မန်းမဟာအောင်မြေမြို့နယ်၊ မြတောင်တိုက်အနောက်ဘက်ရှိ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးရုံးရှေ့တွင် မီးတုတ်မီး၊ ရေအိုးပေါ်တွင်ဖယောင်းတိုင်များဖြင့်မေ၂၂ည၁၀နာရီက လျှပ်စစ်မီး အပြည်အ၀ရရှိရေး ( ဆန္ဒ) ဖော်ထုတ်ပွဲ အားတတိယနေ့အဖြစ်တွေ့ရစဉ်။
Popular Myanmar News Journal
မန်းမဟာအောင်မြေမြို့နယ်ဆန္ဒ ဖော်ထုတ်ပွဲ အားတတိယနေ့အဖြစ်တွေ့ရစဉ်
Reviewed by
သစ်ထူးလွင်
on
14:10
Rating:
5
12 comments:
1နိုင်ငံ လုံမှာ လျှပ်စစ်မီးနဲ ပတ်သတ်ပြီတော့ ဆန္ဒပြမှုတွေဖြစ်ပေါ်နေတာပဲလေ ဒါပြင်မဲ့ ခုချက်ချင်
1နိုင်ငံလုံး 24နာရီ မီးရဖိုဆိုတာကိုတော့ မဖြစ်နိုင်ဘူလေ ဒါပြင်မဲ့
တရားလွန်ပျက်တာကြီတော့ကတော့မကောင်းဘူး
အစိုးရဘက်ကလည်း နာလည်မှုထားပေးမယ်ဆိုရင်တော့
မလိုအပ်တဲ့ နေရာတွေမှာ အလွန်းအမင်းသုံးစွဲနေတာထက်
လိုအပ်တဲ့နေရာတွေကို လိုအပ်သလောက် အသုံးပြူခွင့်ရစေချင်ပါတယ်။
၂၄ နာရီမပေးနိုင်ရင်တောင် ၁၂ နာရီလောက်တော့ ပေးလိုက်ပါဗျာ.....အစိုးရအရာရှိအိမ်တွေ..ခရိုနီ ခေတ်ပျက်သူဌေး..တွေအိမ် မီးဘယ်ပျက်မလည်း...ဘာအတွက်ကြောင့် သူတို့ က ပိုရတာလည်း
မိတာခပိုဆောင်လို့ လား
ဆန္ဒပြတာတော်တော်..မတော်..မီးကိုစည်းကမ်းမဲ့လုပ်လို့ကတော့..အဟင်းဘယ်သူမှားမှားဒိုင်စားသွားလို့ရှိတာလေးတွေပြာဖြစ်ကုန်မှာသတိတော့ထားပေါ့မောင်မောင်ဟီးရိုးတွေ...ဖယောင်းတိုင်လောက်ဆိုတော်ရောပေါ့...
မန္တလေးမြို့တွင်လျှပ်စစ်မီးရရှိရေးအတွက်ဆန္ဒပြတောင်းခံမှုများကို ဝေဖန်သုံးသပ်ချက် ……
- အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လက်ရှိဓာတ်အားပေးထားမှု အခြေအနေ နှင့်ပတ်သက်၍ အများပြည်သူသို့ ပန်ကြားချက်ကို သတင်းစာ၊ TV ၊ ဂျာနယ်အသံလွင့်ဌာနများမှာ ထည့်သွင်း ဖော်ပြထားပြီးဖြစ်ပါသည်။ လက်ရှိမှာလည်း အလှည့်ကျမီးပေးစနစ်ဖြင့် တတ်နိုင်သ၍ ရရှိသောမီးကိုပေးထားလျှက်ရှိကြောင်း ရှင်းလင်းပြောကြားထားပြီးဖြစ်ပါတယ်..
- မန္တလေးတိုင်းလျှပ်စစ်ရုံးတွင် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း၊
- သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ပြည်သူများသို့ ဓာတ်အားပြတ်တောက်မှုများနှင့် ပတ်သက်၍ ကွင်းဆင်းအသိပေးရှင်းလင်းပြောကြားခြင်း၊
- မန္တလေးမြို့တွင်းလူစည်ကားသောနေရာများတွင်လည်း ကားများနှင့်လှည့်လည်၍ လူတိုင်းသိရှိအောင် အသိပေးကြေငြာခြင်းများကို ၂၂.၅.၂၀၁၂ ရက်နေ့က ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါတယ်၊
- သို့ဖြစ်ပါ၍ မီးရရှိရေးအတွက် ဆက်လက်ဆန္ဒပြတောင်းဆိုမှုများသည် သိလျှက်နှင့် တမင်ဆောင်ရွက်နေမှုများဖြစ်သည့်အတွက် ဘာကြောင့်လုပ်ရသည်ဟု စဉ်းစားစရာဖြစ်လာပြီး ရပ်တန့်သင့်ပါတယ်။ ၄င်းဆန္ဒပြပွဲများကို အကြောင်းပြု၍ မလိုလားအပ်သော အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက ၄င်းအဖွဲ့များ၏ တာဝန်သာဖြစ်လာနိုင်ကြောင်းထင်မြင် သုံးသပ်မိပါတယ်…

နေပြည်တော်မှာလဲလမ်းမီးတွေမလာတော့ပါ
နေပြည်တော်မှာလမ်းမီးမလာရင်ဘာမှမမြင်ရတော့ဘဲတောကြီးထဲရောက်သွားသလိုဘဲ၊
အလကားသုံးပါတယ်။
လျှပ်စစ်စွမ်းအင် ၀ံကြီးကို မေးပါရစေ မီးပျက်တာနဲ့ ဘယ်က KIA ကို
ပုံချတာလဲ ဘယ်တာဝါတိုင်ဝါတိုင်ကို KIA ကဖျက်ဆီးတာလဲ အတည် အလင်း ဓာတ်ပုံ နဲ့တကွ ပြည်သူ ကိုကျေနပ် အောင်ရှင်းတမ်းထုတ်သလား
ဘယ်နေ့ဘယ်ရက် က တာဝါတိုင် အမှတ် ဘယ်လောက် ကို ဘယ်လို ဖျက်ဆီးခဲ့တယ် ဆိုတာ ဘယ်သတင်း ဌာန ကမှမကြော်ညာ ပါဘူး ကြားလည်းမကြားပါဘူး အခုမှ ရုတ်တရက်ကြီး အံ့အောပါ့ ၀ံကြီး မြန်မာ သက်ပုံမတက်လို့တော့ မဟုတ်ဘူး နော်
မဟာအောင်မြေမြို့နယ်မှုးက ဂရုတောင်စိုက်မှာမဟုတ်ဘူး ကဆုန်လပြည့်နေ့ ဗောဓိကုန်းက ဗောဓိညောင်ပင်ညောင်ရေသွန်းဖို့ ဂေါပက ကမီးတောင်းတာတောင်းတာကို တောင်မပေးပဲ အဲဒီနေ့မနက်မှာပဲ ထရန်စမာ ကနေဖြူးတောင်လာဖြတ်သွားသေးတာ အခုလိုဆန္ဒပြတာလောက်ကတော့ဂရုတောင်စိုက်မှာမဟုတ်ဘူး လပြည့်နေ့မှာ ဘုရားညောင်ရေသွန်းဖို့ လျှပ်စစ်မီးမရလို့ မီးစက်နဲ့ရေတင်ရတယ် အဲဒီဗောဓိပင်ဘုရား ဆိုရင် မန္တလေးတစ်မြို့လုံးနှစ်စဉ် ညောင်ရေသွန်းတဲ့တန်ခိုးကြီးဘုရားပါမင်းတုန်းမင်းစိုက်ပျိုးခဲ့တဲ့ ဗောဓိညောင်ပင်ကြီးပါနှစ်ပေါင်း ၁၅၅နှစ်ကျော်ပါပြီ
ဟုတ်ပါပြီ ... ဟုတ်ပါပြီ...မြောက်ကျွန်းသူ နဲ့ ကိုမျိုးရယ်...လုပ်ပေးနိုင်တာမလုပ်ပေးနိုင်တာ တစ်ပိုင်း ဒုက္ခရောက်လို့ဆန္ဒဖေါ်ထုတ်တာက တစ်ပိုင်းလေ။ ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ပါဘူးဆိုပြီး ဘာမှမပြောဘဲ နေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတာလောက်တော့ နားလည်ဖို့ကောင်းပါတယ်။ ခင်ဗျားတို့လိုလူတွေ အတွက် အနိမ့်ဆုံး ဥပမာ တစ်ခုက...ခင်ဗျားတို့ငယ်ငယ် တုံးက ဗိုက်ဆာလို့မုန့်ဝယ်စားချင်ရင် မုန့်ဖိုးတောင်းရတယ်မဟုတ်လား။
လုပ်ပေးနိုင်တာမလုပ်ပေးနိုင်တာ တစ်ပိုင်း ဒုက္ခရောက်လို့ဆန္ဒဖေါ်ထုတ်တာက တစ်ပိုင်းလေ။ ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ပါဘူးဆိုပြီး ဘာမှမပြောဘဲ နေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတာလောက်တော့ နားလည်ဖို့ကောင်းပါတယ်။ ခင်ဗျားတို့လိုလူတွေ အတွက် အနိမ့်ဆုံး ဥပမာ တစ်ခုက...ခင်ဗျားတို့ငယ်ငယ် တုံးက ဗိုက်ဆာလို့မုန့်ဝယ်စားချင်ရင် မုန့်ဖိုးတောင်းရတယ်မဟုတ်လား။
အဲဒီသတင်းစာ ရှင်းလင်းပွဲတွေ အသိပေး ပြောကြားမှုတွေအား လုံးက ဆန္ဒပြ လို့ ထလုပ်ကြရတာမဟုတ်ဘူးလား...?
Post a Comment