မုံရွာ၊ မေ ၂၇
အထက်ချင်းတွင်း စီးပွားရေးမြို့တော် မုံရွာမြို့တွင် မေလကုန်ပိုင်းအထိ အပူချိန် လွန်ကဲသည့် အတွက် မိုးခေါ်လွန်ဆွဲပွဲများ ကျင်းပခဲ့ကြောင်း လွန်ဆွဲပွဲအား ဦးဆောင်သည့် သဒ္ဓမ္မသောဒါန ဘုံဆွမ်းလောင်း အသင်းမှ အသင်းသား တစ်ဦးက ပြောကြားသည်။
လွန်ဆွဲပွဲအား ၂၀၀၈ ခုနှစ်တွင် မိုးခေါင်ခဲ့သည့် အတွက် ပထမဦးဆုံး အကြိမ်အဖြစ်ကျင်းပခဲ့ပြီး ယခု လွန်ဆွဲပွဲမှာ မြဝတီ ရပ်ကွက်အတွက် ဒုတိယမြောက် လွန်ဆွဲပွဲ ဖြစ်လာကြောင်း မြဝတီ ရပ်ကွက်သား တစ်ဦးက ပြောကြားသည်။
ယခု လွန်ဆွဲပွဲအား သုံးရက် ကျင်းပမည် ဖြစ်ပြီး လွန်ဆွဲပွဲ ဒုတိယမြောက်ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လွန်ဆွဲသူ အရေအတွက်မှာ လူဦးရေ ၅၀၀ ခန့်ရှိပြီး အမျိုးသား အမျိုးသမီးနှင့် ကလေးသူငယ်များပါ ပါဝင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
မုံရွာမြို့တွင် သင်္ကြန်ကာလအပြီး မိုးရွာသွန်းမှု အနည်းငယ်သာ ရှိခဲ့ပြီး အပူချိန် လွန်ကဲခဲ့သည့် အတွက် မုံရွာမြို့ အခြားရပ်ကွက်ကြီးများတွင်လည်း လွန်ဆွဲပွဲများ ကျင်းပကြောင်း မုံရွာမြို့ခံ တစ်ဦးက ပြောကြားသည်။
The Voice Weekly

မုံရွာတွင် အပူလွန်ကဲ၍ လွန်ဆွဲ
Reviewed by သစ်ထူးလွင်
on
06:36
Rating:
5 comments:
တိုင်းပြည်ကြီးကို မိုးနတ်မင်းကဒဏ်ခတ်နေသလားအောက်မေ့၇တယ်... ပူလိုက်တာများလွန်လို့ ...
လွန်ဆွဲရုံဘယ်ကမလဲ၊သံဃာတော်များကလဲ တစ်မြို့လုံး ပရိတ်တော်ပေါင်းစုံ ၇ွတ်ကြပါတယ်။ အခုတော့ရွာပြီပေါ့။ဘယ်ရမလဲ။လက်နက်ပေါင်းစုံသုံးပစ်လိုက်တာလေ။
ပူတော့မှာပေါ့...သစ်တောတွေမှာ သစ်ပင်မှ မရှိတော့တာ.ခုတ်လိုကုန်ပြီ..သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးကုန်ပြီ နောင်နှစ် ၂၀ ဆို မြန်မာပြည်ကြီးက မွတ်စ်တိုင်းပြည်ထက်တောင်ပူမယ်ထင်တယ်.
ရှေးရှင်ဘုရင်တွေက လယ်ထွန်တော်မင်္ဂလာဆင်းသလို ရေပြည့်ပြီးမီးလာအောင်
ကျွန်တော်တို့ နိုင်ငံရဲ့  ၀န်ကြီးတွေဝန်ကလေးတွေ လူကြီးမင်းတွေလဲ လွန်ဆွဲတော်မင်္ဂလာ ဆင်းပေးတော်မူကြပါ။
တောင်.ထားဟေ.
Post a Comment