မန်း ကျောက်ဝိုင်းဝင်ခွင့် ကောက်ခံမှု လူနှစ်ထောင်ကျော် ကန့်ကွက်

မန္တလေး၊ မေ ၁၃

မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေး စခန်း အတွင်းသို့ ဝင်ခွင့်ကတ် ပြုလုပ်ရခြင်းကို ရပ်ဆိုင်းပေး ရန် ကန့်ကွက်သူ မန္တလေး ကျောက်ကုန်သည်နှင့် ကျောက်အလုပ်သမား စုစုပေါင်း ၂၅၀၀ ဦးခန့် ရှိကြောင်း ယင်းစခန်း ယာယီကော်မတီ ဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောကြားသည်။

အဆိုပါ ကိစ္စကို ရပ်ဆိုင်းပေးရန် တောင်းဆိုကြသော မန္တလေး ကျောက်ကုန်သည်၊ အလုပ်သမားများသည် အဖွဲ့ဝင် ၄၅ ဦး ပါဝင်သော ယာယီကော်မတီကို မေလ ၆ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီး အများပြည်သူပိုင် ဈေးတွင် ဝင်ခွင့် ကောက်ခံခြင်းသည် မဖြစ်သင့်သော ကိစ္စတစ်ခု ဖြစ်သောကြောင့် ကန့်ကွက်မှုများ ဆက်လက် ပြုလုပ်သွားရန် ရှိကြောင်း ဦးစိန်ဝင်းက ပြောကြားသည်။

ယင်းစခန်းအတွင်း ဝင်ရောက်ရန် ဝင်ခွင့်ကတ် ပြုလုပ်ရန် လိုအပ်ပြီး တစ်ကြိမ် ဝင်ရောက်လျှင် ငွေကျပ် ၁၀၀ နှင့် ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင်များ စစ်ဆေးရေး ဂိတ်တွင် အပ်နှံထားရန် လိုအပ်သည်။

ယင်း ဝင်ခွင့်ကတ်ကို စခန်း အကျိုးတော်ဆောင် အဖွဲ့နှင့် ကျောက်မျက်ဈေး ရောင်းဝယ် ဖောက်ကားသူ များ တွေ့ဆုံပြီး သဘောတူညီမှု ရရှိခဲ့သဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စည်ပင်သာယာရေးဌာန၏ လမ်းညွန်ချက်ဖြင့် တိုင်းဒေသကြီး ဝင်ငွေတိုးပွားရေး လုပ်ဆောင်ခဲ့ကြောင်း အစိုးရ ခန့်အပ်ထားသော ကျောက်မျက် အကျိုးတော်ဆောင် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
The Voice Weekly
မန်း ကျောက်ဝိုင်းဝင်ခွင့် ကောက်ခံမှု လူနှစ်ထောင်ကျော် ကန့်ကွက် မန်း ကျောက်ဝိုင်းဝင်ခွင့် ကောက်ခံမှု လူနှစ်ထောင်ကျော် ကန့်ကွက် Reviewed by သစ်ထူးလွင် on 16:27 Rating: 5

2 comments:

Unknown said...

တစ်ကြိမ်ဝင်ရောက်လျှင်ငွေကျပ်တစ်ရာနှင့်ဆိုတော့ကာ (ယင်းစခန်းအတွင်း ဝင်ရောက်ရန် ဝင်ခွင့်ကတ် ပြုလုပ်ရန် လိုအပ်ပြီး တစ်ကြိမ် ဝင်ရောက်လျှင် ငွေကျပ် ၁၀၀ နှင့် ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင်များ စစ်ဆေးရေး ဂိတ်တွင် အပ်နှံထားရန် လိုအပ်သည်။) ကျနော်တို့ဆိုရင် တစ်ခါတစ်ရံမှတောင်မဟုတ်ပါဘူးဗျာ- အိမ်ကထွက်လာလျှင် တစ်ပြားမှမပါတဲ့နေ့တွေဆိုတာများလှပါတယ်။ ၀င်ခွင့်ငွေမရှိတာနဲ့တင် ကျောက်ဝိုင်းကို ရောက်မှာမဟုတ်တော့ဘူး။ မရောက်လျှင် စားစရာမရှိ၊ စားစရာမရှိရင် တောင်းမှာပဲ၊ တောင်းမရရင် လုမှာပဲ၊ လုမရရင် ရိုက်မှာပဲ၊ လုပ်လေ သတ္တိရှိရင် ၀င်ခွင့်ကဒ်တွေ၊ ၀င်ကြေးတွေ၊ လုပ်လိုက်ပါ။ ကျနော်တို့ကတော့ ပြောထားတဲ့အတိုင်းပဲ၊ ငွေမရှိဘူး၊ မရှိရင် မ၀င်နဲ့ဆိုရင် ပြဿနာတွေ လာမှာပဲ။ စဉ်းစားပေါ့ဗျာ၊ မရှိလို့ ကပ်စား၊ ရပ်စားလုပ်နေတဲ့၊ မျှစားလုပ်နေတဲ့၊ နေ့စား ၀င်လုပ်နေတဲ့သူတွေ နေ့စဉ်ဝင်ခွင့်, ၀င်ကြေးဆိုတာ လွယ်ကူတယ်လို့များ ထင်နေတယ်လား?

ကိုကိုညို said...

သိရသလောက် ကတော့ စည်ပင်က ဈေးမှာ ဘာမှလုပ်ဆောင်ပေးခြင်းမရှိဘဲ ပိုက်ဆံကို အလကားယူခြင်နေတယ်၊ သန့်ရှင်းရေးဘာမှ မလုပ်ပေးခြင်း၊ကျောက်ဝိုင်းစည်ပင်ရေး ဘာမှ မလုပ်ပေးခြင်း ဈေးဆိုင်ခန်းဝန်းကျင်ကို မိမိဘာသာ ပြုပြင်ရခြင်း၊ လျှပ်စစ်မီတာများသည်လဲ စပ်မီတာဖြစ်ပါလျှက် မီတာထိမ်းသိမ်းခ ၁၀၀၀ အလကားကောက်ခံခြင်း၊ တခန်း၁၀၀၀ ဆိုင်ခန်းပေါင်း၅၀၀ဆိုလျှင် တွက်သာကြည့်ပေတော့ ၊ကျောက်အစပ်ထုပ် ကောက်သည့်ကျောက်ထိုင်ခုံပေါင်း အနည်းဆုံး ၃၀၀ ဝန်းကျင်ရှိပြီး တခုံကို ၂၀၀ ကျပ်ကောက်ခံကြောင်း သူငယ်ချင်းမှ တဆင့်သိရသည် တနေ့ဝင်ငွေ မနည်းဘူး နိင်ငံခြားသားတယောက် ၁ဒေါ်လာနဲ့ တရုပ်တွေ တနေ့ကို အယောက်၁၀၀လောက်ရှိတယ်လို့လဲ သိရတယ် ဒီလောက်များတဲ့ပိုက်ဆံတွေ ဘယ်ရောက်သွားတာလဲ ဘယ်သူတွေ ဘုံးနေတာလဲ၊ဈေးဆိုတာနဲ့ စည်ပင်က သူ့အပိုင်ထင်ပြီး လုပ်ခြင်ရာ လုပ်နေတယ် ဘာတာဝန်ယူမှုမှလဲ မရှိ အော်စည်ပင် စည်ပင် အပင်တကာ့ အပင်ထဲမှာ အသုံးမဝင်ဆုံးအပင်ဟာ စည်ပင်ဘဲဆိုတာ ရုပ်လုံးပေါ်လာပြီ ပိုက်ဆံသာရခြင်ပြီး ဘာတာဝန်မှ မယူခြင်သော စည်ပင်ဝန်ထမ်းများကို ဖြုတ်သင့်ပါတယ်လို့ သမတ္တကြီးကို အကြံပြုတိုက်တွန်းခြင်ပါတယ်

Powered by Blogger.