ဆင်ဆာ ဖြတ်တောက်မှု မြန်မာနိုင်ငံ နံပါတ် ၇ နေရာမှာရှိနေ
စာနယ်ဇင်း လွတ်လပ်မှု အဆိုးဝါးဆုံးထိပ်ပိုင်း ၁၀ နိုင်ငံစာရင်း ထဲမှာ
မြန်မာနိုင်ငံဟာ နံပါတ် ၇ နေရာမှာ ရှိနေကြောင်း အမေရိကန်နိုင်ငံ
နယူးရောက်မြို့ အခြေစိုက် CPJ စာနယ်ဇင်း သမားများ ကာကွယ်ရေး ကော်မီတီက
ထုတ်ပြန်တဲ့အစီရင်ခံစာ က ဖေါ်ပြလိုက် ပါတယ်။
သတင်းမီဒီယာ နဲ့ စာနယ်ဇင်း လွတ်လပ်မှု အနည်းဆုံး လေး နိုင်ငံကတော့ Eriteria (အီရစ်တြီးယား)၊ မြောက်ကိုရီးယား၊ ဆီးရီးယား နဲ့ အီရန်နိုင်ငံတို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အရင်တုန်းက CPJ အဖွဲ့က ထုတ်ပြန်တဲ့ စာရင်းမှာ နံပါတ် ၂
နေရာမှာ ရှိနေခဲ့ရာက အခုဆိုရင် နံပါတ် ၇ နေရာ မှာ ရောက်နေပြီဖြစ်တဲ့ အတွက်
သတင်း မီဒီယာ စာနယ်ဇင်း နဲ့ ပတ်သက်ပြီး အစိုးရရဲ့ ထိမ်းချုပ်မှု
လျော့နည်းလာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရုပ်သံ
သတင်းမီဒီယာတွေကို အစိုးရက တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားဆဲ ဖြစ်သလို၊
ပုံနှိပ်မီဒီယာတွေ ဖြစ်တဲ့ ဂျာနယ်တွေကိုလည်း တစ်ပတ်တစ်ခါသာ ခွင့်ပြုထားပြီး
နေ့စဉ် ထုတ်ဝေခွင့် မပြုသေး ဘူးလို့ CPJ အစီရင်ခံစာက ဖေါ်ပြပါတယ်။
မြန်မာအစိုးရ နဲ့ စစ်တပ်ကို တိုက်ရိုက်ထိခိုက်နိုင်မယ့် သတင်းမျိုးကိုလည်း
အစိုးရဆင်ဆာဘုတ် အဖွဲ့က ပုံနှိပ်ထုတ်ဝေခွင့် တားမြစ်ထားဆဲဖြစ်တဲ့ အပြင်
ကချင်ပြည်နယ်က စစ်ပွဲတွေအကြောင်းကို လည်း လုံးဝ ဖေါ်ပြခွင့်မပြုသေး ဘူးလို့
ဆိုပါတယ်။ နိုင်ငံခြားသတင်းဌာနမှာ တာဝန်ထမ်းဆောင် နေကြတဲ့
မြန်မာသတင်းထောက်တွေဟာ အစိုးရရဲ့ စောင့်ကြည့်မှုအောက်မှာ အမြဲရှိနေသေးသလို
နိုင်ငံတကာ သတင်းဌာနတွေကိုလည်း အစိုးရက စီစဉ်တဲ့ပွဲမျိုးတွေကိုသာ ပြသဖို့
ခွင့်ပြုလေ့ရှိတယ်လို့ ဆိုပါတယ်။
RFA-Burmese
(ဓါတ်ပုံကို Committee to Protect Journalists အင်တာနက် စာမျက်နှာရှိ အစီရင်ခံစာက ရရှိ)
သတင်းမီဒီယာ နဲ့ စာနယ်ဇင်း လွတ်လပ်မှု အနည်းဆုံး လေး နိုင်ငံကတော့ Eriteria (အီရစ်တြီးယား)၊ မြောက်ကိုရီးယား၊ ဆီးရီးယား နဲ့ အီရန်နိုင်ငံတို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အရင်တုန်းက CPJ အဖွဲ့က ထုတ်ပြန်တဲ့ စာရင်းမှာ နံပါတ် ၂ နေရာမှာ ရှိနေခဲ့ရာက အခုဆိုရင် နံပါတ် ၇ နေရာ မှာ ရောက်နေပြီဖြစ်တဲ့ အတွက် သတင်း မီဒီယာ စာနယ်ဇင်း နဲ့ ပတ်သက်ပြီး အစိုးရရဲ့ ထိမ်းချုပ်မှု လျော့နည်းလာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရုပ်သံ သတင်းမီဒီယာတွေကို အစိုးရက တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားဆဲ ဖြစ်သလို၊ ပုံနှိပ်မီဒီယာတွေ ဖြစ်တဲ့ ဂျာနယ်တွေကိုလည်း တစ်ပတ်တစ်ခါသာ ခွင့်ပြုထားပြီး နေ့စဉ် ထုတ်ဝေခွင့် မပြုသေး ဘူးလို့ CPJ အစီရင်ခံစာက ဖေါ်ပြပါတယ်။
မြန်မာအစိုးရ နဲ့ စစ်တပ်ကို တိုက်ရိုက်ထိခိုက်နိုင်မယ့် သတင်းမျိုးကိုလည်း အစိုးရဆင်ဆာဘုတ် အဖွဲ့က ပုံနှိပ်ထုတ်ဝေခွင့် တားမြစ်ထားဆဲဖြစ်တဲ့ အပြင် ကချင်ပြည်နယ်က စစ်ပွဲတွေအကြောင်းကို လည်း လုံးဝ ဖေါ်ပြခွင့်မပြုသေး ဘူးလို့ ဆိုပါတယ်။ နိုင်ငံခြားသတင်းဌာနမှာ တာဝန်ထမ်းဆောင် နေကြတဲ့ မြန်မာသတင်းထောက်တွေဟာ အစိုးရရဲ့ စောင့်ကြည့်မှုအောက်မှာ အမြဲရှိနေသေးသလို နိုင်ငံတကာ သတင်းဌာနတွေကိုလည်း အစိုးရက စီစဉ်တဲ့ပွဲမျိုးတွေကိုသာ ပြသဖို့ ခွင့်ပြုလေ့ရှိတယ်လို့ ဆိုပါတယ်။
(ဓါတ်ပုံကို Committee to Protect Journalists အင်တာနက် စာမျက်နှာရှိ အစီရင်ခံစာက ရရှိ)

ဆင်ဆာ ဖြတ်တောက်မှု မြန်မာနိုင်ငံ နံပါတ် ၇ နေရာမှာရှိနေ
Reviewed by သစ်ထူးလွင်
on
06:08
Rating: 5
6 comments:
အဲဒိကတည်း က ဒီမိုကရေစီအပြည့်အ၀မရသေးဘူးဆိုတာထင်ရှားနေတာပဲ....အဲဒါများဒီမိုကရေစီဖော်ဆောင်ရေးလမ်းစဉ်လေးဘာလေးလုပ်နေသေးတယ်... သတင်းစာဆိုဘယ်တော့မှ ပိုက်ဆံအကုန်ခံပြီးမယူဘူး... လူ 100 သေရင်လဲသတင်းစာမှာ 40လောက်ပဲပြောတယ်... ဘယ်နေရာမှာဘာဖြစ်ဖြစ်ဘယ်တော့မှ အတိအကျမသိရဘူး.....အမှန်မသိရမဲ့အတူတူ သတင်းစာဖိုးပိုက်ဆံကုန်ခံမဲ့အစား မုန့်ဝယ်စားလိုက်တာက ဗိုက်ဝတယ်.....ဟွန်း..........
ပြည်သူတွေကတခဲနက်ထောက်ခံပြီး ရွေးကောက်ပွဲမှာ (မဲမခိုးဘဲ)အမှန်အကန် အနိုင်ရရှိလာတဲ. ပြည်သူ.ကိုယ်စားလှယ်စစ်စစ်များ လွှတ်တော်ထဲဝင်လာပြီ .... ဖြစ်ကြောင်း .... ဆင်ဆာကိစ္စ များလည်း ... 2012 နှစ်ကုန်ပိုင်းခန်.တွင် ပြောင်းလဲလာဖွယ်ရှိကြောင်း ....။
သန်ေ၇ွှနှင့် နောက်လိုက်နောက်ပါများ
အုပ်ချုပ်နေသမျှတော့
သတင်းအမှောင်ချနေဦးမှာပဲ
ကျောင်ဆန်းကို ဖြုတ်လိုက်ပါ ။ဒါတွေရှင်းသွားမှာပါ ။
စာနယ်ဇင်း၊မီဒီယာဆင်ဆာမြန်မာပြည်မှာရှိသင်.ပါသေးတယ်၊ ပြည်သူတွေကယုံလွယ်၊နားယောင်လွယ်တဲ့အခြေအနေမှာမီဒီယာတွေကပြည်သူကိုအကုသိုလ်များအောင်မဟုတ်တာတွေ၊မ မှန်သေးတာတွေမတိကျမရေရာဘဲနဲ့ဖွတာတွေကိုတော့တားမြစ်ရမှာဘဲ၊ပြည်သူကိုယောင်ဝါးဝါးဖြစ်စေတဲ့အရေမရအဖတ်မ ရတွေနဲ့စီပွားဖြစ်နေတဲ့မီဒီယာအုပ်စုကြီးတွေသူဋ္ဌေးဖြစ်နေကြ တယ်၊ဂျာနယ်တစ်စောင်၅၀၀/၆၀၀ရောင်းပြီးပြည်သူပိုက်ဆံတွေကိုမီဒီယာတွေကလိမ်ယူနေကြတာ။
ဲ
ကျောဆန်းကိုမဖြုတ်သင့်ပါဘူး သတ်ပစ်သင့်တာ.....
Post a Comment