မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု မေလ ၁၅ ရက်နေ့၊
အမေရိကန် စံတော်ချိန် မနက်ပိုင်းမှာ ကမ္ဘာအရပ်ရပ်က လွတ်မြောက်ရေး
လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ တိုက်ရိုက်ဆွေးနွေး စကားပြောဆိုဖို့
ရှိနေပါတယ်။
အမေရိကန်သမ္မတဟောင်း George W.Bush တည်ထောင်တဲ့ Bush Center က ပြုလုပ်မယ့် ကမ္ဘာ အရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားသူတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်တဆင့် တိုက်ရိုက် ဗွီဒီယိုမိန့်ခွန်း ပြောဆိုမှာဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာတော့ သမ္မတဟောင်းဘွတ်ရှ်ရဲ့ ဇနီးဖြစ်သူ Laura Bush က ဒေါ်အောင်ဆန်းစုကြည်အကြောင်း မိတ်ဆက် စကားပြောဖို့ စီစဉ်ထားပါတယ်။
သမ္နတ ဘွတ်ရှ်ကလည်း ကမ္ဘာအ၀ှမ်း လွတ်မြောက်ရေးလှုပ်ရှားမှုမှာ တိုက်ပွဲဝင်နေသူတွေအကြောင်းကို မှတ်ချက် မိန့်ခွန်းစကား ပြောဖို့ ရှိပါတယ်။ ၂၀ ရာစုနဲ့ ၂၁ ရာစုအတွင်း လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ ဖိနှိပ်တဲ့အစိုးရအောက် ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုက်ပွဲဝင်နေကြတဲ့ ရဲစွမ်းသတ္တိ ပြည့်ဝတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့အကြောင်းကို ဖော်ပြတဲ့ Freedom Collection လွတ်မြောက်ရေး တိုက်ပွဲဝင် သူများရဲ့ အတ္ထုပ္ပတ္တိကိုလည်း ပြသဖို့ ရှိပါတယ်။
အဲဒီအထဲမှာတော့ မြန်မာနိုင်ငံကဆိုရင် ဒေါက်တာစင်သီယာမောင်၊ ရှမ်းတိုင်းရင်းသား နန်းချန်တောင်း၊ ချင်းတိုင်ရင်းသူ ချယ်ရီဇာဟောင်း၊ မြန်မာတိုင်းရင်းသူ မခင်ဥမ္မာနဲ့ ရွှေဝါရောင်တော်လှန်ရေးမှာပါခဲ့တဲ့ ပခုက္ကူကျောင်းတိုက်တခုက အရှင်ဣသရိယတို့အကြောင်းကို ထည့်သွင်း ဖော်ညွှန်းထားပါတယ်။
သမ္မတဟောင်းဘွတ်ရှ်ဟာ သူ့သမ္မတ သက်တမ်းနှစ်ခုအတွင်း မြန်မာ့အရေးကို အရေးတယူ ပြတ်ပြတ် သားသား ကိုင်တွယ်ခဲ့သူလို့ လှုပ်ရှား တက်ကြွသူတွေအကြား ထင်ရှားပါတယ်။ သူလက်ထက်မှာပဲ စစ်အစိုးရကို နှစ်ကြိမ်တိုင်တိုင် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပါတယ်။ ဇနီးဖြစ်သူ Laura Bush ဟာလည်း မြန်မာ့အရေးကို စိတ်ဝင်စားပြီး ဒေါ်အောင်ဆန်းစုကြည်ကို တက်တက်ကြွကြွ အားပေးထောက်ခံခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်အတွင်းမှာ ထိုင်း မြန်မာနယ်စပ်ကို သွားရောက်ခဲ့ပြီး အဲဒီမှာ မြန်မာဒုက္ခသည်တွေ လူမှုရေးအဖွဲ့တွေကို တွေ့ဆုံ အားပေးခဲ့ပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)

လွတ်မြောက်ခြင်းအတွက် ရုန်းကန်မှုများ ဒေါ်စု ပါဝင်ဆွေးနွေးမည်
Reviewed by သစ်ထူးလွင်
on
09:31
Rating:
8 comments:
အမေရိကန်သမ္မတဟောင်း George W.Bush တည်ထောင်တဲ့ Bush Center က ပြုလုပ်မယ့် ကမ္ဘာ အရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားသူတွေရဲ့ ရဲစွမ်းသတ္တိ (ကိုယ့်ပြည်သူပြည်သားတွေကို ငတ်မွတ်ဆင်းရဲခက်ခဲအောင်လုပ်ခဲ့နိုင်မှု)ကို ဂုဏ်ပြုတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်တဆင့် တိုက်ရိုက် ဗွီဒီယိုမိန့်ခွန်း ပြောဆိုမှာဖြစ်ပါတယ်။
Mone Mone ဘာကိုဆိုလိုတာလဲမသိလို့ပါ ပြည်သူပြည်သားတွေကို ငတ်မွတ် ဆင်းရဲခက်ခဲအောင် လုပ်တာက ဘယ်သူလဲဟင် အဲဒီတရားခံကို တို့လဲသိချင်နေတာ
အခုအချိန်မှာ အရင်ကထက် လွတ်မြောက်မှု့ရှိလာတာ အနစ်နာခံ၊ အမုန်းခံပြီးပြောခဲ့သူတွေရှိလို့ပါ။ Mone Mone ဆိုလိုတာက W.Bush ရဲ့ဒဏ်ခတ်မှု့ကြောင့် ပြည်သူတွေ ဆင်းရဲတွင်းနက်ခဲ့တယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်။ တကဲ့တရားခံက ဦးသန်းရွှေဆိုတာ လူတိုင်းသိပါတယ်။ အာဏာမလွှဲချင်လို့ ဖွဲစည်းပုံအခြေခံဥပဒေကို ၁၅-နှစ်လုံးလုံးရေးဆွဲခဲ့တယ်လေ။ အဲသလိုရေးဆွဲပါလို့ ဘယ်သူကမှမပြောခဲ့ဖူး။ အဲဒီတော့ အပြောင်းအလဲကို မလုပ်ချင်လို့ အချိန်ဆွဲခဲ့တဲ့သူသာ ဆင်းရဲတွင်းနက်ရခြင်းရဲ့ တရားခံသာဖြစ်ပါတယ်။
ပေါ်ကလူ စာမရေးတက်တာလား မှားပြီးရေးတာလား
(ကိုယ့်ပြည်သူပြည်သားတွေကို ငတ်မွတ်ဆင်းရဲခက်ခဲအောင်လုပ်ခဲ့နိုင်မှု) ကိုဂုဏ်ပြုတဲ့.....
ဘာကိုဆိုလိုတာလဲ မှားပြီးရေးတယ်လို့မျှော်လင့်ပါတယ် ပုဂ္ဂိုလ်အရေးရဆိုရင်တော့ စာအများကြီးမဖတ်တောင် The Lady ကိုကြည့်ယုံနဲ့သိနိုင်ပါတယ် အမေစုကို ပြည်သူကဘာလို့ချစ်တာလဲ ဘာတွေပေးဆပ်ခဲ့သလဲဆိုတာ အရင်လေ့လာပြီးမှပြောပါ။
To Nyi maLay Mone Mone,
တိုးတက်လိုသည့်အမြင်မရှိသည့် ရှေးရိုးစွဲများ ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ၏ မေလ ၁၁ ရက်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
လွတ်မြောက်ခြင်းအတွက်ရုန်းကန်မှု တဲ့
တော်တောအနှစ်ရှိတဲ့စာလေးပါ။ကျွန်တော်မိသားစု
ဆင်းရဲနေသည်ဆိုပါစို့ ။လွတ်မြောက်ရန်ဘယ်လိုလုပ်
မလဲ။ စသည်ဖြင့်ပေါ့ဗျာ။ဘက်စုံသုံးနိုင်ပါသည်။မြန်မာ
တွေဆင်းရဲနေတယ်။ လိတ်မြောက်ခြင်အတွက်ဘယ်လို
ရုန်းကန်မလဲ။ တစ်လုံး။နှစ်လုံး။သုံးလုံးထိုးပြီထွက်ပေါက်ရှာမှာလား ။ဘာလို့သူများအပြစ်
ဘဲ ဆဲရေးတိုင်းxxxထွာနေတာလဲ။နိုင်ငံသားတိုင်းမှာတာ
ဝန်ရှိတ
်နော်။တစ်ယောက်တစ်ခုဝိုင်းလုပ်ကြရင်ဘယ်လောက်
ကောင်းမလဲ။ဒါကစဉ်းစားဘို့ပါ။
အပြစ်တွေပြောနေမဲ့အစား အမေစုနဲ့အတူလွတ်မြောက်
ခြင်းအတွက် ရုန်းလိုက်ကြပါစို့လို့ တိုက်တွန်းပါကြောင်း
အကုန်လုံးမှာတာဝန်ရှိတယ် လက်ခုပ်ကတစ်ဖက်ထဲ တီးလို့ မမြည်နိုင်ဘူး.
အားရင်အရေမရအဖတ်မရ လျှောက်ပြောတတ်တာဟာ
ကျုပ်တို့ မြန်မာတွေရဲ့ သောက်ကျင့်တွေပါ။ဒါတွေ မပြင်နှိုင်သရွေ့ တော့
ဘာမိုကရေစီကြီးပဲ ရရ ဘာမှဖြစ်လာမှာ မထင်ရေးခြ မထင်ဗျာ။အခြေခံ ဖြစ်တဲ့ ၅ ပါးသီလ လေးနဲ့  တိုင်းပြည်အုပ်ချုပ်နေတဲ့သူတွေကလည်း မင်းကျင့်
တရား(၁၀)ပါး အားလုံးပေါင်းမှ တစ်တိုင်းပြည် လုံးလိုက်နာရမှာ (၁၅)ပါးလေးရှိတာ ဒီဟာလေးတောင်မလိုက်နာနှိုင်ကြပဲနဲ့ များ ဟိုဟာကြီး ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာကြီးကို မှင်အကုန်ခံ စာရွက် အကုန်ခံ အချိန်အကုန်ခံ ပိုက်ဆံအကုန်ခံပီး တစ်ယောက်တစ်ပေါက် ကိုယ့်ကိုကို အဟုတ်ထင်ပီး ရေးခြင်ရာရေး ပြောခြင်ရာပြောနေကြတာ အော်ကျုပ်ကတော့
ကြိတ်ပီးပြုံးနေမိလိုက်ပါတယ်။မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အပြုသဘောဆောင်သောစိတ်ထားကောင်းများမွေးမြူနှိုင်ကြပီး ခေါင်းဆောင်ကောင်း တစ်ယောက်၏နောက်မှ ဖြောင့်ဖြောင့်ကြီးလိုက်လျှောက်နှိုင်ကြပါစေလို့ 
ဆုမွန်ကောင်းတောင်းရင်း အားလုံး ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာကြပါစေ။
Post a Comment