တရုတ်သင်္ဘောသား ၁၃ ဦးကို ပြီးခဲ့တဲ့နှစ်က မဲခေါင်မြစ်ထဲမှာ သတ်ဖြတ်ခဲ့မှု သံသယနဲ့ တရုတ်အစိုးရက အလိုရှိနေတဲ့ မူးယစ်ရာဇာ စိုင်းနော်ခမ်းကို လာအို အစိုးရက တရုတ်နိုင်ငံ ကို ဒီနေ့လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
နော်ခမ်းကို စင်းလုံးငှားလေယာဉ်နဲ့ လာအိုနိုင်ငံကနေ တရုတ်နိုင်ငံကို ပို့ဆောင်လိုက် တာဖြစ်ပြီး တရားဝင် အခမ်းအနားနဲ့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားတွေမှာ ထုတ်လွှင့်သွားခဲ့ပါတယ်။
တရုတ် ဆင်ဟွာသတင်းမှာတော့ တရုတ်ပြည်သူ့လုံခြုံရေးဌာနရဲ့ မူးယစ်ဆေးဝါး ထိမ်းချုပ်ရေး ဗျူရိုအဖွဲ့က ညွှန်ကြားရေးမှူး လီယူ ယူကျွင်းက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေးမှာ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း ၄ နိုင်ငံ အတူတကွ လုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ နော်ခမ်းနဲ့ သူ့ရဲ့ အဓိက အဖွဲ့ဝင်တွေကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ပြီး မဲခေါင်မြစ် တလေ်ွာက် လုံခြုံရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းနေပါတယ်လို့ ပြောတဲ့အကြောင်း ဖော်ပြပါတယ်။
စိုင်းနော်ခမ်းကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလဆန်းပိုင်းက မဲခေါင်မြစ်ထဲ သွားလာနေတဲ့ တရုတ်ကုန်တင်သင်္ဘော ၂ စီးကို တိုက်ခိုက်ပြီး တရုတ် သင်္ဘောသားတွေကို ပြန်ပေးဆွဲ သတ်ဖြတ်မှုအပြင် ဒေသတွင်း မူးယစ်မှု၊ လူသတ် ဓားပြမှုတွေနဲ့ ထိုင်း၊ မြန်မာနဲ့တရုတ်နိုင်ငံတွေက အလိုရှိနေတာပါ။
တရုတ်အစိုးရကတော့ ဒီပြစ်မှုတွေကို စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို တရားဥပဒေအတိုင်း အရေးယူဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် စိုင်းနော်ခမ်းကို ဘယ်လို တရားစီရင်မယ် ဆိုတာတော့ မသိရသေးပါဘူး။
ထိုင်းနိုင်ငံကလည်း စိုင်းနော်ခမ်းကို မူးယစ်ဆေးဝါးမှုတွေနဲ့ ဆုငွေ ဘတ် ၂ သန်းနဲ့ ဖမ်းဝရမ်းထုတ်ပြီး နောက်ရက် အနည်းငယ်အကြာ ဧပြီလ ၂၅ ရက်နေ့လောက်က လာအိုနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်း သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
စိုင်းနော်ခမ်းဟာ ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်ဇာတိဖြစ်ပြီး ခွန်ဆာရဲ့ အမ်တီအေ မုန်တိုင်းတပ်ဖွဲ့ဝင်ဟောင်းနဲ့ တာချီလိတ် ပြည်သူ့စစ်တပ်ခေါင်းဆောင် ဟောင်းလည်း ဖြစ်ပါတယ်။ သူ့ကို မြန်မာအစိုးရကလည်း မူးယစ်ဆေးဝါးမှောင်ခိုမှု ရဲတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်မှုတွေနဲ့အလိုရှိနေတာပါ။
ပီတာအောင် (ဒီဗွီဘီ)

စိုင်းနော်ခမ်းကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်
Reviewed by သစ်ထူးလွင်
on
16:35
Rating:
12 comments:
ဗမာ့တပ်မတော်ထဲကလူကိုဗမာပြည်ကိုပဲ
အပ်သင့်တာပေါ့။ဘာလို့ပေါက်ဖေါ်လက်ထဲထည့်တာလဲ။
ဘာလို့ တရုပ်ကိုလွဲရတာလဲ ... မြန်မာနိင်ငံသားတစ်ယောက်ကို၊
မြန်မာနိင်ငံဥပဒေနဲ့အရေးယူရမှာ မဟုတ်ဘူးလား ။...
စိုင်းနော်ခမ်းသည် မြန်မာနိုင်ငံသားဖြစ်ပါသည်။
မြန်မာအစိုးရကလည်း အလိုရှိသူတစ်ဦးဖြစ်ပါသည်။
မြန်မာအစိုးရမှ ပြန်လည်တောင်းခံသင့်ပါသည်။ နိုင်ငံတကာတွင် အိမ်ရှင်နိုင်ငံ၏ ဥပဒေအား ဖောက်ဖျက်ခဲ့သည့် မိမိနိုင်ငံသားများအား မိခင်နိုင်ငံများမှ ပြန်လည်တောင်းခံသည့် အစဉ်အလာများ ရှိပါသည်။
ဘိန်းဘုရင် လော်စစ်ဟန် (အေးရှားဝေါလ် ဦးထွန်းမြင့်နိုင်၏ ဖခင်) အား ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ပြီး မြန်မာအစိုးရမှ လွှဲပြောင်းရယူခဲ့သည့် အစဉ်အလာ ရှိခဲ့ပါသည်။
ယခုဖြစ်စဉ်အား တတ်သိပညာရှင်များမှ ဆောင်းပါး ရေးသားသင့်ပါသည်။
မြန်မာနိုင်ငံသားဖြစ်သည့်အတွက် မြန်မာအစိုးရမှပြန်တောင်းခံသင့်ပါသည်။ပေါက်ဖေါ်ဆီရောက်သွားရင် သေဒဏ်ပေးမှာပေါ့။
အော်.....ဦးလေးတို့ကလဲပြောမယ်ဆိုတာကြီးပဲ အဲဒီချေးထုပ်ကိုလိုချင်နေလဲ တရုပ်ကနေခင်များတို့အိမ်တွေကိုပို့ခိုင်းလိုက်မယ်.. မဟုတ်တဲ့နေရာမှာတော့မျိုးချစ်စိတ်ဓာတ် တော်"ရှိကြတယ်
လာအိုအစိုးရက မခန့်တာ
စိုင်းနော်ခမ်းဟာ မြန်မာနိုင်ငံတွင်မွေးဖွားသော မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့အတွက် သူ ဘယ်လိုဘဲ လူတွေကိုသတ်သတ် ဘာတွေဘဲလုပ်လုပ် .ဘယ်နိုင်ငံကဘဲအလိုရှိရှိ . မြန်မာပြည်ကပြန်လည်တောင်းခံပြီး မြန်မာနိုင်ငံရဲ့ဥပဒေအတိုင်းသာ အရေးယူသင့်ပါသည်။ မည်သည့်အကြောင်းနှင့်မျှ တရုတ်နိုင်ငံလက်ထဲထည့်လိုက်စရာအကြောင်းမရှိပါ ။
လာအိုက မျက်နှာလိုမျက်နှာရ တရုတ်ကိုအပ်တယ်။မြန်မာပြည်သားမြန်မာပြည်ကိုဘဲအပ်ရမှာ ။လာအိုကဖားဖားယားယားတရုတ်ကိုမျက်နှာလုပ်တယ်။မြန်မာအစိုးရက ပြန်တောင်းဆိုသင့်တယ်။တ၇ုတ်လူပါးဝတယ်။
ဖမ်းပါမူးရစ်ဆေးဝါးခေါင်းဆောင်အားလုံးကိုဖမ်းပြီးသေမိန့်ချပါတိုင်းပြည်ဖျက်ပြည်သူဖျက်ကောင်တွေအားလုံးကိုဖမ်းပါ......
အရေးထဲချေးထုပ်လုနေကြသေးတယ် ....
ရှင်းနေတဲ့ကိစ္စကိုဖွခြင်နေကြတယ်။
ဒီလိုကောင်မျိုးတွေဘယ်နိုင်ငံကဘဲဖမ်းဖမ်း အဓိကမူးယစ်ဆေးဝါးကိစ္စ၊လူသတ်တဲ့ကစ္စတွေလျော့ကျဖို့ကအဒီလိုကောင်တွေများများရှင်းသွားဖို့ပဲ။အချိန်ကုန်အလုပ်ရှပ်ပြီးဘာလို့ မြန်မာပြည်ကိုခေါ်ခြင်နေကြတာလည်း။ဆွေမျိုးတေါ်လို့ထောင်စာသွားတွေ့ရမှာဝေးလို့လား။ဖွချင်ရင်လည်း
ရိုဟင်ဂျာ လို ကိစ္စမျိုးဖွကြပါလါး။။
PwaG ပြောတဲ.ရိုဟင်ဂျာကိစ္စကငါတို.ညီညီညွတ်ညွတ်ကာကွယ်ဖြေရှင်း
ရမည်.ကိစ္စ OK ငါကြိုက်တယ်။
Post a Comment