာ၊တာဝန်ခံတို့၏
ဌာနတွင်းအာဏာရှင်စနစ်ကျင့်သုံးမူ၊ခေါင်းရှောင်မူ့၊သူတို့အော်အော်
နေတဲ့စစ်အာဏာရှင်စနစ်ဖြစ်သည့်အထက်ဖားအောက်ဖိ(ဒ်ါလာ
မျက်နှာကြည်ပြီးအလုပ်လုပ်သူ)ကိုကျင့်သုံးမူ့၊မှန်ရာများများပြောက
ထင်သလိုအလုပ်ထုတ်ပြီးခြိမ်းခြောက်မူတို့ကိုကျင့်သုံးနေသောထိုထို
အယ်ဒီတာများthe voice weekly အယ်ဒီတာ၏လုပ်ဆောင်မူ
ကိုအတုယူကာရှက်သင့် ပြီး၊စာနယ်ဇင်းဥပဒေပြည်ပမြန်မာလူမျိုးအယ်ဒီတာ၊
တာဝန်ခံများအကြားပွင့်လင်းပြီးတိုးတက်ဖို့ဆုတောင်းပါတယ်...

Small Villager said...

အလွယ်လေးပါ ခက်အောင်လုပ်နေကြတယ်
ဟုတ်မဟုတ် သတင်းပေးသူကို အရင်မစစ်ဘဲ
သတ္တူတွင်းဝန်ကြီးဌာနကို အရင်းစစ်ဆေးလိုက်ပေါ့
သူတို့ဖော်ထားတဲ့အတိုင်း မှန်တယ်ဆိုရင် အရေးယူလိုက်လေ
မမှန်ဘူးဆိုင်ရင် ဖော်ထုတ်ရေးသားတဲ့သူတွေကို အရေးယူလိုက်လွဲလွဲ
မဟုတ်ဘူး
သတ္တုတွင်းဝန်ကြီးဌာနက အဲဒီအတိုင်း ဟုတ်မဟုတ် ဘာလို့အရင်မစစ်ကြ
တာလဲ မဟုတ်ဘူးဆိုတာ စစ်ဆေးလို့သေချာမှ မဟုတ်မမှန်ပြောတဲ့သူကို
ဖော်ထုတ်စစ်ဆေးရမှာလေ
ဟုတ်နေတယ်ဆိုရင် ဖော်ထုတ်စရာတောင်မလို အရေးယူဘို့ဘဲလိုလေ
အခု အရေးယူဘို့ သတင်းမှန် မမှန် စစ်ဘို့ တစ်ခုမှ မပါ
ဘာအတွက်ကြည့်နေကြတာလဲမသိဘူး
မသိတာတော့ မဟုတ်လောက်ပါဘူး တရာသူကြီးရယ်

Thurein said...

ပာုတ်လို့ပေါ်တာပဲဗျာ။ အခုလူသိများတော့မှ အရှက်ပြေ ထပြီး တရားစွဲတာတွေ ဘာတွေလုပ်နေသေးတယ်။ ပြီးရင် ရှုံးသွားရင် ဒီထက်ပို ရှက်စရာကြီး။ သူများတွေလို ပာုတ်သလို မပာုတ်သလိုနဲ့ အရူးကွက်နင်းနေလိုက်တာမပာုတ်ဘူး။

ဆေးပညာအကြောင်းသိကောင်းစရာများ
www.academicmedicines.blogspot.com

Anonymous said...

The voice weekly မှအယ်ဒီတာ၏သတင်းထောက်အပေါ်
စာနယ်ဇင်းကျင့်ဝတ်ကိုကောင်းစွာ
လေးစားလိုက်နာကျင့်သုံးပြီး
အယ်ဒီတာကျင့်ဝတ်အရကျင့်သုံးသော
လုပ်ရပ်အားများစွာလေးစားချီးကျူးထိုက်ပေသည်။
ပြည်ပရှိသတင်းဌာနကြီးများအချို့အတုယူထိုက်ပေ၏။
အာဏာရှင်ဆန်ဆန်ကျင့်သုံးပြီး
တာဝန်ယူမူ့ မရှိသော၊အာဏာတည်ဖို့
အကြောင်းပြချက်မရှိသတင်းထောက်ကှိဖြုတ်လေ့ရှိသော
ပြည်ပအယ်ဒီတာနှင့်တာဝန်ခံတို့၏လုပ်ရပ်နှင့်ဘာမှ
မနှိုင်းယှဉ်နိုင်လောက်အောင်
ကွာခြားလှ၏။ပြည်သူမျက်နှာကြည့်
သောအယ်ဒီတာ၏လုပ်ရပ်နှင့်
ဒေါ်လာမျက်နှာကြည်ပြီးလုပ်သော
ဒေါ်လာစား(တချို့ )တို့၏လုပ်ရပ်များကို
နှိုင်းယှဉ်သော်………

Ukyawkyaw said...

သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့်စာစောင်၏အရေးအသားမှား
ယွင်းကြောင်းကိုပထမဆုံးသက်သေပြသင့်ပါသည်။မိမိဘက်ကမှန်ကန်ပါကစစ်မှန်သောဒီမိုကရေစီနိုင်ငံတော်တွင်မတရားစွပ်စွဲသူ
မည်သူကိုမဆိုနစ်နာကြေးထရီလျှံနှင့်တောင်းဆိုနိုင်ပါသည်၊၀န်ကြီးဌာနကမှန်ကန်ကြောင်းအရင်ဆုံးပြသပေးစေလိုပါသည်။

Justice lover said...

ဟုတ်တယ်ဗျို့
ရှင်းရှင်းလေးပဲ၊ ဝန်ကြီးဌာနက သတင်းမှားကြောင်း အယင်သက်သေပြနိုင်မှ ဂျာနယ်ကို တရားစွဲလို့ ရမယ်လေ။
ဒီသတင်းမှား မမှား၊ auditor တွေနဲ့ စစ်ကြည့်ယင် ပေါ်ပါတယ်ဗျာ။ လွယ်လွယ်လေးပါ။ ဒါပေမယ့် 3rd party auditor ဖြစ်ရမယ်နော်၊ အစိုးရ စာရင်းစစ်တော့ မဟုတ်ရဘူး။ သူတို့ဆို စာရင်းစစ် မဟုတ်ပဲ စားယင်းစစ် ဖြစ်သွားမယ်။

မောင်ငွေ said...

voice weekly ဘက်ကမှန်တယ်ထင်ပါတယ်။ သတင်းပေးသူကိုသာ ဖေါ်ပြပေးကြစတမ်းဆိုပါက နောင်ကို ဘယ်သတင်းထောက်က သတင်းမှန်ပေးရဲတော့မလဲ။ ရပ်တည်ချက်ကို ဆက်တောင့်ထားပေးပါ..ကိုယ့်လူ။ခင်ဗျား ဂျာနယ်ကိုလည်းအပတ်စဉ် ၀ယ်ဖတ်နေပါတယ်။

Ebrahim said...

သူများတွေကျတော့ အခြေအမြစ်မရှိဘဲ ဖမ်းချင်တိုင်းဖမ်း၊ ထောင်ချချင်တိုင်း ထောင်ချခဲ့ကြပြီး အခု ကိုယ့်အလှည့်ကျတော့မှ ဥပဒေတွေနဲ့ တရားရုံးတွေနဲ့ ဟာဟ ရယ်ဖို့ ကောင်းတာ။
အလွဲသုံးစားမလုပ်ခဲ့ဘူးလို့ သစ္စာဆိုရဲကြလား။ ကိုယ့်လိပ်ပြာ ကိုယ်လုံကြရဲ့လား။ လုံတယ်ဆိုရင် ဘယ်လောက်ရတယ်။ ဘယ်လောက်သုံးတယ် ရှင်းတမ်း ထုတ်ပြကြလေ။ ရေးတဲ့လူကလဲ မသိဘဲတော့ ရမ်းမရေးရဲလောက်ပါဘူး။ ခုခေတ်က မြို့နယ်အဆင့်လောက်ကိုပဲ ဆင်လောက်မှတ်နေကြရတာ။ ၀န်ကြီးအဆင့်ဆို ဂေါ်ဇီလာလောက် ရှိတယ်။ ဒါကြီးကို မဟုတ်ဘဲတော့ မရေးလောက်ဘူး။ Voice ရဲ့ ခေါင်းဆောင်တွေကိုတော့ လုံးဝ လေးစားသွားပြီ။

ngaba said...

နိုင်ငံတော်အဆင့် လွှတ်တော်auditorတွေ စစ်ပြီးထွက်လာတဲ့ သတင်းကို ပြန်ရေးတာပါ။ လွှတ်တော်ကို မရမ်းရဲလို့ ဂျာနယ်ကို တရားစွဲပြနေတာလေ။ အံ့သြဖွယ်တွေကြီးပဲ။

san san said...

တကယ်ဆိုသူတို့မရှက်တတ်လို့သတ္တုတွင်းဝန်ကြီးကစားတာရှက်တတ်ရင်ကိုယ့်ကိုသတ်သေဘို့တောင်ကောင်းတယ်။ဝန်ကြီးဌါနတွေမစားတဲ့ဌါနမရှိဘူး။အရှက်မရှိကြဘူး။

ဖိုးဖိုးကြီး said...

တရားသဖြင့် ဖိုးဖိုးကြီး အနေနှင့်သုံးသပ်မိပါတယ်။ သတင်းရေးသားသူတွေကိုလည်း အပြစ်မတင်ပါ။ သို့သော် ဌာနဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတိုင်းလာတ်စားသူတွေ-အလွှဲသုံးစာပြုသူတွေရှိသလို-ရိုးသားသူတွေလည်းရှိကြပါတယ်။ မိမိစာစောင် ရောင်းကောင်းရေးအတွက် သူတပါးရဲ့ဂုဏ်သိက္ခာကိုမထိခိုက်စေလိုပါ။ ကိုယ်ကသူများကိုမဟုတ်မတရားစွတ်စွဲသလိုကိုယ့်အပေါ်ကိုလည်းသူတပါးကမိမိစွတ်စွဲသလို ရေးသားစော်ကားခဲ့ရင်ကောမိမိအနေနဲ့ခံနိုင်ပါ့မလား။
သတင်းသမားဆိုတာ-သတင်းအမှန်သာ ရေးသားရပါတယ်။မမှန်မကန်သ
တင်းတွေမရေးသင့်ပါ။ ပြည်သူတွေအနေနဲ့က သတင်းအမှန်သာသိချင်ကြ
တာပါ။ဖိုးဖိုးကြီးလည်းသတင်းအမှန်ကိုသာ အားပေးပါတယ်။ သတ္တုတွင်းဝန်
ကြီး၏ဂုဏ်သိက္ခာကို ဖိုးဖိုးကြီး ကောင်းကောင်းသိပါတယ်။ အခြားသူတွေရဲ့
ကိစ္စတွေတော့ ဖိုးဖိုးကြီး မသိပါဘူး။ ဖိုးဖိုးကြီးနှင့် ဘယ်ပြည်ထောင်စုဝန်
ကြီးတွေနဲ့တစ်ယောက်မှ မရင်းနှီးပါဘူး။ ဒါပေမဲ့ ဖိုးဖိုးကြီးကအများကြီးသိ
ထားတာတွေရှိလို့ အမှန်ဖြစ်စေချင်တာပါ။

Powered by Blogger.