လျှပ်စစ်မီးရရှိရေး ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ပြည်မြို့ ကိုလည်း မီးစက်တွေရောက်ရှိလာ

ပဲခူးတိုင်း ပြည်မြို့ သို့ စပိန်နိုင်ငံက မှာယူတင်သွင်းထားတဲ့  မီးစက်တွေ ၂၄-၅-၂၀၁၂ နေ့ 
လည်ပိုင်းက ရောက်ရှိလာကြောင်းသိရပါတယ်။

ပြည်မြို့ ရတနာမာန်အောင်ရပ်ကွက်ရှိ ပြည်မြို့အား ရေပေးဝေသည့် စခန်းနှင့် လျှပ်စစ်
မီးအတွက် လိုအပ်သောနေရာများတွင် လျှပ်စစ်ဓာတ်အား မောင်းနှင်းဖြန့်ဖြူးရန်
အတွက် အမှတ်(၂)လျှပ်စစ်ဝန်ကြီးဌာနက ပေးပို့ လာတာဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်မီးထွန်း ဆန္ဒပြခဲ့တဲ့ မြို့ တွေမှာ
ပြည်မြို့ တမြို့ ထဲသာ မေလ(၂၄)ရက်နေ့ မနက်ပိုင်းက ဆန္ဒပြသူတွေကို လုံထိန်းရဲ
တွေက အကြမ်းဖက် ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

ပြည်မြို. လမ်းမတော်လမ်း ဗဟိုမီးသတ်ရှေ့ မှာ  ပြည်မြို. ၂၄နာရီ မီးရရှိရေးဆန္ဒပြ
နေသူတွေကို  လုံထိမ်းရဲများက ပြင်းထန်စွာရိုက်နှက်ကြရာမှာ ခေါင်းကွဲသူကွဲ ပြဲသူပြဲ ၊
နဲ့ ဖမ်းဆီးပြီး အဆင်သင့်စောင့်နေတဲ့  အချုပ်ကားပေါ်သို.တင်ဆောင်က ပြည်မြို့ 
ထောင်ကိုခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။

အခုလို အကြမ်းဖက် ဖမ်းဆီးရိုက်နှက်ရာမှာ မြို.နယ်မှုးနှင့်တကွ စခန်းမှူးများကပါ
ဝင်ရောက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖမ်းဆီးတဲ့
နေ့ မှာပဲ ပြည်မြို့ အတွက် မီးစက်တွေရောက်လာတာလည်း ဖြစ်ပါတယ်။

Myanmar News Now















လျှပ်စစ်မီးရရှိရေး ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ပြည်မြို့ ကိုလည်း မီးစက်တွေရောက်ရှိလာ လျှပ်စစ်မီးရရှိရေး ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ပြည်မြို့ ကိုလည်း မီးစက်တွေရောက်ရှိလာ Reviewed by သစ်ထူးလွင် on 15:00 Rating: 5

26 comments:

min yar zar said...

မီးစက်တွေတော့ ရောက်လာပြီ၊ ဆီရောရှိရဲ့လား???? နောက်ပြီး EPC က လူတွေကလည်း ဆီတွေခိုးဖို့ ၈ွင်ဖန်လာပြန်ပြီပေါ့....

မေဆူညံလေး said...

ဟေးးးးးးးးးးးးးပျော်စရာကြီးပဲ ...ပြည်မှာ မီးရတော့မယ် ကွ
သတင်းတင်ပေးလို့ ကျေးဇူးနော် မွေးနေ့တုန်းက ဆုတောင်းပေးထားတယ် ဟီး..

minnkyansit said...

အကြမ်းဖက်မှုမှာတာဝန်ရှိတဲ့သူကိုအမြန်ဆုံးအရေးယူပါ..

bomberman said...

ဓါတ်ပုံအားလုံး လေ့လာကြည့်တော့ မီးစက် တစ်လုံးထည်း တွေ့တယ်
တစ်လုံးထည်းနဲ့ ဘယ်လိုအဆင်ပြေမလဲ
ဒုတိယ ပုံမှာ ကားပြောင်းတင်နေသလိုလို
ဘော်ဒီက အစိမ်းဆိုတော့ ဌာနဆိုင်ရာကားထင်တာပဲ
ဘယ်ဌာနက အပိုင်စီးပြီး ဘယ်လို အလွဲသုံးစားကြမလို့လည်း

Sai Mawn said...

အစိုးရဘက်က ဌာန ဆိုင်ရာတွေ ၀န်ကြီးဌာနတွေရဲ့ ဒီပြဿနာ ကို လတ်တလော ဖြေရှင်းပုံတွေက ဆေးမြီးတိုနဲ့ ကုစားနေတာပဲ ဖြစ်ပါတယ်။ အရင်တုန်းကလည်း ဒီလိုနည်းလမ်းဟောင်းတွေနဲ့ပဲ ကြိုးစားဖြေရှင်း ပေးခဲ့တာပါ။ ရေရှည် မခံပါဘူး၊ နာတာရှည်ရောဂါသည်ကို ဓာတ်စာလေးတိုက်ပြီး ကုဖို့ ကြိုးစားနေတာပါ။ ရှင်းရှင်းပြောရရင် အစိုးရဟာ စားဝတ်နေရေးဆိုတဲ့ အခြေခံလိုအပ်ချက်တွေကို ပြည်သူတွေအတွက် မဖြည့်ဆည်းနိုင်ဘူး ဆိုတာ ပြနေပါတယ်။

မိုက်ကယ် said...

ဒီလိုလေး လုပ်ပေးတော့လည်း ကျေးဇူးတင်ပါတယ်ဗျာ။ အစောကတည်းကသာ လုပ်ပေးလိုက်ရင် ပြည်သူတွေ ဘယ်လောက်တောင် များ ကျေးဇူးတင်မိမလဲမသိဘူး။ ခုတော့ ဖယောင်းတိုင်ဖိုး အကုန်ခံလိုက်ရတယ်။ တန်ပါတယ်လေ။

NewGနတ်ရှင်နောင် said...

လမ်းပေါ်ထွက် မှ မီးစီစဉ်ပေးမှာလား။ လမ်းပေါ်ထွက်တဲ့ မြို့ကို မီးစီစဉ်ပေးမယ်ဆို လည်းပွင့်ပွင့် လင်းလင်းပြောသင့်ပါတယ်။ လိုအပ်နေတာ တစ်နိုင်ငံလုံးပါ။ တစ်နိုင်ငံ လုံးအတွက်စဉ်းစားပေးစေချင်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးကို မီးလင်းစေချင်ပါတယ်။ ဟိုနားက အသံထွက်ရင်ဟိုနားကို ဖာလိုက် ဒီနားက အသံထွက်ရင်ဒီနားကို ဖာလိုက် ဆိုရင်ကြာရင် အဖာရာ ဘလပွနဲ့ မြန်မာနိုင်ငံ ကြီး ဖြစ်လာမှာပါ။ တစ်သက်လုံး မီးစက်နှိုးပြီး မီးပေးလို့ တော့ မဖြစ်နိုင်ဘူး ဆိုတာ လူတိုင်းသိပါတယ်။ ရည်ရှည်ကို ကြည့်ပြီး လုပ်ဆောင်သင့်ပါတယ်။ လျှပ်စစ်မထွက်တဲ့ ရေအားလျှပ်စစ်တွေကို ပြင်။ ပိတ်သင့်တာကို ပိတ်သင့်ပါတယ်။ တောင်ငူနားက ပသိရေအားလျှပ်စစ်တို့ ခပေါင်းရေအားလျှပ်စစ်တို့ နဲ့ မြန်မာတစ်နိုင်ငံလုံးက လျှပ်စစ်စက်ရုံတွေကို စစ်ဆေးရေးအဖွဲ့ စေလွှတ်ပြီး သူတို့ ပြောသလို လျှပ်စစ်ထွက်ရဲ့လားဆိုတာကို စစ်ဆေးသင့်ပါတယ်။ ကျွန်တော်ကြားသ လောက်တော့ ခပေါင်း ရေအားလျှပ်စစ် စက်ရုံကြီး နဲ့ ပသိရေအား စက်ရုံကြီး ဖွင့်တော့ လောပိတ ကလျှပ်စစ်ကို သွယ်ပြီး ၀န်ကြီး ကို ပြရတယ်ဆိုပဲ။ ဟုတ်မဟုတ်စစ်ဆေးပြီး ပြင်သင့်တာကို ပြင်လိုက်မယ်ဆို ရင် အရင်ထက်တော့ လျှပ်စစ်ပိုထွက်လာလိမ့်မယ်လို့ ထင်ပါတယ်။ တစ်ခါလိမ်ခံ၇ရင် လိမ်တဲ့သူ ရဲ့ အပြစ်ပါ ။ အဲ့ထက်ပိုလာရင်တော့ အလိမ်ခံ ရတဲ့သူက စောက်သုံးမကျလို့ ပဲ။

pyaponthu said...

တခြားမြို့တွေမှာရောမီးစက်မရဘူးလား

001komgmg222@gmail.com said...

ရိုက်နှက်သူလုံထိန်များနှင့်မြို့နယ်မှူး၊စခန်းမှူးများကိုပြည်သူများညှင်းပန်နှိပ်စက်မှုနှင့်အမှုဖွင့်အရေးယူတရားစွဲဆိုချပါ၊ပြည်မြို့မှပြည်သူများခင်ဗျာ။

Htein Aung said...

အစားတစ်လုပ် ဒုတ်တစ်ချက်
အဲ ဟုတ်ပေါင် ဒုတ်ချက်ကအရင် စားချက်ကနင်
ဇော်မင်းဟဲ့နင် လူပေါ်လူဇော်
တော်ပါပေသည်
သေနိုင်ခဲသား ။

Cinderella said...

မီးစက်ကြီး‌တွေက‌တော့‌ရောက်လာပါပြီ...ဘာနဲ့‌မောင်းကြမလဲ...
‌မောင်းမဲ့ဆီ‌တွေရပါပြီတဲ့..အရင်တုန်းကလိုဘဲခိုးကြအုံးမှာလား..
"‌ပေးကား‌ပေး၏မရ" ဆိုတာမျိုးမဖြစ်ရ‌အောင် တာဝန်ရှိသူ‌‌တွေတာဝန်
သြိကပါ‌စေလို့ဆု‌တောင်းလိုက်ပါရဲ့...။

Anonymous said...

မီးလာတော့မယ်ဟေ့။

ကိုဖြိုး said...

တာဝန်ရှိ ပုဂ္ဂိုလ်ကြီးများ (CE) ကိုယ်တိုင် ကြီကြပ်၍ ဆောင်ရွက်နေပါသည်။

ချစ်ဖူး said...

လူတွေကို ရိုက်ချင်တိုင်းရိုက်ကြတယ်ပေါ့။ အေးပေါ့ကွာ စစ်တပ်ပြီးတော့ မင်းတို့အလှည့်ပေါ့။

ကိုဖြိုး said...

မန္တလေးမှာ MD
ပြည်မှာ CE
DyCE ? SE ?

youthmedia said...

အေးချမ်းစွာ ဆန္ဒဖော်ထုတ်သော လူထုအား ရဲများက အကြမ်းဖက် ခြင်းသည် ဒီမိုကေ၇စီ မ၇ှိကြောင်း ပြသ လိုက်ခြင်းဖြစ်ပါသည် ဥပဒေ အထက်တွင် ၇ဲများေ၇ာက်နေခြင်းလည်း ဖြစ်ပါသည် ဥပဒေဘောင်အတွင်း လုပ်ဆောင်ခြင်းထက် ဥပေဒ အားကျော်လွန်လုပ်ဆောင်ခြင်း လည်းဖြစ်သည်

mamamay said...

ဘာဘဲဖြစ်ဖြစ်ကျေနပ်လိုက်ကြရအောင်...
ငိုတတ်တဲ.ကလေးနို.စို.ရသတဲ့...
ပြည်ကပြည်သူတွေမီးရပြီဆိုတော
ဟိုဘက်ကမ်းကမီးထိန်ထိန်..
ဒီဘက်ကမ်းကမီးထိန်ထိန်ဖြစ်ပြီပေါ့...

COBRA said...

ပြည်မှာ ဆန္ဒ ပြသူတွေကို ရိုက်နှက်သူများအား အရေးယူပေးပါ ။

anawmar said...

အဖမ်းခံ၊ အရိုက်ခံရတဲ့သူတွေရော အခုဘာတွေဖြစ်ကုန်ပြီလဲ။

min said...

ဆန္ဒပြတောင်းဆိုမှု့လုပ်တာ ၅ရက်၊ တစ်ပတ်လောက်ပဲရှိပါသေးတယ်၊ စပိန်နိုင်ငံက မီးစက်မှာရင်ဘယ်လိုမှတပတ်အတွင်မရောက်နိုင်ဘူး၊ မီးစက်တွေက အစထဲကရှိပြီးသားတွေဖြစ်မယ်၊ ငိုတဲ့ကလေးအငိုတိတ်အောင် မုန့်ကျွေးပြီးချော့တာဖြစ်မယ်၊

Irrawaddy Myanmar said...

ဒီမီးစက်က 3 MVA တောင်ထွက်ပါ့မလား။ 3 MVA မီးစက်က ၁ မြို့ နယ်တောင် ပေးနိုင်ပါ့မလား။ 3 MVA က 300 megawatt ထွက် တဲ့ ဆည်ရဲ့ ၁% နှုန်းတောင်နည်းသေးတယ်။ ဆီလည်းထည့်ရဦးမယ်။

minaung1149 said...

ဒိမီးစက်ကပြည်တစ်မြို့လုံးအတွက်လား၊ရီစရာဗျာသတင်းထုက်ပြန်ကောင်းယုံပါပဲ။

Unknown said...

ငြင်းပန်းနှိပ်စက်သူများကျန်းမာပါစေ၊ချမ်းသာပါစေဝဋ်မလည်ကြပါစေနဲ့လို့မေတ္တာပို့ကျိန်ဆဲလိက်ပါရစေ။

than said...

အင်း ဟုတ်တော့ဟုတ်နေတာ ပဲ ။ လိမ်တဲသူကလဲ လိမ် အလိမ်ခံတဲ့သူကလဲ အလိမ်ခံ။ သိပ်ပျော်မနေကြပါနဲ့ သေသေချာချာလဲ လေ့လာ ဆောင့်ကြည့်ကြပါဦး ခင်ဗျားတို့ ဟာက ခုဆန္ဒလေး ထွက်ပြလိုက် အရိုက်ခံလိုက် သူတို့ အနိုင် ကျင့်ချင်သလို့ ကျင်ပြီး အသံမထွက်အောင် မီးစက် အစုတ် တလုံး နိုင်ငံခြားကနေ ကောက်လာပြ တာကို ပျော်နေကြတယ်ပေါ့။ ဒီမီးစက်လေးနဲ့ ပြည်တမြို့လုံး နိုင်ပါ့မလား။ နိုင်ရင်ကော ရေရှည် သုံးလို့ ရပါ့မလား။ ခင်ဗျားတို့ ဒီလောက်တုံး လို့လဲ စစ်အစိုးရ က နှစ် ၂၀ ကျော် ဂုတ်သွေးစုပ်သွားတာ မမှတ်သေးဘူးလား? အဓိက က တနိုင်ငံလုံးအတွက် ရေရှေ အတွက် စဉ်းစားကြရမှာဗျ။ အထက်က စောက်သုံးမကြတဲ့ လူကြီးတွေ ကိုဖြုတ် ချဖို့ ဆန္ဒပြ သုံးရတဲ့ သူတွေတင် ဒီလိုနဲ့ နိုင်ငံ တဝှမ်းလုံး တိုးတက်အောင်လုပ်ရမှာ ခုချိန်မှာ ပြည်မြို့တမြို့တည်း မီးထိန်ထိန် လင်းနေလို့ တနိုင်ငံ လုံး တိုးတက်လာမှာမဟုတ်ဘူးဗျ သိပ်ပျော်မနေကြနဲ့ ပြီးရင် ဌာနဆိုင်ရာ က ဂျင်းထည့်တာမခံ ရအောင်လဲ သတိနဲ့နေကြပါဦး။ ဒီလောက်နဲ့ တက်းတိမ်ပြီး ပျော်နေရင်တော့ ကျွန်ဘဝက လွတ်မှာ မဟုတ်ဘူးဖြို့။

hlawgyi said...

မီးစက်ကဘယ်လောက်kv ထွက်မှာလည့်းတွေရတာကတော့ သေးသေးလေးဘဲ....ရပ်ကွက်တစ်ခုတောင်လောက်အောင်ပေးနိုင်ပါ့ မလား....

hlawgyi said...

မီးစက်ကဘယ်လောက်kv ထွက်မှာလည့်းတွေရတာကတော့ သေးသေးလေးဘဲ....ရပ်ကွက်တစ်ခုတောင်လောက်အောင်ပေးနိုင်ပါ့ မလား....

Powered by Blogger.