ပါမစ်လျော့ပေါ့မှုကြောင့် ကားဈေး တစုံလုံးကျဆင်း

မေလ ၁၁ရက်၊ ၂၀၁၂ ခုနှစ်-အိမ့်ခိုင်ဦး YPI

ယခုသီတင်းပတ် တနင်္လာနေ့က ကားပါမစ် တင်းကြပ်ထားခြင်းမှ နိုင်ငံခြားငွေ စာရင်းရှိသူတိုင်း နိုင်ငံသားတဦးလျှင် ၂၀၀၇ မိုဒယ်အထက်ကား တစီးစီသွင်းခွင့်ရှိသည်ဟုကြေငြာ လိုက်ပြီးနောက် ကားဈေးကွက်မှ မိုဒယ်မြင့်၊ မိုဒယ်နိမ့်၊ မအပ်မီကား၊ ပါမစ် အသီးသီးဈေးကျဆင်းကုန်သည်ဟု ကားပွဲစားများက ပြောသည်။

ဟံသာဝတီ ကားပွဲစားတန်းမှ ပွဲစားကိုသိန်းလွင်က “ မတ်တူး ရွှေငါး စတိ( ယာယီနံပါတ်) အရင် သိန်း ၂၅၀ ရောင်းတာမထွက်ဘူး၊ အရင် ၂၈၀ -၈၅ ရောင်းတဲ့ဟာ၊ ခြုံပြောရင်  သိန်း ၄၊ ၅ ဆယ်ကျတယ်” ဟု ယခုသီတင်းပတ် ကားဈေးနှုန်းကို ရှင်းပြသည်။

ထို့ပြင် ယခင် သီတင်းပတ်က သိန်း ၂၈၀ -၈၅ သိန်းရောင်းချသည့် တိုယိုတာ Belta ၂၀၀၇ မိုဒယ်မှာ ယခုရက်ပိုင်းတွင် သိန်း ၂၀၀ အထိကျဆင်းသွားကာ ၀ယ်သူလည်း မရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

ယခုလတ်တလော ဂျပန်မှတင်သွင်းလာသည့် ကားများသာမက နံပါတ်နိမ့် မိုဒယ်နိမ့်ကားများလည်း သူ့အတိုင်းအတာဖြင့် ဈေးကျသွားကြောင်း နစ်ဆန်း ဆူပါဆလွန်း ၈၆၊ ၈၇ ခုနှစ်မိုဒယ် ဆိုပါက ယခင် ၁၃၀၊ ၁၄၀ သိန်းရှိရာမှ ယခုအခါ သိန်း ၁၀၀ စွန်းစွန်းသာရှိတော့သည်ဟုလည်း မေးမြန်းသိရှိရသည်။

ကားဝယ်ရောင်း တဦးဖြစ်သည့် ဦးသက်လင်းက “အောက်ကားအရင်က သိန်း ၁၃၀ တန်က အခု ၁၀၀ လောက်ပဲရှိတော့တယ်။ ဈေးကွက်ထဲမှာလည်း စောင့်ကြည့် နေကြတယ် ဘယ်သူမှ မ၀ယ်ရဲကြသေးဘူး” ဟု အောက်ကားဟု ခေါ်သည့် သိန်း၁၀၀ ကျော်ကားဈေးကွက် လက်ရှိအနေအထားကို ပြောပြသည်။

ကိုသိန်းလွင်က “ မနေ့က နဲ့ ဒီနေ့ အပွင့်လင်းဆုံးပြောရင် ၀ယ်သူက စင်ပေါ်ကပဲ၊ ကြိုက်ဈေးပေးဝယ်လို့ရတယ်၊ သိန်း ၂၅၀ ခေါ်တယ်၊ ၂၃၀ နဲ့လည်း ပေးတာပဲ၊ အော်ဖာ (ဈေးပေးခြင်း) သာရဲရဲပေး ရောင်းသူက ဆုံးဖြတ်ပြီး ချရောင်းသွားတာတွေရှိတယ်” ဟု မေလ ၉ ရက်နေ့ ကားဈေးကွက်အခြေအနေကို ရှင်းပြသည်။

ယခုသတင်းမထွက်ပေါ်မီ သင်္ဘောသား ပါမစ်တစောင်လျှင် ၆၅ သိန်းရှိရာမှ ပါမစ်ခွင့်ပြုလိုက်ပြီးနောက်တွင် သိန်း ၂၀ ၀န်းကျင်သာရှိတော့သည်ဟုလည်း ကားပွဲစားများက ပြောသည်။

ယမန်နှစ် ယာဉ်အိုယာဉ်ဟောင်း လဲလှယ်သည့် အစီအစဉ်စတင်ချိန်မှစ၍ ကားဈေးနှုန်း သိသိသာသာ ကျဆင်းလာရာ ယခုလ ၇ ရက်နေ့က ပါမစ်တင်းကြပ်မှု ဖြေလျော့လိုက်သည့်နောက် ဆယ်စုနှစ်တခုကျော်အတွင်း ကားဈေး အနိမ့်ဆုံးသို့ ကျဆင်းလာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၄ နှစ်ဝန်းကျင်က သိန်း ၁၄၀၀ အထိ ဈေးပေါက်ခဲ့သည့် ၂၀၀၄ မိုဒယ် မတ်တူး (ရွှေငါး) ကားမှာ ယခုအခါ သိန်း ၂၀၀ ကျော်သာရှိသည့် အထိ ဈေးနှုန်းကျဆင်းလာသည်ကိုတွေ့ရသည်။      ။

မတ်လဆန်းက တပ်မတော် ခန်းမတွင်ပြုလုပ်သည့် ကားပြပွဲတွင် တွေ့ရသည့် တိုယိုတာ မတ် အိတ်စ် အမျိုးအစားကား ၊ ထိုစဉ်က ၄၉၉ သိန်းဟု ဈေးနှုန်းကပ်ထားသည့် ယင်းကားအမျိုးအစားမှာ ယခုအခါ ကျပ် သိန်း ၃၀၀ အောက်တွင်သာရှိတော့သည်ကိုဟု သိရှိရသည်။ (ဓါတ်ပုံ-သူရမျိုး)
 Yangon Press International
ပါမစ်လျော့ပေါ့မှုကြောင့် ကားဈေး တစုံလုံးကျဆင်း ပါမစ်လျော့ပေါ့မှုကြောင့် ကားဈေး တစုံလုံးကျဆင်း Reviewed by သစ်ထူးလွင် on 05:13 Rating: 5

45 comments:

Ukyawkyaw said...

ပါမစ်ကိုနိုင်ငံခြားငွေစာရင်းရှိသူတိုင်းတစီးလျှောက်လို့ရတယ်ဆိုပေမယ့်၊MICB/MFTBဘဏ်ကငွေစာရင်းတဲ့ဗျာ၊အဲဒီဘဏ်တွေကဘဏ်ကိုပိုက်ဆံလာအပ်တဲ့သူကိုဘယ်လိုဆက်ဆံတယ်ဆိုတာ၊ရောက်ဖူးတဲ့သူတိုင်းသိကြပါတယ်ဗျာ။
နိုင်ငံတော်၏စေတနာအမှန်တကယ်ထိရောက်မြန်ဆန်အောင်
လုပ်ပိုင်ခွင့်ရှိသောလူကြီးမင်းများကစီမံညွှန့်ကြားဆောင်ပေးစေလိုပါသည်။

shingyi said...

ကောင်းပါတယ်။နိုင်ငံတော်ကသတ်မှတ်ခွန်ကောက်၊စည်ပင်က၇ပ်နားခ
စနစ်တကျကောက်၊အခမဲ့မလုပ်နဲ့ပြစ်မှု(၄၀၉)မမေ့နဲ့၊လမ်းဆိုတာကား
မောင်းတာ၊ကား၇ပ်ချင်၇ပ်နားခနာ၇ီသတ်မှတ်ကောက်မြို့လယ်သတ်မှတ်
နေ၇ာအားလုံးယာဉ်ကြာကြာမ၇ပ်အောင်လုပ်၊တင်သွင်းနေ့စနှစ်(၂၀)
လိုင်စင်ဖျက်၊ပြည်သူအားလုံးဒီကေ၇စီကျင့်သုံးတဲ့INTERNATIONAL
ွှအတိုင်းတဖြည်းပြောင်းလဲမှာသိ၇မှာပါ။ဆီဈေး၊ပြင်ဆင်စ၇ိတ်။၇ပ်နား
စ၇ိတ်။ယာဉ်မောင်း။ယာဉ်ထား၇န်နေ၇ာ။လစဉ်အနည်းဆုံးကျပ်
၃၀၀၀၀၀။၁နှစ်ကျပ်၄၅၀၀၀၀၀။ကားတစ်စီအတွက်သုံး၇မှာကား(၃)
ဝယ်စတိုင်ထုတ်၇င်လေးစားပါတယ်သူဌေးပေါ့။ကားဈေးကျအုန်းမယ်။

Anonymous said...

ကားအသစ်ပဲဝယ်စီးတော့မှာပေါ့..ဒီအဟောင်းတွေ.
တော်ကြာထပ်ဖျက်သိမ်းတယ်ဆိုမှဒုက္ခ.

Anonymous said...

ကောင်းတယ်..ဒီကားပါမစ်က ပွဲစားတွေကိုလုပါကျွေးနေရသလိုဘဲ..ကားပါ မစ်စနစ်ကို လုံးဝဖျက်လိုက်ရင် မြန်မာနိုင်ငံက ပြည်သူတွေ မလေးရှား စင်္ကပူကလူတွေထက်မော်ဒယ်လ်အမြင့်ကားတွေစီးနိုင်မှာ..

Ko said...

ကြိုဆိုပါတယ်။ ဖြစ်သင်.တာကြာပေါ့

Thurein said...

ကားဈေးတွေ ကျဆင်းလာတာဝမ်းသာစရာပါ။ လူတိုင်းကားဝယ်စီးနိုင်ဖို့ နီးကပ်လာပြီပေါ့။ ပါမစ်တင်မကဘူး အခွန်တွေပါ အများကြီးလျော့ပေးရင်ကောင်းမယ်။ အဲဒါမှပိုပြီးနီးစပ်မယ်။ ကားတွေအများကြီးဝင်လာမှာဆိုတော့ လမ်းတွေကို ကောင်းအောင်ပြုပြင်တိုးချဲ့မှကောင်းမယ်ထင်တယ်။ မပာုတ်ရင် ကားပိတ်နေတာနဲ့ပဲ ဘယ်မှသွားလို့ရမှာ မပာုတ်ဘူး။ အခုတောင် တစ်နေရာက တစ်နေရာကို သွားဖို့တော်တော်ကြီး စဉ်းစားရတယ်။ စိတ်ညစ်လွန်းလို့

www.academicmedicines.blogspot.com

minmin said...

ဖြစ်သင့်ပါတယ် ဒါတောင် အောက်ခြေကလူတွေ ကားနဲ့ဝေးနေသေးတယ် သမ္မတ ကြီးရဲ့စွမ်းဆောင်မှုတွေ အရမ်းဂုဏ်ယူပါတယ် ဆက်လက်ကြိုးစားပြီး အောက်ခြေကလူတွေကို များများကြည့်ရှုပေးနိုင်ကြပါစေ

Unknown said...

ကားဈေးကျတာမြန်မာပြည်သူလူတုအတွက်ကတော့မင်္ဂလာစကားပါပဲ
လူနည်းစုအတွက်ကတော့ဝမ်းနည်းစရာဖြစ်နိုင်ပါတယ်၊ ဒါပေမဲဖြစ်သင့်တာကတော့နောက်ဒီထက်ထပ်ကျလေကောင်းလေးပါပဲအဲဒါမှလူတိုင်နီးပါကားဝယ်စီးနိုင်ကြမှာပါ။နိုင်ငံတကာနဲယှဉ်နိုင်လာမှာပါ
အစိုးရအနေနဲလည်းအခွန်တွေကိုဒီထက်ပိုမိုလျော့ချပေးလိုရနိုင်သမျှလျော့ချပေးဖိုတောင်းဆိုပါတယ်။ဒါမှသာအာရှမှာကျားတစ်ကောင်ဖြစ်လာမှာပါ။

Anonymous said...

အများအတွက် ၀မ်းသာစရာပါဘဲ ...။

Battlecal said...

မိုက်တယ်ဗျာ....ရန်ကုန်မှာကားတွေတ၀ီးဝီးနဲ့အလန်းတွေပဲစုမယ်

Topsidon21 said...

ကောင်းလိုက်တာဗျ....ထောက်ခံပါတယ်ဗျို့.

Love & Peace said...

ကားဈေးကျတာသမတကြီးကိုကျေးဇူးအထူးတင်ပါတယ်။လူလတ်တန်းစားတွေကားကောင်းစီးနိုင်သွားတာပေါ့။ဒါပေမဲ့လူတိုင်းလိုလိုစီးနိုင်ဘို့လုပ်ပေးပါအုံး။အခွန်လဲလျှော့ပေးပါအုံး၊ကျနော်တို့နိုင်ငံကသွင်းတာအဟောင်းတွေလေ၊အသစ်မှမဟုတ်တာ။
လောလောဆယ် မလျှော့နိုင်သေးရင်တောင်၊ကားမ၀ယ်နိုင်သေးတဲ့သူတွေအတွက် ရန်ကုန်မှာ မော်တော်ဆိုင်ကယ်စီးခွင့်လေးတော့ပြန်လည်ချထားပေးစေလိုပါတယ်။လောင်စာလဲချွေတာရာရောက်တာပေါ့။
ခုအော်နေတာက၊အရင်ကားဈေးတက်တုံးက အိမ်ဝယ်၊ကားဝယ်နဲ့အကြီးအကျယ်ထောသွားကြတဲ့ ၀ယ်ရောင်း၊ပွဲစားတစုပါဘဲ။
သမတကြီးအားအထူးကျေးဇူးတင်စောင့်မျှော်လျက်................

Linn Linn Idea Image said...

ဖြစ်သင့်တာကြာ့ပီပေါ့...........စီးပွားရေးလုပ်ငန်းမဟုတ်တာကို စီးပွားရေးလုပ်နေတော့.......ရှုံးကြတာတောင်နည်းသေးတယ်
ဒီနိုင်ငံမှာပဲ ရှိတယ် ကားပွဲစားတဲ့......................ဝယ်ရောင်းတဲ့....
ဒီလိုပေါလစီတွေ ဒီလူတွေ ရှိနေလို့ ကျုပ်တို့ ကားမစီးနိုင်တာ.........

Anonymous said...

ကောင်းပါတယ် ၊ ကားဈေးတွေကျ လို. ကားတွေ ၀ယ်ကြ ၊စီးကြရင် ..... လက်ရှိ လမ်းတွေ ၊ မီးပွိုင်.မှာ ကားစီးသူတွေ ဧည်.စာရင်းတိုင်ကြရမှာကိုလည်း ... ကြိုစဉ်စားသင်.တယ်။

ayezawphate said...

လမ်းကောင်းတွေလိုသေးတယ်ဗျို့...

hsetning2 said...

ဒါမျိုးတွေက ဖြစ်သင့်နေတာကြာလှပေါ့

mayhtat said...

ကားပါမစ်တွေအဲ့လောက်ကျနေတာတောင်ဇုံထုတ်ကားတွေဘာလို့အခွန်မပေးဆောင်တာလည်း..အထက်လူကြီးရဲ့အမိန့်လား...
ကညနကလုပ်စားနေတာလား.
ဇုံနဲ့ကညနကပေါင်းပီးလုပ်စားနေတာလား..
အဲ့လိုမဟုတ်ဘဲနဲ့တော့လိမ်ညာရောင်းထားတာတွေကိုမသိဟန်ပြုနေဘို့လူကြီးတွေအနေနဲ့အလုပ်သင့်ဘူးဘူးထင်တာဘဲ

mayhtat said...

ကားပါမစ်တွေအဲ့လောက်ကျနေတာတောင်ဇုံထုတ်ကားတွေဘာလို့အခွန်မပေးဆောင်တာလည်း..အထက်လူကြီးရဲ့အမိန့်လား...
ကညနကလုပ်စားနေတာလား.
ဇုံနဲ့ကညနကပေါင်းပီးလုပ်စားနေတာလား..
အဲ့လိုမဟုတ်ဘဲနဲ့တော့လိမ်ညာရောင်းထားတာတွေကိုမသိဟန်ပြုနေဘို့လူကြီးတွေအနေနဲ့အလုပ်သင့်ဘူးဘူးထင်တာဘဲ

သူ၇ိယ said...

ဝယ်ရင်ဂျပိုးဖြစ်အောင်ပြော...ရောင်းရင်လိပ်ဖြစ်အောင်ပြော...
အနှစ်၂၀..၃၀ သက်တမ်းရှိတဲ့ကားကိုသိန်းနှစ်ဆယ်အစိတ်မြတ်အောင်ရောင်းနိုင်ဝယ်နိုင်တာအံ့ဖွယ်သရဲပါ..ဆယ်စုနှစ်တွေအတွင်းစားလိုက်သောက်လိုက်နဲ့..
ခုမှရှုံးသလေး...ရှက်သလေးအော်နေလိုက်တာ...
စီးဖို့မဟုတ်ဘဲ ပါမစ်လေးငါးစောင်..ကားလေးငါးစီး..သူများကိုခေါင်းပုံဖြတ်ဖို့ကြံစည်နေတဲ့လူတွေ...နည်းတောင်နည်းသေးတယ်..

Anonymous said...

ကားဈေးတွေ ကျတာကတစ်နေ့လုပ်မှတနေ့စား ရတဲ့လူတန်းစားတွေအတွက် ဘာမှမဆိုင်နိုင်သေးပါဘူးဗျာ။သူတို့တွေအတွက်တော့ဆန်ဈေးကျတာနဲ့ အလုပ်အကိုင်ပေါဖို့ လုပ်အားခတွေတိုး ရဖို့ကအဓိက လိုနေသေးတာပါ။အခု မြန်မာပြည် အပြောင်းအလဲအတိုးအတက်တွေက လက်ရှိပိုက်ဆံတတ် နိုင်တဲ့သူ တွေအတွက်သာနဲနဲ ကောင်းနေတာ။
အောက်ခြေလူတန်းစား တွေအတွက်လည်းဆန်ဈေးတွေကျ အလုပ်တွေပေါ လုပ်အားခကကောင်း အဲဒါမျိုးတွေလည်း လာပါဦး......။

Ebrahim said...

ဖြစ်သင့်နေတာကြာပါပြီ။ ပြည်သူတွေ ကားမစီးနိုင်အောင် အရင်ခေတ်က လူကြီးတွေ ၀ိသမလောဘနဲ့ အနိုင်ကျင့်ခဲ့သမျှ အခု အစိုးရလက်ထက်မှာ တော်တော်လေးကို တရားမျှတလာတာ တွေ့ရတယ်။
ဦးသိန်းစိန် ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိစွာဖြင့် နိုင်ငံအကျိုး သယ်ပိုးနိုင်ပါစေ

kyawkyawoo said...

နားထောင်ရတာ နားဝင်ချိုလိုက်တာ ဟဲဟဲ ဟဲ ဒီထက်မပိုတော့ဘူးလား

pyeitphyo said...

ဓာတ်ဆီဈေးလည်းမြန်မြန်လေးကျပါစေ.တဂါလန် ၁ ထောင်လောက်နဲ့  ဝယ်လို့ ရအောင် လုပ်ပေးကြပါ ခင်ဗျား.

ကိုစော said...

ကြွက် နဲ့ အတူပြေး ခွေးနဲ့ အတူလိုက် တဲ့
( မကြားဖူးရင်လည်း စကားပုံ အသစ်လို့ မှတ်)
တေဇ ဇော်ဇော် တို့ ကားတွေ သွင်းနေတုံး က ဒါမျိုး မကြားဖူးကြဘူး မလား

ကြွက်တွေ ခွေးတွေ ဘေးထွက် နေပြီ ဆိုရင် သဘောပေါက်တော့ပေါ့
ပြောပြန်ရင် လည်း အောင်မင်းလွန်ရာကျ မယ်။

naughty boy said...

အပြောကတော့ ဟုတ်နေတာပါပဲ..
လက်တွေ့မှာ အခုကားသွင်းအစီအစဉ်အတွက် MFTB, MICB မှာ သာမန် နိုင်ငံသားတစ်ယောက်အနေနဲ့ personal account ဖွင့်လို့ မရသေးပါဘူး။ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့် ကိုယ်တိုင်က နှစ်ရက်အတွင်း အကောင်အထည်ပေါ် စေရမယ် အာမခံနေပေမယ့် လက်တွေ့မှာ အဲဒီဘဏ်တွေမှာ ငွေစာရင်းလုံးဝ ပေးမဖွင့်ပါဘူး။ သူတို့ရဲ့ ဘဏ္ဍာအခွန်ဝန်ကြီးဌာနက နိုင်ငံသားတိုင်း ကားသွင်းခွင့်ရမယ့် အခုအစီအစဉ်အတွက် ဘာမှညွှန်ကြားမှု မလာတဲ့အတွက် နိုင်ငံခြားဝင်ငွေ တရားဝင် ရှိသူများမှအပ personal account ဖွင့်မပေးပါဘူး။ အပြင်ဘဏ်တွေကနေ ကားသွင်းဖို့ ဒေါ်လာဝယ်ဖြည့်ပြီး စာရင်းဖွင့်တာကို လုံးဝ လက်သင့်မခံပါဘူး။ တစ်နိုင်ငံလုံး ၀မ်းသာရမယ့် အရေးမှာ ၀န်ကြီးတွေတစ်ယောက်နဲ့ တစ်ယောက် ကပ်သပ်နေကြတာ၊ လုပ်ပိုင်ခွင့်တွေထဲက အာဏာပြနေကြတာ၊ ညီညွတ်မှုမရှိတာ၊ သူတို့ရဲ့ အကျိုးတူ စီးပွားရေးလက်ဝါးကြီးအုပ်နေသူတွေကို အကာအကွယ်ပေးဖို့ပဲ စိတ်ဆန္ဒရှိတာ တွေဟာ တိုင်းပြည်တိုးတက်ရေးအတွက် ခြေလှမ်းကြဲကြဲ လှမ်းရမဲ့အချိန်မှာ လုံးဝ မလိုအပ်တော့တဲ့ အဖျက်အမှောင့် စိတ်ဓာတ်တွေပါ။
စီးပွားကူးသန်းဝန်ကြီးအနေနဲ့ လုပ်ငန်းကျွမ်းကျင်မှုမရှိတာ၊ စီးပွားရေးသမားကြီးတွေ အလိုကျ နည်းဥပဒေတွေကို အချိန်ဆွဲထုတ်ပြန်တာ၊ ဘဏ္ဍာအခွန်ဝန်ကြီးဌာန ၀န်ကြီးအပါအ၀င် MFTB, MICB ဘဏ်အကြီးအကဲနဲ့ ၀န်ထမ်းတွေရဲ့ တာဝန်ယူစိတ်မရှိဘဲ မလုပ်-မရှုပ်-မပြုတ်မူကို လက်ကိုင်ထားတာတွေဟာ အတော်ကို ရုပ်ဆိုးလွန်းတဲ့ အမူအကျင့်တွေပါ။ တိုင်းပြည်တိုးတက်ဖို့ဆိုရင် ဒီလူတွေရဲ့ အမူအကျင့် စိတ်ဓာတ်တွေကို အရင်ဆုံးပြောင်းလဲအောင် လုပ်ရမှာပါ။ အချိန်ရှားပါးနေတဲ့ ကာလလမှာ ပြုပြင်လို့ မရရင် အမြန်ဆုံး အနားပေးသင့်ပါတယ်။ အထူးသဖြင့် MFTB မှာ ငွေပေးပြီး မလိုက်ရင် သာမန် account transfer တစ်ခုဟာ ၃ရက်ကနေ ၅ရက်အထိ ကြာတတ်ပါတယ်။ MD,GMက လက်မှတ်ထိုးပြီး ချပေးထားတာတောင် စာအုပ်ထဲ ငွေစာရင်းရောက်တဲ့အဆင့်၊ credit ထုတ်လို့ရတဲ့ အဆင့်ထိ ဆက်မလုပ်ပဲ အလုပ်တွေ ပုံနေလို့ဆိုပြီး ပစ်ထားကြတာမျိုးတွေ၊ BL ထုတ်ရင်လဲ ပိုက်ဆံထည့်မပေးရင် တစ်နေသာကုန်သွားမယ် ဒီစားပွဲကနေ ဟိုစားပွဲ လုံးဝမရွေ့ပါဘူး။ နေ့ချင်းပြီးဆိုတာ ငွေနဲ့ခင်းမှရတာပါ။ ငွေမပေးလို့ကတော့ဟိုစာရွက်လိုတယ်၊ ဒါကဘာဖြစ်တယ် စသဖြင့် သူတို့မှာ မရိုးနိုင်တဲ့ အပြစ်ရှာစရာ အကြောင်းပြချက် တပုံတပင်ကြီးကို လက်ကိုင်ပြု ထောက်ပြတော့တာပါပဲ.. စာရွက်စာတမ်း အားလုံး ပြည့်စုံနေရင်တောင် မလိုက်လို့ကတော့ အနည်းဆုံး ၂/၃ ရက်ကနေ တစ်ပတ်အထိ ကြာတတ်ပါတယ်။ account အမျိုးမျိုး ဖွင့်ရင်လည်း ငွေမပေးရင် အကြောင်းအမျိုးမျိုးပြပြီး တစ်ပတ်ကနေ တစ်လကျော်ထိ ကြာပါတယ်။ ဒီလို ဘဏ်စနစ်မျိုး၊ အမူအကျင့်မျိုးတွေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးသွက်လက် မြန်ဆန် ဦးမော့လာဖို့ အဝေးကြီးပါ။
အလျှော့ပေါ့ဆုံး ပြောရရင် ငွေရ..ရ၊ မရ..ရ လုပ်စရာရှိတာ လုပ်ပေး၊ ကျေးဇူးတင်လို့ ပေးတာကိုယူ.. ဒါမျိုးဆိုရင် အပြည့်အ၀ မကောင်းသည့်တိုင် နားလည်ပေးလို့ ရပါသေးတယ်။ အခုတော့ ငွေမပေးရင် ဘာမှကို မလုပ်တာ၊ ကန့်လန့်တွေကြီးပဲ လုပ်တာတွေဟာ.. တိုင်းပြည်တိုးတက်ရေးမှာ ဟိုမိုင်းထောင်၊ ဒီမိုင်းထောင်လုပ်နေတဲ့ အဖျက်သမားတွေထက် ပိုပြီး ပျက်စီးဆိုးရွားစေတယ်ဆိုတာ နားလည်သင့်ပါပြီ။
ဒီနေ့တော့ ကားသွင်းခွင့်သတင်း အစိုးရသတင်းစာမှာ တရားဝင်ပါလာပါပြီ။ ဒါပေမယ့် လက်တွေ့မှာနိုင်ငံသားတိုင်း ၂၀၀၇ မော်ဒယ်နဲ့အထက် ကားသွင်းခွင့်ဆိုတာ အိပ်မက်အဆင့်မှာပဲ ရှိပါသေးတယ်။ အိပ်မက်တွေ အကောင်အထည် ပေါ်လာသည့်တိုင် ၂၀၀၇ မော်ဒယ်နဲ့ အထက်ကားတွေက ပြည်ပ၀ယ်ဈေးကမြင့်၊ ပြည်တွင်းအခွန်တွေကမြင့် ကန့်သပ်ချက်တွေ များလွန်းလို့ သာမန်ပြည်သူတွေအတွက်တော့ မြင်သာမြင် မကြင်ရတဲ့ ဘ၀မှာပဲ ရှိနေပါသေးတယ်။ အဓိကကျတဲ့ ငွေစာရင်းဖွင့်ဖို့အတွက်က ဘယ်သူ့ကို အဖေ ခေါ်ရမှန်းတောင် မသိသေးပါဘူး။

Anonymous said...

နိုင်ငံတော် သမတကြီး ကိုအထူးကျေးဇူးတင်လေးစားမိပါတယ်။ ကိုယ်စိတ် (၂)ပါး ကျမ်းမာချမ်းသာပါစေကြောင်း လဲဆုတောင်းလိုက်ပါတယ်။ ကားသစ်တွေမောင်းတဲ့လူတွေလဲ မောင်းကောင်းကောင်းနဲ့အရမ်းမမောင်းကြပါနဲ့၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိမ်းတဲ့လူတွေလဲ ကိုယ်ကျိုးပဲမကြည့်ဘဲ ဖာသိဖာသာမနေဘဲ စည်းကမ်းထိမ်းပေးပါအုံး။ နေပူတယ်ပင်ပန်းတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဘယ်သူမှတွန်းအားမပေးဘဲ ကိုယ်ဝါသနာပါလို့လုပ်တဲ့အလုပ်ကို တန်ဘိုးထားမြတ်နိုးစေချင်ပါတယ်။

Anonymous said...

UKyawKyaw ပြောတာ စဉ်းစားစရာပါ။မြန်မာနိုင်ငံမှာက စံနစ်အမျိုးမျိုး ပြောင်းလဲ/စမ်းသပ် ကျင့်သုံးခဲ့တယ် ဆိုပေမယ့် အချိန်အကြာကြီးနေရာယူခဲ့တဲ့ ဆိုရှယ်လစ်စံနစ်ရဲ့အငွေ့အသက်တွေက အထူးသဖြင့် ၀န်ထမ်းလောကထဲက နိုင်ငံခြားနဲ့ပါတ်သက်တဲ့ဌာနတွေက လူအချို့မှာ ရှင်သန်နေဆဲပါ။ဥပမာ ပါတ်စ်ပို့ဌာန၊လူဝင်မှုကြီးကြပ်ရေး၊နိုင်ငံခြားငွေနဲ့သက်ဆိုင်တဲ့ ဘဏ်၊အခွန်ဌာန၊မြန်မာသံရုံးများ ...စသဖြင့်...အများကြီးကျန်ပါသေးတယ်။အဲဒီက လုပ်ပိုင်ခွင့်ရှိတဲ့သူအချို့ဟာ မဆလ ရဲ့ဦးဏှောက်နဲ့ နိုင်ငံခြားထွက်မယ့်သူတွေကိုရော၊နေနေတဲ့သူတွေကိုရော၊ပြန်လာတဲ့သူတွေကိုရော အသားလွတ်မျက်မုန်းကျိုးနေတတ်ကြပါတယ်။အရင်းရှင်ဝါဒကို အထင်ကြီး အားကိုးသူများ ဒါမှမဟုတ် ပြည်ပအားကိုး အနေနဲ့ သူတို့က နှိပ်ကွပ်ခွင့်ရရင် ရသလို ပညာပြတာ၊ဟိန်းတာဟောက်တာတွေကို ကိုယ့်လုပ်ပိုင်ခွင်ထဲကနေ လုပ်တော့တာပါပဲ။အဲဒီမှာ သူတို့ရဲ့ အမုန်းတရားနဲ့ တစ်ဖက်ကလည်း သည်းခံမှဖြစ်တဲ့အခြေအနေနဲ့ဆိုတော့ သူတို့အနိုင်ကျင့်သမျှ ခံရတော့တာပါပဲ။အဲဒီပုဂ္ဂိုလ် တွေကတော့ အနိုင်ကျင့်ခွင့်လိုင်စင်လည်းရ ၀င်ငွေကလည်းကောင်းတော့ အဲဒီနေရာတွေမှာ ဖက်တွယ်ရင်း ဌာနရဲ့အမည်ကို အိုးမည်းသုတ်နေဖြစ်ကြတော့တာပေါ့။မျှမျှတတလေးစဉ်းစားပေးကြပါ။လူဆိုတာ အကြောင်းကိစ္စကိုယ်စီရှိကြသူတွေပါ။နိုင်ငံခြားမှာနေနေ မြန်မာပြည်တွင်းမှာနေနေ ကိုယ့်လုပ်ပိုင်ခွင့်ထဲကနေ တတ်နိုင်သမျှ အကူအညီပေးကြရင် မကောင်းပါလား။ကုသိုလ်လည်းရ ၀မ်းလည်းဝ မိတ်ဆွေလည်းတိုးတာပေါ့ဗျာ။

ကိုမိုက် said...

naughty boy ပြောတာမှန်တယ်ဗျို့....MICB မှာ update သွားလုပ်ရင် ပိုက်ဆံပေးရင် ၂ နာရီလောက်ပဲစောင့်ရတယ်...မပေးရင်နောက်နေ့ထပ်ချိန်းသဗျ...ပြီးတော့ ပိုက်ဆံသွားထုတ်ရင်လည်း မျက်ခွက်တွေက သူတို့လုပ်စာထိုင်စားနေရသလားအောက်မေ့ရတယ်...ဒါလား..ပြည်သူကိုပေးတဲ့ ၀န်ဆောင်မှု...ပြီးတော့ system တစ်ခုလုံးက manual run နေတော့ မကြာသင့်ပဲကြာတာပေါ့ဗျာ...ဒါတွေကအစ ပြင်သင့်တယ်ဗျို့.....

မိတ်ဆွေစစ် said...

ဘာဘဲဖြစ်ဖြစ် ကာဈေးကျတာကိုတော့ ကြိုဆိုပါတယ်။

winshein said...

ကြိုက်တယ်ဗျာ။ ကျွန်တော်တို့တော့ ကားကို ဈေးပေါပေါနဲ့ စီးနိုင်တော့မယ်ဗျို့။

winshein said...

ဒေါ်ပြည့် said
ဒီတခါတော့ ကားဝယ်နိုင်ပြီ

bo said...

မရောင်ရာဆီလူး

ဝမ်းသာလိုက်တာဗျာ ကျွန်တော်တို.လိုအခြေခံလူတန်းစားတွေအတွက်ကားတစ်စီးသိန်း၅၀ဖြစ်သွားလဲဘယ်လိုဝယ်စီးနိုင်မှာလဲ။ အကြီးအကဲအပေါင်းတို.
ခင်ဗျာပြည်သူကိုစေတနာရှိရင်ပြည်သူတွေတောင်းဆိုတဲ.တန်ဖိုးနဲ
၅၀၀၀ တန်ဖုန်းကိုအမြန်ပေးသင်.ပါတယ် ။

NP said...

ဒီ အစိုးရရဲ့ ခုတစ်မျိုး တော်ကြာတစ်မျိုး မူဝါဒတွေကတော့ ပြည်သူတွေကို အရူးလုပ်နေသလိုပါပဲ။ သက်မှတ်ထားတဲ့ ယဉ်ဟောင်းတွေ အပ်နှံလဲလှယ်ပေးလို့ မပြီးခင်မှာ ဒီလို မူဝါဒ အသစ်ချမှတ်လိုက်တာဟာ ပြည်သူထဲက ပြည်သူတချို့ကို အရူးလုပ်လိုက်သလိုပါပဲ။
" အရင်တုန်းကတော့ ခေတ်ပျက်မှာ သူဌေးဖြစ်ကြတယ်တဲ့။ ခုတော့ ခေတ်သစ်မှာ ခွေးဖြစ်သွားကြတဲ့ သူတွေလဲ အများကြီးပါ "
ဒါတွေဟာ အစိုးရရဲ့ အတွေ့အကြုံမရင့်ကျက်သေးတဲ့ မူဝါဒ ချမှတ်မှုတွေကြောင့် ပြည်သူတချို့ မဆုံးရှုံးသင့်ပဲ ဆုံးရှုံခဲ့ရပါတယ်။ တကယ်ဆိုရင် ဒီလို မူဝါဒ ပြောင်းလဲမှုတွေဟာ ပြည်သူတွေ အကြား ထင်သာမြင်သာ ပွင့်လင်းမှု ရှိသင့်ပါတယ်။ သိပ်ကို စိတ်ပျက်မိပါတယ်။
တချို့ကတော့ ထင်ကြမှာပေါ့ ကျွန်တော်က မကောင်းမြင် ရှိသူလို့။ ဒါပေမယ့် အားလုံးပဲ သေသေချာချာ စဉ်းစားကြည့်ပါ။ ဒီလို ကားဈေးကွက် သိန်း ၁၀၀ ကျော်ကျသွားလောက်နိုင်တဲ့ မူဝါဒ ပြောင်းလဲမှုတွေကို ရုတ်တရက်ချမှတ်ပြီး လုပ်ချင်သလို လုပ်သွားတာဟာ ကားပါမစ်၊ ကားဟောင်းလက်ကိုင်ထားသူတွေ ဘယ်လောက် နှစ်နာသွားမလဲဆိုတာ။ ကိုယ်ချင်းစာတရားနဲ့သာ စဉ်းစားပေးကြပါ။ ခု လူတိုင်းလွတ်လပ်စွား ကားသွင်းခွင့်ပေးနေတယ်ဆိုပြီး တကယ်တမ်း သူတို့ ပြောင်းချင်သလို ထပ်ပြောင်းခဲ့ရင်ကော..... ဒါတွေကို ဘယ်သူမှ မသိနိုင်ဘူးဗျ။ အဲ သူတို့နဲ့ နီးစပ်ရာ သူတချို့ကတော့ ကြိုသိနိုင်တယ်ပေါ့ဗျာ။ ဒါတွေဟာ လက်တစ်ဆုပ်စာ လူတစ်စုရဲ့ စီးပွားရေး လက်ဝါးကြီး အုပ်မှုတွေ ပပျောက်မသွားသေးဘူးဆိုတဲ့ သဘောပဲပေါ့ဗျာ။ ( မြန်မာနိုင်ငံကြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီ စစ်စစ်ကြီး ရပေါစေ )

zaw said...

အများကောင်းဖို့ နာတဲ့သူလဲနာပြီးပြီ(တနိုင်လုံးဆို သိန်းဂဏန်းလောက်ပေါ့) အမှန်တကယ်အများပြည်သူကောင်းစားစေဖို့ သူများနိုင်ငံကအစုတ်တွေစီးတာကို ဇိမ်ခံကားအသစ်တွေလို အခွန်မကောက်ခံသင့်ဘူးထင်တယ်...ပြည်သူတွေဆီက အပြည့်အ၀ အခွန်ကောက်ခံပြီး နာမည်ကောင်းတော့မယူသင့်ဘူး...တာတာ လို ၀ယ်သူလက်ထဲအရောက် ကားသစ်ကို ဒေါ်လာ ၂၅၀၀ အဲလို အဲလိုလေးတွေ ရှိအုံးမှာပါ...၅၀၀၀တန် ၁၀၀၀၀တန် ၁၅၀၀၀တန် ..........

Top Gun said...

ဓါတ်ဆီနဲ့ပတ်သက်ပြီး အခွန်လျှော့ထားရက်နဲ့ ဘာဖြစ်လို့မကျတာလဲ။
ပြန်သုံးသပ်ဘို့လိုပြီ။ ညှိပြီးများတင်နေကျတာလား။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ပက ဆီသွင်းတဲ့ Co,.လက်ချိုးရေလို့ရတယ်၊ လက်တဖက်မပြည့်လောက်ဘူး။ နိုင်ငံခြားကုမ်မဏီတခုတည်းက တင်သွင်းတာကို ခွဲယူနေကြတာ။

ဖိုးဖိုးကြီး said...

အော်-စီးပွားကူးသန်းဝန်ကြီးနှင့်နိုင်ငံတော်သမ္မကြီး ဦးသိန်းစိန် တို့ကျန်းမာ
ကြပါစေ။ ချမ်းသာကြပါစေ။ နိုင်ငံသားတိုင်းကားစီးနိုင်အောင် စီမံပေးတဲ့စီမံ
ချက်ကို ထောက်ခံပါတယ်။ မတန်တဆ-မဟုတ်သည့်ဈေးများနျင့်ရောင်းခဲ့သည့်
ကားများ-ယခု ဈေးအမှန်အကန်အဖြစ်ရောက်ရှိသွားသည့်အတွက် ကြိုဆိုပါ
သည်။ နိုင်ငံတကာဈေးကွက်ဖြစ်သွားသည့်အတွက် နိုင်ငံတကာမှအားလုံးက
မြန်မာနိုင်ငံ၏လုပ်ဆောင်ချက်များကို ထောက်ခံအားပေးကြမည်မှာ ဧကန်မ
လွှဲပါ။

ဇာမဏီ said...

ဆန်နီ စူပါဆဆလွန်းလို အောက်ကားတောင် ၁၀၀ လောက်ရှိနေသေးတာဆိုရင် ဈေးချိုတယ်ပြောလို့မရသေးပါဘူး ။ ၈၆ ၈၇
မော်ဒယ် စူပါဆလွန်းမျိုး ဆိုရင် အများဆုံး သိန်း သုံးလေးဆယ်လောက်ပဲရှိ
နေရမှာပါ ။

problem said...

စီးပွားဘဏ်ကိုပြုပြင်ပြောင်းလဲလိုက်နိုင်လို့  ကျေနပ်ပါတယ်
အခု ကားသွင်းဖို့  ကုန်သွယ်မှုဘဏ်၊ ရင်းနှီးဘင်္ဏကိုလဲ လူစိတ်ရှိအောင်လုပ်ဖို့ လိုတယ်၊ အဓိက ကုန်သွယ်မှုဘင်္ဏ်က အရမ်းရိုင်းတယ်
ငွေပေးမှ၊ မျက်နှာချိုသွေးမှလုပ်ချင်တယ်၊ မျက်နှာတွေက တင်းမှတင်းပဲ၊ သူတို့ အမေလင်အိမ်လာတာကျနေတာပဲ၊ အရာရှိတွေကလဲ အောက်ကိုမနိုင်ဘူး၊ ၀န်ကြီးလဲ တနှစ်တခေါက်မှမရောက်တာ၊ စီးပွားဘဏ်ဝန်ထမ်းတွေကျ လုပ်ရတာပင်ပန်းတယ်၊ ဆက်ဆံ၇တာလူပေါင်းစုံတယ်၊ အခုအရမ်းတိုးတက်တယ်၊ ဒီဘဏ်နျစ်ခုကိုတော့ လိုအပ်ရင်အလုပ်ဖြုတ်ရမယ်

palin said...

အမှန်တော့ ဒါက အခွန်မဆောင်ဘဲ အခွန်ရှောင်ချင် သူတွေကို တစ်ဖက်လှည့် နဲ့ အခွန်ဆောင်ခိုင်းလိုက်တာပါ။

ywunelay said...

ဖြစ်သင်.တာကြာပါပြီဒါ.ထက်ပိုပြီလျှော.ချသင်.သေးတယ်ပြုပြင်ပြောင်းလဲမှုအားလုံးကိုကျေးဇူးတင်ပါတယ်ဒါ.ထက်ပိုပြီးပြောင်းလဲသင်.ပါသေးတယ်

begesic said...

ထောက်ခံတယ် naughty boy ရေ။

မိုးမခ said...

အဲဒီလက်ထဲပါမစ်ကိုင်ထားသူတွေထဲမှာ စီးမယ့်လူ ဘယ်နှစ်ယောက်ပါသလဲ။ စီးဘို့ကိုင်ထားတယ်ဆိုရင်လဲ သက်သာသွားတာဘဲ စီးလို့ဖြစ်သွားမှာဘဲ ဈေးကစားဘို့ကိုင်ထားတဲ့လူတွေ စီးပွားပျက်သွားတာကို စိတ်မကောင်းတော့ မဖြစ်မိပါဘူး။ စီးနိုင်လာတဲ့အခွင့်အရေး ရသွားတဲ့လူတွေ များလာတာတော့ကောင်းတာပေါ့။ အခုထိတော့ မစီးနိုင်သေးဘူး။ ၀န်ထမ်းတွေ အရစ်ကျနဲ့ဆိုမှ စီးနိုင်မှာ။ ဘာဘဲဖြစ်ဖြစ် ကောင်းပါတယ်။ ဖြစ်သင့်တာကြာပါပြီ။ မုဒိတာပွားပါတယ်

U 2 said...

ကားဟောင်းမလိုနိုင်ငံခြားငွေအကောင်.ရှိရင်ကားသွင်းလို.ရတာဟုတ်ပါပြီ

cif နဲ fob ကဘယ်လောက်သတ်မှတ်မှာလဲ သူတို.အပေါ်မှာလဲမူတည်တယ်

အပေါ်က mark x ကသိန်း ၃၀၀အောက်ဆိုပေမဲ.နာမည်ပြောင်းအခွန်က
သိန်း၃၀၀နဲ.ဖြတ်မှာလား
တကယ်တန်းကကားတစ်စီးဘိုးကဘာမှမရှိဘူးအခွန်တွေကများနေတာ
အခွန်တွေကိုနဲနဲထပ်ချလိုက်ရင်ကားဈေးတော်တော်ကျသွားမယ်

Leo Augusta said...

ဒီကိစ္စကိုမကောင်းပြောမှာကတော့ဈေးကစားခဲ့ကြတဲ့ကားဝယ်ရောင်းနဲ့ကားပွဲစားတွေပဲ။ စီးမယ့်လူတွေကတော့ဝမ်းသာပါတယ်။

su said...

NP ပြောတာ သဘာဝကျတယ်၊ ပြည်သူလူထု ကို အရူးလုပ်တာပဲ။ အခုခံလိုက်ရတာက အလယ်အလတ်တန်းစား လူတန်းစားတွေချည်းများတယ်။ ကားသွင်းနေကြ သဋ္ဌေးကြီးတွေက ဒီကိစ္စ ကြိုတင် သိနေပြီးသား။ လုပ်စားခဲ့တာလည်း ကြာတော့ ၀ နေပါပြီ။ သူတို့ မထိဘူး။ ပြည်သူလူထု လုပ်စားတော့မယ် ဆိုကာမှ ခုလိုဖြစ်တာ။ တော်တော် မကောင်းဘူး။ မူဝါဒ တစ်ခုနဲ့ တစ်ခုကို ပြောင်းချင်သလို ပြောင်းနေတာ။ အဲဒါ အသုံးကျတဲ့ အစိုးလား။

Powered by Blogger.