တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်၊ပထက်ကျွန်း ၊ပြည့်ဖြိုးထွန်းတန်(၁၀၀၀)ဆန့် အအေးခန်း
စက်ရုံတွင်အလုပ်သမား(၁၀၀၀)ခန့်သည်နေ့စဉ်နံနက်(၈)နာရီမှနေ့လည်(၁၂)
နာရီထိ၊နေ့လည်(၁)နာရီမှည(၈)နာရီထိ၊တစ်ရက်အလုပ်ချိန်(၁၁)နာရီတိတိ
လုပ်ကိုင်ပေးနေရပါတယ်။တစ်နှစ်လျှင်မြန်မာသင်္ကြန်(၅)ရက်နှင့်တရုတ်သင်္ကြန်
(၂)ရက်၊စုစုပေါင်း(၇)ရက်ကိုအလုပ်ပိတ်ရက်များအဖြစ်ကုပ္မဏီကသတ်မှတ်ပြီး
ကျန်ရက်ပေါင်း(၃၅၀)ကျော်ကိုအလုပ်ဖွင့်ရက်များအဖြစ်ကုပ္မဏီကသတ်မှတ်ထား
တာဖြစ်ပါတယ်။
အလုပ်ချိန်အတွင်းအချင်းချင်းစကားပြောခြင်း၊ပါးစပ်ထဲတွင်သကြားလုံးငုံထားခြင်း
ပြုလုပ်တွေ့ရှိပါကဒဏ်ငွေ(၁၀၀၀)ကျပ်ကိုလစာမှဖြတ်နေပါတယ်။ လုပ်ငန်းတွင်ခေါင်းဆောင်ခန့်ထားသူများသည်ကုပ္မဏီမန်နေဂျာကျေနပ်အောင်၊
၎င်းတို့နေရာမြဲအောင်လက်အောက်အလုပ်သမားများကိုနားမခံသာအောင်တနေကုန်
ဆဲဆိုနေပါတယ်။ အိမ်သာသွားလာရာတွင်တိုကင်ပြားစံနစ်ဖြင့်သွားလာရပြီးအချိန်
ကြာလျှင်ဆဲဆိုခံရပါတယ်။
အလုပ်သမားတစ်ဦးလစာကတော့ယောင်္ကျားဆိုရင်(၉၀၀၀၀)ကျပ်ခန့်၊ မိန်းမဆိုရင်
(၇၅၀၀၀)ကျပ်ခန့်ရရှိပါတယ်။အချိန်ပို(၁)နာရီ(၅၀)ကျပ်ရရှိပါတယ်။ ထိုလစာငွေမှ
တစ်လအတွင်းအလုပ်(၁)ရက်မဆင်းလျှင်(၁၅၀၀၀)ကျပ်၊(၂)ရက်မဆင်းလျှင်နောက်
ထပ်(၅၀၀၀)ကျပ်ထပ်မံဖြတ်တောက်ပါတယ်။ (၅)ရက်(၆)ရက်အလုပ်မဆင်းဘဲနေ
ပါကအလုပ်မှထုတ်ပစ်ပါတယ်။အလုပ်ပြုတ်မှာစိုးရိမ်တာကြောင့်အလုပ်သမားအများ
အပြားကတော့တစ်လကို(၄)ရက်ပျက်ကွက်ကြပါတယ်။ (၄)ရက်အတွက်(၂၅၀၀၀)ကျပ်ကိုအအေးခန်းမန်နေဂျာကအလုပ်သမား
အများအပြား၏လစာမှလစဉ်ဖြတ်တောက်နေခဲ့တာကြာနေပြီလို့
အလုပ်သမားတစ်ဦးကပြောပြပါတယ်။
ကိုကျော်လှိုင် (ကျွန်းစု)

ပထက်ကျွန်းက ပြည့်ဖြိုးထွန်း ငါးလုပ်ငန်းခွင်
Reviewed by သစ်ထူးလွင်
on
08:48
Rating:
11 comments:
ကိုယ်ချင်းစာနာစိတ်မရှိတော့ အလုပ်ရှင်ပါလား....ဒါတွေကို ဒီလိုပဲ အလုပ်သမား ၀န်ကြီးဌာနက လက်ပိုက်ကြည့်နေတော့မှာလား...ပုဂလိက ၀န်ထမ်းတွေကိုရော အနိမ့်ဆုံးလစာ နှင့် အလုပ်ချိန်ကို မသက်မှတ်ပေးတော့ဘူးလား....
နိုင်ငံခြားမှာအလုပ်ချိန်(၈)နာရီကိုအချိန်ပြည့်လုပ်ရတာပါ၊မြန်မာနီုင်ငံမှာလည်း ဒိလိုလုပ်ကြရတော့မယ်၊၁၉၈၄-ခုနှစ်ကင်းတားဆည်စီမံကိန်းမှာ တောင်ကိုရီးယားနိုင်ငံက HYUNDAI နဲ့ အလုပ်လုပ်ဖူးတယ်၊ကိုရီးယားဖူမင်တစ်ယောက်ဆိုဒ်မှာအမြဲရှီတယ်၊ ROUNG FUMAN ဆိုတာလည်းရှိတယ်၊အဲဒီဖူမင်လာလို့အလုပ်မလုပ်တာတွေ့ရင် ရိုင်းမား ရှီးပါးလမား ၀ိုင်းစတင်းဘိုင် ဆိုပြိးအဆဲခံရတယ်၊မိုင်းခွဲထားတဲ့ကျောက်တုံးတွေကိုDAM SIDE ကိုသယ်ပို့တဲ့နေရာမှာ လူ၊စက်ယန္တယားအကုန်လုံးအချိန်ပြည့်အလုပ်လုပ်ရတယ်၊ဒါကြောင့်ဒီလိုအလုပ်လုပ်လို့တောင်ကိုရီးယားနီုင်ငံချမ်းသာလာတယ်၊၂ပါတ်အလုပ်လုပ်ပြီး၂ရက်နားရတယ်။အလုပ်လုပ်ရတာကိုမကြောက်ပါနဲ့အလုပ်နဲ့ပါတ်သက်လို့မှန်မှန်ကန်ကန်ဖြစ်အောင်ပြောဆိုရမှာမကြောက်ပါနဲ့၊ရသင့်ရထိုက်တဲ့အခွင့်အရေးကိုတောင်းဆိုရမှာမကြောက်ပါနဲ့။ကိုယ်ကိုတိုင်ကတော့အလုပ်လုပ်ပြရပါမယ်။
ကျွန်တော် UK ကကျောင်းပြီးပါတယ်။ မှာ ကမ္ဘာ့အကြီးဆုံး ဘဏ်တခုမှာအလုပ်လုပ်ခဲ့ဖူးပါတယ်။ Executive တယောက်အနေနဲ့ အလုပ်ချိန်ကတရက် ၈နာရီပါ။ ဒါပေမဲ့ လုပ်ရတဲ့အလုပ်က ဘယ်တော့မှ ညနေ ၆နာရီမှာ ပြီးတယ်ဆိုတာမရှိပါဘူး။ ၂နစ် တိတိ မနက် ၉ မှ ည ၉ အထိအလုပ်လုပ်ဖူးပါတယ်။ Overtime ပေးလဲ မရှိပါဘူး။ Food ပဲပေးပါတယ်။ ဂျပန်မှာရှိတဲ့ Nissan Factory ကို Nissan CEO သွားတဲ့အခါ CEO ကအလုပ်သမားတွေကို Holiday ယူရန်တိုက်တွန်းရပါတယ်။ စက်ရုံရဲ့ ၉၅ ရာခိုင်နုန်း ကခွင့်မယူကြလို့ပဲဖြစ်တယ်။ မြန်မာ အလုပ်သမားတွေမှာ အကျင့်ဆိုးတွေရှိပါတယ်။ လခထုပ်ပြီး နောက်တရက်အလုပ်မဆင်းပါ။ အိမ်က အမေ၊ အဖေ နေမကောင် လို့လိမ်ပြီး ခွင့်တွေယူ။ ကို့တာဝန် ကိုကျေအောင်လုပ်တဲ့အလုပ်သမား အတော်ကိုရှားပါတယ်။
ကိုယ့်ဘဝတိုးတက်ရေးအတွက် ကိုယ့်နိုင်ငံတိုးတက်ရေး အတွက်အားသွန်ခွန်စိုက် ကြိုးစားကြရမှာပါ(Japan, Korea, Hongkong)။ သယံဇာတ ကြွယ်ဝတဲ့ ကျွန်တော်တို့တိုင်းပြည်မှာ ငပြင်းတွေအင်မတန်မှများပါတယ်။ အဲဒီလူတွေ တခြားနိုင်ငံမှာသွား အလုပ် လုပ်တဲ့အခါ ဘယ်လောက်လုပ်ရသလဲ ဆိုတာအားလုံးအသိပါ။ လခပိုပေးဖို့အတွက်က အလုပ်သမားတရောက်ခြင်းစီရဲ့ Quality မြင့်ဖို့လိုပါတယ်။ တာဝန်ယူတတ် တဲ့စိတ်ဓာတ် လိုအပ်ပါတယ်။ ထမင်းစားရဖို့ အလုပ်လုပ် တာထက် ကိုစိတ်ဝင်စားစွာအလုပ်လုပ်ဖို့လိုပါတယ်။ အခုလက်ရှိ မန်နေဂျာတွေဟာလည်း တချိန်ကသာမန် အလုပ်သမားတွေပါပဲ။ သူတို့လဲ ကြိုးစားခဲ့ကြလို့ မန်နေဂျာဖြစ်လာတာပါ။
နိုင်ငံခြားကအလုပ်လုပ်ပြီးပြန်လာသူများကို သူတို့နိုင်ငံခြား မှာရတဲ့အတိုင်း ဒီမှာပေးနိုင်ပါတယ်။ Quality အရည်အခြင်းရှိရင် အခူ့သူတို့ကိုပေးနိုင်တဲ့ Company မရှားပါဘူး။
ကိုမျိုးချစ်ပြောတာ မှန်ပါတယ်..
ကဲအဲလောက်တောင်ဆိုးနေရင်မလေးရှားငါလုပ်တဲ့စက်ရုံမှာလုပ်ကြ
တပတ်ကို၅ရက်လုပ်ရတယ်....စနေ..တနင်္ဂနွေ.အိုတီ
့holiday ပိတ်တယ်....နောက်တလကိုခွင့်တရက်ရတယ်
၂ရက်လိုချင်ကြိုတင်ရတယ် ရတာပဲ....
မန်နေဂျာလာပြီး မမောက်မာနဲ့ ပစ္စည်းတွေကိုreject ထုတ်ပစ်မယ်
ဘာပိုက်ဆံမှလည်းဖြတ်မရဘူး......
အဲ့ဒီအလုပ်ရှင်ကကော မြန်မာအမည်ခံထားတဲ့တရုတ်ဖြစ်ရမယ်။မြန်မာပြည်တော်တော်များများ မြန်မာစကားတောင်မတတ်တဲ့တရုတ်တွေ အလုပ်ပိုင်ရှင်ဖြစ်နေတာ မြန်မာအစိုးရကစစ်ဆေးသင့်တယ်။မြန်မာမှတ်ပုံတင်တော့ကိုင်ထားတယ်။မြန်မာပြည်လောက်မှတ်ပုံတင်လုပ်ရတာလွယ်တာမရှိဘူး။ငွေပေးရင်လဝက တခုလုံးတောင်ဝယ်ထားလို့ရတဲ့သဘောရှိတယ်။
ထိုင်းမှာ်းဆိုရင်တစ်လကို၎ရက်ပိတ်တယ် OTတစ်နာရီကို56ဘတ် တစ်နေကိုအလုပ်ချိန်8နာရီး ပိတ်ရက်အလုပ်ဆင်ခိုင်းရင်၂ရက်ခပေးရတယ်မကွားဘူးလာ
ပိုင်းရှင်ကကြံဖွန်ကမောင်လှသန်ဆိုတောဒီလိုဘဲလာမှာပေါ့
မြန်မာပြည်ရဲ့လုပ်အားခ့စိတ်ပျက်ဖိုးကောင်းတယ်ရင်နှီမြုပ်နံသူတွေကလဲ
အဲဒါကိုကြည့်နေတာလုပ်သမားခသက်သားတယ်ဆို့ပြီးလားလီမ့်မည်
အခုကတည်းပြင်သင့်တာပြင်တောလိုပြောချင်တယ်နိုင်းငံတကာလုပ်သမားဈေးနုန်ညီအောင်းဘလုပ်ပေးဖိုလိုတယ်
မြန်မာပြည်ပေါက်တရုတ်တွေပါ၊အာဏာရပါဝါရှိတွေကိုပေါင်းပြီး
ပိုက်ဆံရအောင်ရှာနေတာသူပေါ့၊ပိုင်ရှင်ကကိုလှသန်းပါ၊nld နိုင်မှာအသေအလဲ၊ကြောက်ပြီးအနှောက်အရှက်ပေါင်းစုံ၊ပေးခဲ့တဲ့ကောင်ပါ၊အလုပ်သမားပေါင်းများစွာကိုခေါင်းပုံဖြတ်နေတဲ့သူလည်းဖြစ်ပါတယ်၊သူရဲ့လုပ်ရပ်ကို(ilo)ကိုတင်သင့်ပါတယ်၊
ပင်လယ်ပြင်ငါးမျီူးပြုန်းတာသူမှာတာဝန်ရှိပါတယ်၊တနသာင်္ရီသစ်
တောကြိုးဝိုင်လည်းအာဏာရှိတဲ့ကောင်တွေနှင့်ပေါင်းပီးလုပ်တာကုန်နေပီ
သင်တို့အားလုံးဟာ ကိုယ်တိုင်လည်းမမြင်ရ ကိုယ်တိုင်လည်းမကြားရ ကိုယ်တိုင်မသိရပဲနဲ့ သူများတင်ထားတာတွေကို ဝေဖန်နေကြတာဟာ သင်တို့ရဲ့ လိုအပ်ချက်တွေပါ ။ သူများက အချိန်တွေ လူတွေရင်းပြီးလုပ်ခဲ့ရတာကို ကြည့်ပြီးစဉ်းစားကြဖို့လိုကြလိမ်မည်။
လူတစ်ယောက်ဟာ ကိုယ်တိုင်လည်းအချိန်ကိုမလေးစား ၊ကိုယ်တိုင်လည်း အလုပ်မလုပ်ပဲသူများအကြောင်းတွေထိုင်ဖွနေကြတာဟာ သူရဲကောင်းမဆန်လို့ပါ ... သူရဲဘောကြောင်တယ်လို့ခေါ်ပါတယ် ။
သတင်းပေးပို့သူကလည်း ကိုယ်တိုင်ဆန်းစစ်မှုမရှိပဲ ပေးပို့လိုက်တဲ့ သတင်းကို သတင်းတင်သူကလည်း သက်ဆိုင်တဲ့သူကို တိုက်ရိုက်စုံစမ်းပြီးမှ တင်သင်တယ်လို့ကျွန်တော်ထင်ပါတယ် ... ဝေဖန်တဲ့သူများကလည်း ဖြစ်နိုင်ချေများကို ကိုယ်တိုင်ပညာတတ်များဖြစ်ကြတယ် ဆိုလျှင် သုံးသတ်တဲ့နေရာတွေမှာ
နှစ်ဘက်စနစ်နဲ့သုံးသတ်ကြဖို့လိုပါတယ် ။
သတင်းပေးပို့သူကိုကျော်လိုင်ဆိုတာကလည်း သူကိုယ်တိုင်ဘာမျှမလုပ်ပဲ၊
အရင်ကတပ်မှထွက်ပြေးလာပြီး ဖမ်းခံရပြီး ထောင်ကျထားသူတစ်ယောက်ပါ။ ပထက်ကျွန်းပေါ် လုပ်ငန်းရဲ့စံပြကျေးရွာမှာနေပြီး၊ လက်အောက်ရှိ ဆင်းရဲသားအလုပ်လက်မဲ့၊အိမ်ရာမဲ့များစွာကို နေရာထိုင်ခင်းများစွာ ထောက်ပံ့ပေးနေတဲ့ သူရဲ့လက်အောက်မှာနေပြီး ထိုသူကိုကျေးဇူးကန်းနေတဲ့ ကိုကျော်လိုင်ကိုသင်တို့အားပေးနေတာဟာ
ဒီသူဌေးလက်အောက်မှာမှီခိုနေတဲ့ လူပေါင်းများစွာကို ဆင်းရဲတွင်းထဲတွန်းပို့သလိုဖြစ်နေပါတယ် ။ ပညာတတ်ရင်စဉ်းစားချက်ချိန်နိုင်ပါတယ် .. တွက်ချက်ကြည်နိုင်ပါတယ်။
ဘာဖြစ်လိုဒီစကားကိုပြောရလဲဆိုရင် သူရဲ့လက်အောက်မှာရှိတဲ့ ဒီရွာသူရွာသား ဆင်းရဲသားများအားလုံးဟာ ၀န်ထမ်းမိသားစုသဖွယ်နေကြပြီး သူဌေးဆီကလည်း မြေနေရာများကို အခမဲ့ငှားရမ်းပြီး နေခွင့်ပေးထားကြပါတယ် ။နေထိုင်တဲ့ကျေးရွာအတွက်ရေလုပ်လောက်အောင် ရေလောင်တမံတွေ၊ပညာတတ်တွေဖြစ်လာပြီး ခေတ်မှီတဲ့သူများဖြစ်လာအောင် ပညာရေးစနစ်မြင့်တက်လာအောင် စာသင်ကျောင်းတွေကို ဆောက်လုပ်ပြီး အစိုးရအားလူတန်းကာ ထောက်ပံ့ပေးနေတာတွေဟာ ဝေဖန်နေကြတဲ့သူတိုင်းကို ကိုယ်တိုင်လာရောက် လေ့လာသုံးသတ်ဖို့လိုပါတယ် .... သူရဲ့ရွာသားများနဲ့ ၀န်ထမ်းများစွာအတွက် အခက်ခဲပေါင်းအမြောက်အများ စွာကြားထဲမှ စရိတ်ရှာဖွေနေရတာဟာ သင်တို့ကိုယ်တိုင်သိရပါလိမ်မည်။ နေ့စဉ် မြိတ်တစ်ဘက်ကမ်းသို့သွားလာရေးအတွက်လည်း ၀န်းထမ်းများသွားလာသည့် ကုတို့လှေတွင် အခမဲ့လိုက်ပါခွင့်ပြုထားတာဟာနှစ်ပေါင်း(၁၀)ကျော်နေပါပြီ သိချင်တဲ့အကြောင်းအရာများကို ဒီရွာသားများအားမေးမြန်းကြည့်ကြပါ ။
အသေးစိတ်စုံစမ်းကြည့်ကြပါ ။
အတိအကျမှာချင်တာကတော့.....
သစ်တောကြိုးဝိုင်းလို့ပြောထားတာလေးတွေကို ကျွန်တော့အမြင်တစ်ခုကိုရှင်းပြချင်ပါတယ် ....
သစ်တောကြိုးဝိုင်းဆိုတာဟာ နိုင်ငံတော်ရဲ့စီးပွါးရေးမှန်တိုင်များထဲမှာတစ်ခုအပါအ၀င်ဖြစ်ပါတယ် ။
ိနိုင်ငံတော်မှ မည့်သူကိုမှ အလကားမပေးပါဘူး ။ ကိုယ်တိုင်စီးပွားရေးလုပ်ဖူးကြရင်
လုပ်ငန်းလုပ်ထုံးလုပ်နည်းတွေကိုသိကြရင် အာဏာရှင်များနဲ့ပေါင်းပြီးလုပ်တယ်ဆိုတဲ့ဟာတွေက သင်တို့ရှင်းရှင်းလင်းလင်း သဘောပေါက်ကြပါလိမ့်မည်။ ပေါ်မှာ အစိုးရအဖွဲ့အစည်းရှိနေရင် အာဏာရှင်ဆိုတဲ့စကားရပ်ကားမလိုအပ်တော့ဘူးထင်တယ် ။
လူတစ်ယောက်ဟာ သစ်လုပ်ငန်းလုပ်ချင်တယ်ဆိုပါတော့ သစ်အရင်းမြစ်အတွက် သစ်တောဌာနမှ နိုင်ငံတော်အဆင့်အထိအဆင့်ဆင့် လျှောက်လွှာတင်ရပါတယ် ။နိုင်ငံတော်မှ ခွင့်ပြုချက်ကျမှသာလျှင် ၄င်းလုပ်ငန်းကိုလုပ်လိုရမှာပါ ။ ရေလုပ်ငန်းလုပ်နေတာဟာ သူတစ်ယောက်တည်းမဟုတ်ပါဘူး လုပ်ငန်းရှင်ပေါင်းများစွာလည်းလုပ်နေကြတာပဲ့လေ ။ သူ့ ထက် ငါးဖမ်းလှေများမှာ ကြီးလည်းကြီး၊အစီးရေလည်းများတဲ့ လုပ်ငန်းရှင်ပေါင်းများစွာ ရှိကြပါတယ် ။ ဒီလိုဆိုရင် သူတို့ကရော တာဝန်မရှိကြဘူလား ။ ကျွန်တော်ပြောပြမယ် ဒီဟာကရှင်းရှင်းလင်းလင်းတွေးရင် အားလုံးမှာတာဝန်ရှိသလို ငါးလုပ်ငန်းဦးစီးစွာ စီမံမှုမရှိလို့ပဲ ။ငါးလုပ်ငန်းရှင်များအားလုံးကို (ဝေဖန်သူများအပါဝင်) မေးကြည့်ကြပါ ။ ငါးဖမ်းတဲ့နေရာ လုပ်ခွင့်ရလျှင် ဘာမဆိုလုပ်ကြမည်မဟုတ်လား ဟုမေးကြည့်ကြပါ။ ဒီလိုဆိုရင်သင်တို့အားလုံး ဘာလုပ်သင့်လည်း ၊ဘယ်သူ့မှာတာဝန်ရှိသလဲ ဆိုတာတွေးကြနိုင်လိမ့်မည်။ အလုပ်သမားများကို အလုပ်သမားစည်းကမ်းနှင့်အညီ အုပ်ချုပ်တဲ့နေရာမှာ အလုပ်သမားဥပဒေနဲ့အညီဆောင်ရွက်ကြရမှာ ဖြစ်ပါတယ် ။ အလုပ်သမားများမှ အလုပ်ရှင်ပေါ် လုပ်ငန်းဝတ်တရားများစွာကို အနှောက်အယှက်ဖြစ်စရာတွေ ၊ဥပဒေချိုးဖောက်နေတာတွေကြတော့ အလုပ်သမားများအပေါ် ဘယ်လိုမြင်မလဲ။ သို့မဟုတ် အလုပ်ရှင်အပေါ်ဘယ်လိုမြင်မလဲ ။ အားလုံးကို အဆင်ပြေအောင်ညှီနှိုင်းဆောင်ရွက်ပြီး အုပ်ချုပ်ရတာတွေဟာ အလုပ်သမားများအတွက် ရည်ရွယ်ပါတယ် ။ အလုပ်သမားများသာ အလုပ်ကို အချိန်နဲ့တစ်ပြေးညီ ကြိုးစားကြမယ်ဆိုလျှင် အခုလိုလိုအပ်ချက်များရှိလာမှာမဟုတ်ပါ။
ဘယ်လို လုပ်ငန်းမျိုးပဲ့လုပ်လုပ် အလကားရတာဘာမှမရှိဘူးဆိုတာ အဲဒါလေးတော့ မှတ်ထားကြစေချင်ပါတယ် ။ မှန်တစ်ချပ်လိုလည်းတူပါတယ်။ လုပ်ငန်းများကို ကိုယ်တိုင်တည်ဆောက်ကြည့်ကြပါ ။ သူများစကားကို နားထောင်မည့်အစား ကိုယ်တိုင်လုပ်နိုင်အောင်ကြိုးစားကြည့်ကြပါ။
လာမည့်နှစ်သစ် ၊စနစ်သစ်တွေမှာ အခက်အခဲမရှိတဲ့ လုပ်ငန်းရှင်ကြီးများဖြစ်ကြပါစေလို့ဆုမွန်ကောင်တောင်းပေးလိုက်ပါတယ်။
ကိုကျော်လိုင်နှင့်ဝေဖန်သူများအားလုံး
ကျေးဇူးအထူးတင်ပါတယ်.... မည့်သည့်သတင်းကိုအဆို တိုက်ရိုက်မေးမြန်းပြီးမှ တင်ကြပါ ။ သူရဲကောင်းပီပီ မိမိနေရပ်လိပ်စာများနှင့်အမည်နာမတတ်ကာ အမှန်တရားအတွက် ဝေဖန်နိုင်ကြပါစေ.....

Post a Comment