Monday 28th May 2012
ယမန်နှစ်က မြောက်ကိုရီးယားရှိ အရာရှိ ၃၀ မှာ အစိုးရ၏ သုတ်သင်ပစ်မှုကို ခံခဲ့ရကြောင်း The Telegraph သတင်းတွင် ဖော်ပြသည်။ အဆိုပါ အရာရှိများမှာ
မော်တော်ယာဉ် မတော်တဆ မှုများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု အမည်တပ်ကာ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း Amnesty International ၏ အပြောကို Telegraph မှ ကိုးကား ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် နောက်ထပ်လူ ၂၀၀ မှာလည်း ယခုနှစ် ဇန်နဝါရီ လက နိုင်ငံပိုင် လုံခြုံရေး အေဂျင်စီမှ ဝိုင်းရံထားကာ ယင်းသို့သော လူ ၂၀၀ ထဲတွင် အချို့မှာ သတ်ဖြတ် ခံလိုက်ရပြီး ဖြစ်ကာ ကျန်ရှိသူများမှာလည်း နိုင်ငံရေး အကျဉ်းစခန်းများသို့ ပို့ဆောင်ခြင်း ခံခဲ့ရကြောင်း Amnesty International က ဖော်ပြသည်။
မြောက်ကိုရီးယား နိုင်ငံမှာ ဗြူရို ကရက်များ အနေဖြင့် တိုင်းပြည်နှင့် နိုင်ငံ အပေါ်တွင် လုပ်ဆောင်ချက် မအောင်မြင်ပါက သုတ်သင်ပစ်သည့် အကျင့်ရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြခဲ့သည်။ သို့ရာတွင် ယခင်က အဆင့်မြင့် အရာရှိများနှင့် တော်ဝင် မိသားစုများ အပေါ်တွင် ပြုလပ်ခဲ့ဖူးသည့် ထုံးစံမရှိဘူးကြောင်းလည်း ယင်းသတင်းတွင် ပါရှိခဲ့သည်။
source : telegraph.co.uk
MRTV-4

တောင်ကိုရီးယားနှင့် ဆွေးနွေးမှုတွင် ပါရှိခဲ့သူ မြောက်ကိုရီးယားရှိ အရာရှိ ၃၀ သုတ်သင်ခံခဲ့ရ
Reviewed by သစ်ထူးလွင်
on
15:19
Rating:
2 comments:
အဲ့ဒီလိုလုပ်ပြန်တော့လည်းအုပ်ချုပ်သူဘက်က လွန်
တယ်ဆိုတာဖြစ်ပြန်ရော
မလုပ်ပြန်တော့လည်းမလေးစားးကြဘူး
အော် သူနိုင်ငံနဲ့သူ့ဥပဒေကလိုက်ဘက်ပါတယ်။
ဒို့ဆီလည်း ဥပဒေအထက်မှာဘယ်သူမှီမရှိစေရတဲ့
ခင်ရွှေ တယောက်တော့ အပေါ်ရောက်နေသလားဆိုတာ
သိချင်ပါသည်။
စိတ်ပျက်စရာစနစ်ဆိုးကြီးပဲ..
မြောက်ကိုရီးယားမြန်မြန်စနစ်ဆိုးမှုလွတ်မြောက်ကြပါစေ။
Post a Comment