မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်၊ သူရမျိုး (YPI)
အသင်းပိုင်မြေကွက်ပေါ်တွင် အသင်းသားများကိုအသိမပေးဘဲ ကန်ထရိုက်တိုက်ဆောက်လုပ် ခြင်းအပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ နေ့လည်၁၂ နာရီ က စမ်းချောင်းမြို့နယ် ကျွန်းတောလမ်း အမှတ် (၇၀/၇၂) ရှိကန်ထရိုက်တိုက်ရှေ့တွင် သမအသင်းသားများ ဆန္ဒဖေါ်ထုတ်ခဲ့သည်။
"ဒီအဆောက်အဦးကိုဘယ်သူ့အမိန့်နဲ့ဆောက်လုပ်သွားတာလဲသိချင်တယ် "ဟု သမအသင်းသားတစ်ဦး ဖြစ်သူကိုတင်ထက်ကို က ပြောသည်။
အဆိုပါကန်ထရိုက်တိုက်အား ပန်းချယ်ရီဆောက်လုပ်ရေးမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခုလူနေထိုင်ခွင့်ရရှိရန် အတွက် အသင်းသားများအားလက်မှတ်ထိုးပေးရန် မြို့နယ်သမ၀ါယမ ဦးစီးမှုးက ခေါ်ယူရာမှ ပြေလည်မှု မရရှိဘဲ ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။
စမ်းချောင်းမြို့နယ် သမ၀ါယမ ဦးစီးအရာရှိ ဦးအေးဝင်းက " အထက်ကလုပ်တာ၊ တိုင်လို့ ၀န်ကြီးတို့ တိုင်းမှုးတို့လာမှ ရှင်းကြ၊ ကျွန်တော်တို့အဆင့်နဲ့က ရှင်းလို့မရဘူး "ဟုပြောသည်။
စမ်းချောင်းမြို့နယ် ကျွန်းတော သမ၀ါယမ အသင်းအား ၁၉၄၇ ခုနှစ်တွင် အစုရှယ်ယာတစ်စုလျှင် တစ်ကျပ်နှုန်းဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသားများ ၏ အစုရှယ်ယာငွေဖြင့် အဆိုပါမြေကွက်အား ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

အသင်းပိုင်မြေကွက်ပေါ်ကန်ထရိုက်တိုက်ဆောက်လုပ်နေခြင်း အပေါ် အသင်းသားများ ဆန္ဒဖေါ်ထုတ်
Reviewed by သစ်ထူးလွင်
on
11:31
Rating:
3 comments:
ကောင်းတယ်..ဘယ်သူမှထိုးမပေးကြနဲ့..အဲဒီနေရာမှာပြသာနာတက်
နေတာကြာလြှပီ..ကိုယ်ပိုင်ေ မြလဲမဟုတ်ဘဲနဲ့စားဖါးလူလည်ကြီးတဦးက
အရင်မြို့နယ်မှူး၊တိုင်းမှူးတို့ကိုအချြီကီးပေးပြီးအပိုင်ကြံတာ..အသင်းသားတွေ
ကန့်ကွက်လို့မဆောက်ဖြစ်ဘဲရပ်သွားသေးတယ်..ဘယ်သူ့ကိုပေးကျွေး
ပြီးတော့များဆက်ဆောက်လိုက်ပါလိမ့်....တိုက်ကြီးတောင်ပြီးနေပါပေါ့
လား..အလျှော့မပေးနဲ့အသင်းသားတွေ..အဲဒီစားဖါးကြီးအပါးဝလွန်းတယ်..။
အစုရှယ်ယာအထောက်အထားများနှင့်တကွတင်ပြသင့်ပါတယ်........
အထက်ကလုပ်တာ တိုင်လို့ ၀န်ကြီးတို့ တိုင်းမှူးတို့လာမှ ရှင်းကြဟု ပြောဆိုသော ဦးစီးအရာရှိဦးအေးဝင်းအားမေးလိုသည်မှာ အထက်က ဆိုသည့်စကားလုံးကို မည်သည့်အတွက်သုံးစွဲရသနည်း။ အထက်ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ၀န်ကြီးလား၊ ၀န်ကြီးချုပ်လား၊ သမတလား။ တာဝန်ရှိဝန်ထမ်းအများစုမှာ အထက်က အထက်က ဟု ဖေါဖေါသီသီသုံးစွဲကာ ပြည်သူများအား ခြောက်လှန့်နေသည်မှာ ကြာပြီဖြစ်ပါသည်။ အဆိုပါ ပုဂိုလ်အား မေးကြည့်စေချင်ပါသည်။ အထက်က ဆိုသည်မှာ ဘယ်သူလဲ။
Post a Comment