အထက်တန်းကျောင်းအုပ်ကြီး ဒေါက်တာတွေတော်လိုက်ပုံများ
၁။ 23-4-2012 (တနင်္လာနေ့) ည (၈း၀၀) နာရီ ရုပ်မြင်သံကြားသတင်းတစ်ခုမှာ ပညာရေးဝန်ကြီးဟောင်း ဒေါက်တာချမ်းငြိမ်း (ဒေါက်ချာချမ်း) ကို စာစစ်ဥပေဒနှင့် ပတ်သက်ပြီး တင်ပြနေတာမြင်ရတော့။ ဒီလူတွေ (အချို့အပေါင်းပါ) လွှတ်တော်အရှေ့မှာ နေရာပေးတာ ယခင်ကြိုးနီစနစ်က ဘယ်ညာလွှဲပြီးဆက်ပြီး ရှင်သန်နေရာ ရောက်တယ်။ ဒေါက်ချမ်း (အခြေခံပညာဆရာ၊ ဆရာမများ အခေါ်) ပညာရေးဝန်ကြီးတာဝန်ယူစဉ်ကာလတလျှောက် အခြေခံပညာကို ကောင်းကောင်းကြီးဖျက်ဆီးသွားတဲ့ နံပါတ် (၁) တရားခံပါ။ ဥပမာတစ်ခုကိုပဲ ပြောပါရစေ ဒေါက်တာဘွဲ့ရတာတက္ကသိုလ်က ဆရာ၊ ဆရာမတွေကို အထက်တန်းကျောင်းအုပ်ရာထူးခန့်ထား တာဟာ အခြေခံပညာကို ဖျက်စီးလိုက်တာဘဲ။ ပညာရေးသဘောတရားနားမလည်တဲ့လုပ် ရပ်ဖြစ်တယ်။ တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ရ တယ်ဆိုတာ သူ့ရဲ့ဘာသာရပ်မှာ အထူးကျွမ်းကျင်တာ (Professional) လို့ထင်ပါတယ်။ [ဒေါက်တာ တွေအသိဆုံးပါ ကျွမ်းကျင်လား၊ တတ်လားမတတ်ဘူးလားဆိုတာ] အဲဒီလိုဘာသာရပ်တစ်ခုကို ကျွမ်းကျင်တာနဲ့ အထက်တန်းကျောင်းအုပ်တာဝန်ပေးတာ ဟာ တခြား ဆီပါ။ အထက်တန်းကျောင်းအုပ်ဆိုတာ ကျောင်းတစ်ကျောင်းကို စီမံရတယ်၊ အုပ်ချုပ်ရတယ်၊ သင်ကြားရတယ်၊ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများကို မောင်နှမလို၊ မိသားစုလို၊ ရင်းရင်းနှီးနှီး ဆွေးနွေးတိုင်ပင် အကြံဉာဏ်ယူရတယ်၊ ကျောင်းသူ၊ ကျောင်းသား ကလေးငယ်များအတွက် စံပြနမူနာပြုရတယ်၊ ဆရာဂုဏ်၊ သမားဂုဏ်၊ နာယဂုဏ်(၆) ပါးနဲ့ညီညွှတ်ရတယ်။ အသက်အရွယ်၊ လုပ်သက်အတွေ့ အကြုံ၊ ပညာကြီးရတယ်။ ဒါမှတာ အထက်တန်းကျောင်း တစ်ကျောင်းကို တိုးတက်အောင်၊ စည်းကမ်းရှိအောင် ဦးဆောင်ရင်း လိမ္မာတဲ့၊ တော်တဲ့၊ ထူးချွန်ထက်မြက်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို လုပ်ဖော် ကိုင်ဖက်ဆရာ၊ ဆရာမများနဲ့အတူ မွေးထုတ်နိုင်မှာဖြစ်ပါတယ်။
အခုတော့ကြည့်ပါဦး ဒေါက်ချမ်းလုပ်ခဲ့တာက သူလိုဒေါက်တာဘွဲ့ရတွေ သူ့ကိုယှဉ်မှာစိုးလို့ တက္ကသိုလ်မှာ မထားတော့ဘူး အခြေခံကျောင်းတွေကို ပို့ခဲ့တယ်။ ဒေါက်တာဆိုတဲ့(အထက်တန်းကျောင်း အုပ်လုပ်နေသူများ) လူတွေကလည်း ကိုယ့်ပညာကိုယ်မှ တန်ဖိုးမထား၊ ပညာမာနမရှိ(အရှက်မရှိ) ကိုယ့်ဌာန (မိမိMajor-ဥပမာ မြန်မာစာ ဌာန)၊ မိမိတက္ကသိုလ်တို့ကို သစ္စာဖောက်ပြီး အထက်တန်းကျောင်းအုပ်နေရာကို စီးပွားရေးတစ်ခုလို အသုံးချပြီး ၀န်ကြီးဆီအတင်းကပ်ဖား၊ မရ/ ရအောင်သိန်းဆယ်ချီကန်တော့ တဲ့သူတွေ အခုတော့ ဒေါက်ချမ်းက အခြေခံပညာကို ကောင်းကောင်းကြီး အမွေဆိုးပေးခဲ့တယ်။
ဒေါက်တာတွေဆိုတာ လူကလည်းမလောက်လေးမလောက်စား၊ အသက်ကလည်းငယ်၊ မဟုတ်တဲ့ပညာ မာနကလည်းရှိ၊ ဒေါက်တာဆိုကို ပါးစပ်ကမချဘူး။ အခြေခံပညာသဘောတရားလည်းနားမလည်။ ဆရာလုပ်သက် ၊ ပညာရေးလုပ်သက် ၊ အခြေခံပညာ ဆရာ၊ ဆရာမအတွေ့အကြုံလုံးဝမရှိဆိုတော့ အထက်တန်းကျောင်း တစ်ကျောင်းကို ဘယ်လိုစပြီး ကိုင်တွယ်ရမယ် ဆိုတာ နည်းမလည်ဘူး။ သူတို့သိတဲ့ စီးပွားရေး(ငွေ) တစ်ခုတည်း ဘယ်လိုရအောင်လုပ်မယ်ဆိုတာကို နည်းမျိုးစုံ မတရား(လောဘကြီးစွာ) နဲ့နေ့တစ်ဓူဝကြိုးစားကြတယ်။ လက်တွေ့လေ့လာကြည့်ကြပါ မြန်မာတစ်နိုင်ငံလုံးမှာ ဒေါက်တာတွေကုပ်စုပ်တဲ့အခြေခံပညာ အထက်တန်းကျောင်းတွေ ဘယ်လောက်တိုးတက်လာသလဲ ဆိုတာလက်ချိုးရေပြီးစစ်တမ်းကော က်ကြည့်ကြပါ။ ဒါတောင် ဒေါက်ချမ်းက သူ့ရဲ့လူတွေကို ကောင်းတဲ့အထက်တန်းကျောင်းတွေကို ပဲ ရွေးပြီးပေးခဲ့တာ။ ရန်ကုန်မှာဘဲကြည့်ကြည့်၊ မန္တလေးမှာဘဲ ကြည့်ကြည့် ဒေါက်တာတွေကျောင်းက ဆရာ၊ ဆရာမတွေစိတ်ဆင်းရဲမှုပေါင်းများ စွာနဲ့ အလုပ်လုပ်နေရတယ်။
ဒေါက်ချမ်း(ဒေါက်ချာကြီး) က မတရားတာမှလွန်ရော သူရဲ့ဒေါက်တာတွေကို အခြေခံကသူ့အဆင့်လိုက် တက်လာတဲ့ ကျောင်းအုပ်ကြီးတွေထက် လစာ ပိုပေးထားတယ်။ ဒေါက်ချမ်းမြှောက်စားတော့ လူပါးဝလိုက်တာမှ လွန်ပါလေရော၊ ဒေါက်တာတွေ ကျောင်းအုပ်အချင်းချင်းမပြောနဲ့ သူတို့အထက်က မြို့နယ်ပညာရေးမှူးတွေ၊ တိုင်းဒေသကြီးပညာရေးမှူး/ပြည် နယ်ပညာရေးမှူးတွေ ကိုတောင် လူမထင်ဘူး။ ထစ်ကနဲဆို ၀န်ကြီးဆီဖုန်းဆက်လိုက် မယ်နဲ့အမြဲချိမ်းခြေက်ပြီး ရတဲ့အခွင့်အရေးအကုန်ယူတယ်။
ဒေါက်တာကျောင်းအုပ်တွေလည်းတော်ေ တ်ာလေးချမ်းသာသွားကြပါပြီ။ နောက်ဆုံးပေါ်ကားအမျိုးမျိုး (၃-၄) စီးနဲ့၊ အိမ်တွေ၊ ခြံတွေ၊ မြေကွက်တွေ၊ ရွှေတွေနဲ့ သူဋ္ဌေးဖြစ်ကုန်ပါပြီ။ ဒီဖက်မှာလည်း ကျောင်းသူ၊ ကျောုင်းသားတွေ အကျင့်ပျက်၊ စာရိတ္တယိုးယွင်း၊ စာခိုးတတ်တဲ့ အချောင်သမားလေးတွေ၊ ကျောင်းပြေးတဲ့ ဝေလေလေလူငယ်တွေ တိုးပွားလာပါပြီ အနာဂတ်အတွက် ရတနာဆိုး တွေ များများထွက်လာပါပြီ။
ဒေါက်တာတွေကို ပိုပြီးချမ်းသာစေတဲ့ အဓိက အချက်တစ်ချက် ရှိပါသေးတယ် အဲဒါက ရန်ကုန်၊ မန္တလေးမှာ ခေတ်စားတဲ့ Day, Night, ဘော်ဒါ၊ ကျူရှင်တွေ၊ Private School တွေ [သီးခြားဖော်ပြ၊ ရေးသားပါဦးမည်] ပါ။
ဒေါက်တာတွေရဲ့ဆက်ဆံရေးကတော့ အသက်ငယ်ပြီး လုပ်ငန်းအတွေ့အကြုံမရှိတော့၊ ဆရာ၊ ဆရာမတွေကို သူတို့အိမ်က အခိုင်းအစေအတိုင်းဘဲ ၊ မောက်မောက်မာမာဆက်ဆံတယ်၊ မတူမတန် ငါကျောင်းအုပ်ပဲ ဆိုပြီး ပညာပြတယ်။ မလိုအပ်တာတွေကို ချဲ့ပြီး ခိုင်းတယ်၊ အစည်းအဝေးတွေကို အချိန်ကြာမြှင့်စွာ လိုရင်းမရောက်နိုင် ဘဲ ညနေကျောင်းဆင်းကနေ ညနေ(၅/ ၆) နာရီအထိလုပ်တယ်။ ကျောင်းဆင်းပြီးလည်း မပြန်ခိုင်းသေးဘဲ လက်မှတ် ထိုးစာအုပ်ကို သိမ်းထားတယ်။ နောက်ကျမှ ပြန်ခိုင်းတယ်။ ငါကျောင်းအုပ်ပြန်မပြောနဲ့၊ ငါကျောင်းအုပ်ငါခိုင်းတာလုပ် ၊ ငါကျောင်းအုပ်ငါပြောတာလုပ်။ အာဏာရှင်စနစ်နဲ့ကျောင်းတွေကို အုပ်ချုပ်နေကြတာ။ ဒီကြားထဲရှုပ်ရှုပ်ရှက်ရှက်တွေ ကပါလာသေးတယ်မဟုတ်လား
ပြောရရင်တော့ အခြေခံပညာအထက်တန်းကျောင်းတွေ ဒေါက်တာကျောင်းအုပ်တွေကြောင့် လုံးဝ ဥဿုန် ပျက်စီးသွားပါပြီ။ ဒေါက်တာချမ်းငြိမ်းလည်းနားလိုက် ပါတော့ လွှတ်တော်ကနေ နှုတ်ထွက်လိုက်ပါ၊ ပညာရေးကော်မတီ ကတော့နှုတ်ထွက်လိုက်ပါ။
ကိန်းဂဏာန်းနဲ့ပြီးတော့မှာလား
[မြန်မာနိုင်ငံပညာရေးကို ပြန်လည်ဆန်းစစ်၍ ပြုပြင်ပြောင်းလဲဆောင်ရွက်ရန် အဆိုကို လွှတ်တော်အတည်ပြု အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးကြူက နိုင်ငံတကာပညာသင်ဆုများဖြင့် (၂၅၈၆) ဦးတို့အား ပြည်ပသို့စေလွှတ်ခဲ့ပြီး နှစ်စဉ်တိုးချဲ့စေလွှတ်လျက်ရှြိေ ကာင်း] သစ်ထူးလွင်မှ ပြန်လည်ကောက်နုတ်ချက်
ပြည်ပကို ပညာတော်သင်တွေ နှစ်စဉ်တိုးချဲ့စေလွှတ်တယ်လို့ ကိန်းဂဏာန်းကြီးကြီးနဲ့ လွှတ်တော်မှာ ဒုဝန်ကြီးဦးအေးကြူက ပြောနေပေမယ့် ပညာရေးကတော့ နှစ်စဉ်မပြောနဲ့ တစ်ရက်နဲ့တစ်ရက် လိုက်လို့မမီအောင် ပျက်စီးနေတာ ၊ ကျောင်းသားလူငယ်တွေ ပျက်စီးနေတာ ၊ အကျင့်စာရိတ္တ၊ စည်းကမ်း၊ ယဉ်ကျေးမှုဘာဆိုဘာမှ မသိအောင် အခြေခံကျောင်းတွေမှာရော၊ တက္ကသိုလ်မှာပါ ပျက်စီး နေပါပြီ။
တစ်ခုတော့မေးပါရစေ နိုင်ငံခြားကို ပညာတော်သင်တွေ နှစ်စဉ် ထောင်နဲ့ချီစေလွှတ်နေတာ အဲဒီ ပညာတော်သင်တွေ အမိနိုင်ငံပြန်လာတော့ ဘယ်လို ပြန်အသုံးချသလဲ၊ ဘယ်လိုနေရာပေးသလဲ၊ သူတို့ကို မူလနေရာ ၊ မူလရာထူးနဲ့ပဲ ထားတယ်မဟုတ် လား၊ ပိုတောင်မှ ဘေးဖယ်ထုတ်တယ်မဟုတ်လား။ ဒါဆိုရင် ဒုဝန်ကြီးပြောတဲ့ ကိန်းဂဏာန်းတွေ ဘယ်လောက်ကြီးကြီး အလကားပဲ မဟုတ်လား။ ပညာတော်သင်အများစုက အမိမြေကို ပြန်လာကြတယ် ၊ တချို့ပြန်မလာဘူး။ တချို့ပြန်လာပြီး အလုပ်ထွက်တယ်၊ တချို့ ပြန်လာပြီး ပြန်ထွက်သွားတယ်၊ ဒါတွေဟာ ပညာတော်သင်တွေကို တန်ဖိုးမထားလို့ နေရာအတိုင်းအတာတစ်ခု မပေးလို့ဖြစ်တာ။ အမိနိုင်ငံပြန်လာတဲ့ ပညာတော်သင်တွေကို သူတို့ယူခဲ့တဲ့ ဘွဲ့နဲ့ထိုက်တန်အောင် ရာထူးနေရာတစ်ခုပေးမယ်ဆိုရင် နိုင်ငံခြားပညာတော်ဌာနမှာ အခုထိရှင်းလို့မရတဲ့ပြဿနာတွေ၊ ရှင်းလို့မနိုင်တဲ့ပြဿနာတွေရှိ မှာမဟုတ်ဘူး။ ပညာတော်သင် တစ်ယောက်ဖြစ်ဖို့ဆိုတာ အမှန်တကယ်ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ မြန်မာပြည်မှာ Interview (လူတွေ့/စာတွေ့) အဆင့်ဆင့်၊ ၀န်ကြီးရုံးပြီးတော့ နောက်ဆုံး သံရုံးဖြေဆိုပြီးတဲ့အပြင် ပါတီ/နိုင်ငံရေးကို မိမိကိုယ်တိုင်ရော၊ မိသားစုအသိုင်းအ၀န်း၊ ဆွေမျိုးအားလုံး ကင်းရှင်းကြမှ သွားခွင့်ရကြတာမဟုတ်လား။ အခြေခံပညာမှာဆိုရင် နိုင်ငံခြားပညာတော်သင်ဆုရဖို့ဆိုရင် ကုသိုလ်ကံထူးမှ တော်တော် ကံကောင်းမှ ရတာလေ။ အဲဒီလိုဆရာ၊ ဆရာမတွေ နိုင်ငံခြားကနေ ပညာသင်ပြီး ဘွဲ့တစ်ခုခုယူလာနိုင်ရင် မြန်မာပညာရေးဝန်ကြီးဌာန က မမြှောက်စားသင့်ဘူးလား၊ နေရာမပေးသင့်ဘူးလား၊ သူတို့ယူလာတဲ့ ဘွဲ့နဲ့ထိုက်တန်အောင် တစ်ခုခုတော့ လုပ်သင့်တာပေါ့ ဒါမှ ပညာရေးဟာ တိုးတက်မယ်၊ ဥပမာ- အခြေခံပညာကဆရာ၊ ဆရာမနိုင်ငံခြားမှာပညာတော်သင်ြ ပီး ဘွဲ့တစ်ခုခုရလာရင် ကျောင်းအုပ် အဆင့်ရာထူးပေးမယ်ဆိုရင် အဲဒီကျောင်းတစ်ကျောင်းကတော့အနည်းဆုံး နိုင်ငံတကာပညာရေးအငွေ့အသက်ကိုရြ ကမှာပဲ၊ မြန်မာပြည်ကဒေါက်တာကျောင်းအုပ် နဲ့ စစ်ဗိုလ်ကျောင်းအုပ်တွေထက်အများ ကြီးသာမှာပါ။ အခြေခံပညာမှာ နိုင်ငံခြားဘွဲ့ရဆရာ၊ ဆရာမတွေဘယ်လောက်ရှိမှာလဲ လက်ချိုးရေလို့ရမှာပါ။ သူတို့တွေကိုသာ နေရာပေးလိုက်လို့ လုပ်ပိုင်ခွင့်ရသွားရင် အခြေခံကျောင်း အားလုံးမဟုတ်ရင်တောင်တချို့မှာ နိုင်ငံတကာပညာရေးနည်းစနစ်တွေ ရှင်သန်ခွင့်ရမှာပါ။ အခုတော့ ပညာတော်သင်ပြန်လာတယ် ပြန်လာတဲ့ ဆရာ၊ ဆရာမတွေ ဘာအကျိုးမှ မပြုဘူး နှမျောစရာကောင်းလိုက်တာ။ ဘွဲ့ပေးလိုက်တဲ့နိုင်ငံကိုလည်း မလေးစားရာမရောက် ဘူးလား။
ဒုဝန်ကြီးဦးအေးကြူပြောတဲ့ ကိန်းဂဏာန်းတွေ အကျိုးရှိအောင်သုံးပြပါဦး ၊ အရေအတွက်ထက် အရည်အချင်းကပိုအကျိုးရှိ မယ်ထင်တယ်။ စာရွက်ပေါ်မှာပဲ အလုပ်လုပ်နေကြမှာလား၊ စာရွက်ပေါ်မှာတင်လိမ်ညာလို့အား မရတော့ အခုတော့ လွှတ်တော်ထဲအထိ လိုက်ပြီး အကျိုးမရှိတဲ့ ကိန်းဂဏာန်းမျက်လှည့်ပြနေပြီလား ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ (ပြည်သူ့ကိုယ်စားလှယ်ကြီးများ) တင်ပြတဲ့အခြေအနေအရပ်ကို လေ့လာပေးပါ၊ သုံးသပ်ပေးပါ၊ ဝေဖန်ဆန်းစစ်ပေးပါ။ တင်ပြတဲ့ ကိန်းဂဏာန်းပေါ်ကြည့်ပြီး ကောင်း၏ ဆိုး၏ဆိုပြီး မျဉ်းမသားလိုက်ပါနဲ့ ပြင်ပလက်တွေ့ဘ၀နဲ့နှိုင်းယှဉ်ဆန်းစစ်ပြီး ဖြစ်သင့်တာဖြစ်ရမှာကို ပြန်လည်ချေပဆွေးနွေးစေချင်ပါ တယ်။ ဒါမှ ၀န်ကြီးဌာနတွေရဲ့ On Paper တွေစနစ်လျော့ပါးသွားမှာဖြစ်ပါ တယ်။ လွှတ်တော်ကိုယ်စားကြီးများ ပညာရေးကဏ္ဍ (အဆင့်မြင့်၊ အခြေခံ) စနစ်ပြောင်းလဲဖို့အရေးကြီးသလို လူတွေကိုပြောင်းဖို့လည်းလိုမြှာ ဖစ်ပါတယ်။အမှန်တကယ် တတ်သိနားလည် ပြီး လုပ်ငန်းအတွေ့အကြုံရှိတဲ့ပညာတတ် ၊ ပညာရှင်တွေ သူတို့နေရာမှာ အစားထိုးသွားဖို့လိုမှာဖြစ်ပါ တယ်။ ပညာရေးကို သုတေသန စနစ်တကျလုပ်ပြီး ပြည်သူ့အသံ၊ ကျောင်းသူ၊ ကျောင်းသားအသံ၊ ကျောင်းဆရာ၊ ဆရာမစစ်စစ် (ဒေါက်တာ၊ စစ်ဗိုလ် မပါ)၊ ကျောင်းသားမိဘများအသံ အားလုံးရအောင်စုဆောင်းသုတေသနပြု ပြီး ပညာရေးပြုပြင်နိုင်ကြပါစေလို့ မျှော်လင့်ဆုတောင်းလိုက်ပါ ရစေ။
ပညာရေးလား၊ စီးပွာရေးလား၊
ဒီကနေ့ခေတ်မှာ ဘော်ဒါ ၊ နေ့အထူး၊ စာကျက်ဝိုင်း၊ ကျူရှင်၊ Guide၊ သုံးလပြတ် အဲဒါတွေမှ မထားနိုင်ရင် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) မအောင်ဘူး၊ အမှတ်ကောင်းကောင်းမရဘူး၊ ဂုဏ်ထူးမရဘူး၊ လို့ခံယူထားတဲ့မိဘနဲ့ အဲဒါတွေကို အားကိုးတဲ့ကျောင်းသားက ၉၀%လောက်ရှိမယ်ထင်တယ်။ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ မိဘတွေကအပြိုင်အဆိုင်၊ ကျောင်းသား တွေက ကျောင်းကလွှဲရင်ပြီးရောနဲ့စာကို အဓိကမထားပဲ[မထားတာမဟုတ် မထားမိတာ] အပြင်ကိုအားကိုးနေကြတယ်လေ။ ခေတ်ကိုက ဒီလိုဖြစ်အောင်တွန်းအားပေးတယ်ေ လ။ မနှစ်က ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မန္တလေးခရီးစဉ်မှာ အခြေခံပညာ အထက်တန်းကျောင်း (၂) ကျောင်း မန္တလေး အထက (၁၆၊ ၂၆) နဲ့ Private ကျောင်း (၂) ကျောင်းသွားကြည့်ရာမှာ Private ကျောင်းတွေက သူတို့ရဲ့ကျောင်းအဆောက်အဦအပြင် ကျောင်းသူကျောင်းသားများရဲ့ အိပ်ယာ၊ ကုတင်တွေပါ Presentation မှာ တင်ပြကြတယ် ဒါဟာ ကျောင်းအိပ်ကျောင်းစားဘော်ဒါဆော င်တစ်ခုပဲ အဲဒီကျောင်းသားတွေကို ဘယ်မှာ Enroll လုပ်သလဲ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းတွေမှာပဲ အခြေခံကျောင်းတွေမှာ စာရင်းသွင်း ၊ အခြေခံကျောင်းကဆရာ၊ ဆရာမ တွေကို အသုံးမကျကြောင်း၊ စာမသင်ကြောင်း၊ စာမတတ်ကြောင်း၊ ဝေဖန်တယ်လေ။ ကျောင်းသားမိဘနဲ့ကျောင်းသားတွေ ကို ခြိမ်းခြောက်တယ်၊ မြှောက်ပင့်တယ်။ မိဘကလည်း အောင်ချင်ဇောတစ်ခုပဲသိတယ် ကျောင်းသားရဲ့အခြေအနေမှန်ကို မသိဘူး၊ နားမလည်ဘူး ကျောင်းကဆရာ၊ ဆရာမပြောတာကို နားမထောင်ဘူး အပြင်ကိုယုံတယ်
ဘာပဲဖြစ်ဖြစ်စဉ်းစားကြည့်ပါ၊ ကျောင်းသား၊ ကျောင်းသူတစ်ယောက်ဟာ ဒီကျောင်းမှာ သူငယ်တန်းကစပြီးနေလာတယ် ဆိုရင် အဲဒီကလေးရဲ့စာရိတ္တ၊ အမူအကျင့်၊ စည်းကမ်း၊ အပြောအဆို၊ အနေအထိုင်၊ ကျောင်းစာဘာသာရပ် အားနည်းချက်၊ အားသာချက် အားလုံးကို ဆရာ၊ ဆရာမများကသိတယ်၊ အဲဒါကို န၀မတန်းရောက်မှ ဒသမတန်းရောက်မှ ကျောင်းကမကောင်းပါဘူး၊ ဆရာတွေစာသင်မကောင်းဘူး၊ စာမတတ်ဘူးဆိုပြီး အပြင်အားကိုးလာတယ်၊ ငွေတစ်ခုပဲသိတဲ့ကျောင်းအုပ်ကြီး တွေနဲ့လက်ဝါးချင်းရိုက် ကျောင်းမှာစာရင်းသွင်း အပြင်မှာ အပြင်ဆရာတွေနဲ့နေတော့တာပဲ၊ စာမေးပွဲအောင်ရင်၊ ဂုဏ်ထူးပါရင် သတင်းစာထဲကနေ အပြင်က ဘယ်ဆရာတွေကို ကျေးဇူးတင်ကြောင်းချီးကျူးဂုဏ်ေ ဖ်ာပြီး ဂုဏ်ပြုပွဲလေးတွေလုပ်ကြတယ်လေ။ စာမေးပွဲရှူံးရင် ကျောင်းက ဘယ်ဆရာက၊ ဘယ်ဆရာမက နဲ့အမျိုးမျိုးထောပနာပြုတော့တာ ပဲ၊ မိဘများသတိထားသင့်တယ် ဒီကနေဆရာ၊ ဆရာမတွေကို မဟုတ်၊ မမှန်တာပြောကြလို့ ကလေးတွေမှာ မဖြစ်သင့်ပဲ ဂိုဏ်းသင့် နေတယ်။ အဲဒီအပြင်ကတော်လှပါတယ်ဆိုတဲ့ စာသင်စားတဲ့ ပညာရေးဘွဲ့တစ်စုံတစ်ရာ မရတဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ဆေးကျောင်းသားတွေ၊ တက္ကသိုလ်ဆရာတွေ၊ တက္ကသိုလ် ကျောင်းသားတွေအားလုံးဟာ ဟောဒီအခြေခံကျောင်းကနေသင်ပေးလို က်တာပဲ၊ အခြေခံကျောင်းကဆရာ၊ ဆရာမတွေက သင်ပေး လိုက်တာပဲမဟုတ်လား။
အပြင်လောကမှာ ရှိတဲ့ဘော်ဒါ၊ စာကျက်ဝိုင်း၊ နေ့အထူး၊ သုံးလပြတ်၊ ကျူရှင် တချို့တကယ်ကိုအားကိုးထိုက်ပါတယ် ။ ဆရာကောင်းတွေရှိတယ် ၊ ကျောင်းဆရာစိတ်ဓာတ်အပြည့်အ၀ရှိ တယ်၊ စေတနာထားတယ်။ (လူနည်းစုပေါ့နော်) အဲဒီဆရာကောင်း တွေကြောင့် အပြင်လောကဟာ နာမည်ကောင်းခဲ့တာပါ။ ဒါပေမယ့်ခုနောက်ပိုင်းခေတ်မှာေ တာ့ စီးပွားရေးတွက်နေကြပါပြီ၊ တစ်လကို ကျပ်တစ်သိန်းကနေ လေးငါးသိန်းအထိ လစာပေးထားတော့ ကျောင်းကဆရာ၊ ဆရာမတွေတောင် အသက် ၆၀ ပြည့်လို့ ပင်စင်ယူရင် သွားကြတယ်။ (နည်းလမ်းမကျလိုက်တာ အစိုးရတောင်ပင်စင်ပေးထားတာ အပြင်မှာ ပြန်ခန့်တယ်လို့) ။ တချို့ဆိုရင် လုပ်သက်ပြည့် (နှစ် ၃၀) နဲ့ ပင်စင်ယူတယ်၊ ဆေးပင်စင်ယူတယ် ၊ အလုပ်ထွက်တယ် နည်းမျိုးစုံနဲ့ အပြင်လောကဆီမှာ လွတ်လပ်မှုနဲ့ စီးပွားတွက် ကျောင်းဆရာ၊ ဆရာမဘ၀ကို စွန့် အပြင်ဆရာ၊ ဆရာမဘ၀ကို ခံယူသွားကြတယ်၊ ဒီနေရာမှာ စဉ်းစားသင့်တာက ပညာရေးကို ပြုပြင်မယ်ဆိုရင် [ဘက်စုံထောင့်စုံကနေသုတေသနပြုဖို့လိုမယ်ဆိုတာပဲ]
အဲဒီအပြင်လောကပညာရေးကို လူပါးဝအောင် (ကျောင်းပညာရေးကို စော်ကားအောင်) ဘယ်သူတွေလုပ်နေတယ်ထင်သ လဲ။ ရုံးချုပ်ကအရာရှိကြီးတွေပဲ သူတို့ စာသင်တာနားမလည်ဘူး ၊ စာတတ်တာနားမလည်ဘူး၊ အခြေခံပညာကျောင်းတွေကို နားမလည်းဘူး သူတို့သိတာ အခြေခံပညာကျောင်းဆိုတာ သူတို့လက်ထဲမှာရှိတယ်လို့ ယူဆထားတယ်။ နားမလည်ဒါလည်းမပြောနဲ့ ဦးစီးမှူး၊ ဦးစီးအရာရှိဆိုတာ ရုံးစာရေးကဖြစ်လာတာ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်ဆိုတာ စစ်ဗိုလ်ကဖြစ်လာတာ၊ စဉ်းစားတာကြည့် ပညာရေးမပျက်စီးပဲခံနိုင်ရိုးလား ၊ အခုထိ ကျောင်း၊ ကျောင်းသား၊ ဆိုတာရှိသေးတာကျောင်းဆရာတွေကို ကျေးဇူးတင်ရမယ်။ အဲဒီရုံးချုပ်ကလူကြီးဆိုတဲ့လူေ တွက နယ်ပေါင်းစုံက ကျောင်းသားတွေကို ကော်မရှင်ယူပြီး ဘော်ဒါအပ်ပေးနေတာ၊ ကျောင်းအုပ်ကြီးတွေလည်းအတွန့် မတက်ရဲဘူး၊ လက်ခံဆိုရင်လက်ခံရတာပဲ။ အဲဒီလိုဆိုမှ တော့အပြင်ဘော်ဒါတွေ လူပါးဝပြီပေါ့ အားကိုးရှိတာကိုး။ အဲဒီအားကိုးက ရုံးချုပ်တစ်ခုတင်မကဘူး ဟိုအထက်အထိပါသေးတယ်။
ဘော်ဒါတွေမှာ ပညာရေးကပင်စင်ယူပြီးတဲ့ဆရာ၊ ဆရာမတွေသွားပြီးအလုပ်လုပ်ကြတယ်။ ဘော်ဒါဆောင်ဆိုတာ စီးပွားရေး တွက်ထားတာ။ဆယ်တန်းအောင်တွေ ပေါချောင်ကောင်း Guide တွေထားပြီး အဓိက ၁၀ တန်းကို နာမည်ယူကြတာလေ။ တခြား ၅ တန်းကလေ ၈ တန်းလောက်ကတော့ လုံးဝအလေးမထားဘူး ပျော်ရင်ပြီးရော၊ Guide တွေ၊ ဆရာတွေကလည်း B.Ed ဘွဲ့မရဘူး ဆိုတော့ ပညာရေးသဘောတရား၊ ကလေးစိတ်ပညာ၊ ကျောင်းသားအုပ်ချုပ်မှု သိပ်ညံ့တာ၊ ဒီတော့ ကျောင်းသူ၊ ကျောင်းသားနဲ့ Guide နဲ့ပေါင်းမိပြီး ပျက်စီးချင်တိုင်းပျက်စီးနေတာပဲ ၊ အခြေခံပညာကလာတဲ့ ဆရာ၊ ဆရာမတွေနဲ့တော့လုံးဝ အဆင်မပြေဘူးလေ။ နောက်ဆုံးတော့ အခြေခံကျောင်းကလာတာအတွေ့အကြုံ ရင့်ကျက်ပြီး ဆရာ၊ဆရာမတွေ ပင်စင်စားတွေ၊ ဘော်ဒါကနေ ထွက်ပြေးရတာပေါ့။
ပညာရေးကိုပြုပြင်မယ်ဆိုရင် အမှန်ကို မြင်ကြည့်ပါ၊ ဘက်စုံထောင့်စုံကနေဆန်းစစ်ပါ။ အပေါက်ကြီးလွန်းရင် လူကအပေါက်ကြီးထဲရောက်နေလို့ မမြင်ရပါဘူး၊ အပ်ပေါက်လောက်ရှိတဲ့ ကျောင်းဆရာ၊ ဆရာမတွေရဲ့ အားနည်းချက်ကို လိုက်ကြည့်နေရင် မြန်မာ့ပညာရေးဟာ ဘယ်တော့မှ တိုးတက်လာမှာမဟုတ်ပါဘူး။
ဆရာစိုင်းမင်း - ရေးသားပေးပို့ ထားတဲ့ ပညာရေးဆိုင်ရာဆောင်းပါးဖြစ်ပါတယ်။
Myanmar News Now
Myanmar News Now
ပညာရေးလား၊ စီးပွာရေးလား
Reviewed by သစ်ထူးလွင်
on
09:07
Rating:
33 comments:
ဒီဆောင်းပါးကို ဖတ်ရတာအင်မတန်ကောင်းပါတယ်၊မြန်မာပြည်ရဲ့ပညာရေးစနစ် ကိုမီးမောင်းထိုးပြထားတာပါ၊နိုင်ငံခေါင်းဆောင်တွေ လက်ရှိပညာရေးစနစ်ကို နိုင်ငံတကာအဆင့် မပြောနဲ့အဆင့်တခုရောက်အောင် ယခုကစပြီး ပညာရှင်များနှင့်ညှိနှိုင်းအဖြေရှာသင့်နေပါပြီ။ပြီးတော့ ပညာရေးသုတေသန ကိုလည်းပြန်လည်စနစ်တကျ တည်ထောင်စေချင်ပါတယ်၊နိုင်ငံရဲ့အသက်ကပညာရေးသုတေသနပါဘဲ၊ တိုင်းပြည်ခေါင်းဆောင်တွေ တိုင်းပြည်ကိုတကယ်ချစ်ရင် ပညာရေးကို ရင်းနှီးမြှပ် နှံစေလိုပါတယ်၊
စဥ့်ကိုင်မြို့နယ်မှာရှိတဲ့ မန္တလေးကွန်ပြူတာ တက္ကသိုလ်မှာ ၂၀၀၄ တုန်းက ကျောင်းတက်ရာခိုင်နှုန်းမပြည့်လို့ စာမေးပွဲဖြေခွင့်မရတဲ့သူတွေရှိပါတယ် . . . ကျောင်းနေရာပြောင်းလာတာဖြစ်တဲ့အတွက် စဖွင့်မဲ့နေ့ကို မသိခဲ့ရပါဘူး . . . ကျောင်းသားရေးရာကိုမေးပေမဲ့လည်း မဖြေနိုင်တဲ့အတွက် ကျောင်းဖွင့်လို့နှစ်ပတ်ကျော်မှ စတက်ခဲ့ရပါတယ် . . . နောက် ... စာမေးပွဲဖြေခါနီးမှ ကျောင်းတက်ရာခိုင်နှုန်းမပြည့်လို့ မဖြေရသူစာရင်းထွက်လာပါတယ် . . . ကျောင်းကို နေ့စဉ် လိုင်းကားစီးလာရတဲ့စရိတ် ၊ စားစရိတ် ၊ ကျောင်းလခ ၊ါ စာအုပ်ဖိုး( ရေတောင်ဝယ်သောက်ခဲ့ရတာပါ ) တွေပေါင်းလိုက်ရင် တစ်နှစ်စာဆို မနည်းပါဘူး . . . ဒါတောင်ကျူရှင်ဖိုး မပါသေးဘူး . . . ဘတ်စကားစီးဖို့လာရင်တောင် ပါလာတဲ့ ဆိုင်ကယ်တွေ စက်ဘီးတွေကို ပိုက်ဆံပေး အပ်ရပါတယ်ဗျာ . . . အဲဒီတော့ ကျောင်းက EC တွေနဲ့ ကျောင်းသားတွေ စုပေါင်းလက်မှတ်ထိုးပြီး ၀န်ကြီး ၊ တိုင်းမှုး စတဲ့ တာဝန်ရှိသူတွေဆီမှာ အသနားခံစာတင်ခဲ့ကြပေမဲ့ ခေါင်းမာတဲ့ ၀န်ကြီးနဲ့ ပါချုပ်(ယာယီ တာဝန်ခံထိပ်ပြောင် ) တို့ခေါင်းမာစွာနဲ့ ပယ်ချခဲ့ကြလို့ ကျောင်းမှာ စုပေါင်း ဆန္ဒပြခဲ့ကြလို့ ခေါင်းဆောင်ခဲ့တဲ့ ကျောင်းသားတွေကို ကျောင်းထုတ်ခဲ့ပါတယ် . . . ကျောင်းတက်ခဲ့စဉ်တစ်လျှောက်မှာလည်း ၈နာရီကျော်တာနဲ့ ကျောင်းတံခါးပိတ် . . . နောက်ကျမှ ၀င်လာလို့မရဘူးလို့ ကြပ်ခဲ့ကြတယ်. . . စာသင်ခန်းတံခါးတောင်မှ ဂျက်ထိုးပြီးသင်ခဲ့လို့ စာသင်ချိန်တွင်းမှာ ဆီးအောင့်၊၀မ်းချုပ်ခဲ့တဲ့ အကြိမ်မနည်းပါဘူး . . . ယူနီဖောင်းနဲ့ ကျောင်းတက်ရတဲ့ အချိန်တွေမတိုင် ခင်ကလည်း . . . style pant နဲ့ ရှပ်လက်ရှည် အနက်ဝမ်းဆက် ၀တ်လာတဲ့ကျောင်းသားတစ်ယောက်ကို မင်းအဖေသေလို့လားလို့ ပါချုပ်(ယာယီ)ထိပ်ပြောင်က မေးတာကို ကိုယ်တိုင်ကြားခဲ့ရသလို . . . အတွဲတစ်တွဲလောက် လက်ဝါးချင်းကိုင်လမ်းလျှောက်လာတာကို အလည်တည့်တည့်က ၀င်တိုက်ခဲ့တဲ့ထိပ်ပြောင်ပါ. . . သူစာသင်ရင်လည်း လေးလုံးမကွဲတဲ့သူ့အသံကို မနည်းနားထောင်ခဲ့ရသလို နားလည်အောင်လည်းမသင်တတ် . . . လူရွှင်တော် အုန်းသီးလို အသံကို မနည်းနားထောင်ခဲ့ရတာပါ . . . တတိယနှစ်ပြီးလို့ စာမေးပွဲဖြေပြီးတဲ့အခါ ဂုဏ်ထူးတန်းတက်ခွင့်ရခဲ့ပေမဲ့( တက်ချင်ပေမဲ့ )ဘယ်လိုမှ သည်းမခံနိုင်လို့ မတက်ဖြစ်ခဲ့ပါဘူး . . . သိပံနဲ့နည်းပညာ အောက်က ကျောင်းတိုင်းမှာ အဲလိုခ္ကျည်းပဲဖြစ်ခဲ့တာပါ . . . ကွန်ပြူတာ တက္ကသိုလ်သာပြောတယ် . . . စက်ခန်းမှာ ရှိတဲ့စက်နဲ့ ကျောင်းသားမမျှသလို စက်တွေတစ်ဝက်ကျော်ကျော်လောက်ကလည်း window ကျနေခဲ့တာပါ ( lab ၀င်ဖို့နေနေသာသာ ) . . . ဆက်ပါဦးမည် . . .
ပညာရေးကတော့ပျက်စီးနေတာ ရစရာကိုမရှိပါဘူး၊ ဟန်ပြလုပ်ရပ်တွေ၊သတင်းထဲထဲ့လို့ရရုံ၊ ကိန်းဂဏန်းတွေနဲ့ ပြောနေရုံနဲ့ တိုးတက်မှာမဟုတ်ပါ။ မူလတန်းကစပြီး ပြင်ရမယ်၊ လူမှန်နေရာမှန် တာဝန်ပေးရမယ်၊ နှစ်သီးစားတွေမထားသင့်တော့ဘူး၊ မည်သူ့တွင်တာဝန်ရှိသနည်း ဆိုတဲ့ မေးခွန်းတွေမေးမနေတော့ဘဲ၊ Root Cause ပြသနာအရင်းအမြစ်ကိုသုတေသနလုပ်ပြီး ကိုယ့်နိုင်ငံတိုတက်ရေးအတွက် လုပ်သင့်တယ်။ စနစ်က ရှိပြီးသား၊ စနစ်ကိုအသုံးချတတ်တဲ့သူတွေကို လုပ်ပိုင်ခွင့်ပေးလိုက်ရင်.......
ပညာရေးမတိုးတက်ဘဲနဲ့စီးပွားရေးဘယ်တော့မှမတိုးတက်လာနိင်ဘူး၊ပညာမတတ်တော့ကျွန်တွေဘဲဖြစ်နေမှာပေါ့
ဒီလိုအတွင်းကျကျဆောင်းပါးမျိုး အခုမှဖတ်ရပါတယ်။ နောင်လည်းဖတ်ပါရစေလို့ ..
နှစ်စဉ် ဆရာကန့် တော့ပွဲတွေမှာ ကန်တော့ခံနိုင်တဲ့ ဆရာ ဆရာမတွေကိုလည်း ပြန်ပြီးအများကြီးပန်မြင်စေချင်ပါတယ်။ ဆရာဆရာမတွေ
ပြောတဲ့ ဆုံးမစကားတွေလည်း မှိုတက်နေတဲ့ ဒိုင်ယာယီလေးမှာ ပြန်ပြီးမှတ်ချင်ပပါသေးတယ်။
ကျေးဇူးတင်ပါတယ်။
ဆောင်းပါးရှင်ဆရာ။
I would to proud to you.
Thank you so much for yr letter and information.
ပညာရေးကိုနိုင်ငံတကာအဆင့်မှီဖို့ကနံပါတ်တစ်ကတိုင်းပြည်ချမ်းသာဖို့လိုမယ်ထင်တယ်ဗျ။အခုဟာကတက္ကသိုလ်တွေမှာသုတေသနတွေလုပ်ဖို့ဆိုတာနိုင်ငံတော်ကလည်းဘာမှမထောက်ပံနိုင်ဘူးလေ။လိုအပ်တဲ့ပစ္စည်းပစ္စယတွေကနိုင်ငံတော်က၀ယ်ပေးမှရမှာလေ။မြန်မာပြည်ကပြည်တွင်းဖြစ်ဒေါက်တာတွေအဆင့်မတန်းမရှိတာကြီးကိုပဲသက်သက်ကွက်မြင်လို့မရဘူးဗျ။သူတို့ရှင်သန်ရုန်းကန်နေရတဲ့ပတ်ဝန်းကျင်ကိုကလိုအပ်ချက်တွေနဲ့ဖြစ်နေတော့သူတို့မှာလည်းလိုအပ်ချက်တွေနဲ့ကြီးပြင်းခဲ့ရတာ့။သူတို့လည်းဒီဒေါက်တာဘွဲ့ရဖို့ငွေရေးကြေးရေးကအစအရာရာကိုယ့်စားရိတ်နဲ့ကို သုတေသနတွေအဆင်ပြေအောင်လုပ်ခဲ့ရတာ လွယ်လွယ်ကူကူတော့မဟုတ်ဘူးဗျ။ရတဲလစာကမှတစ်သိန်းဝန်းကျင်လေ။တချို့တွေကဘာကျူရှင်မှရှိတာမဟုတ်ပါဘူး။တစ်ကယ်တော့ရေဗူးပေါက်တာမလိုချင်ဘူးရေပါတာပဲလိုချင်တယ်ဆိုတဲ့လူတွေကလျှောက်လုပ်သွားတာကို သာမာန်လူတွေကလိုက်ရူးလိုက်ကြတာပါပဲ။
ကျွန်တော်အခုနိုင်ငံခြားမှာ ပညာတော်သင်ရောက်နေပါတယ်။ကျွန်တော်လုပ်တဲ့သုတေသနဆိုရင်တစ်ခါလုပ်ရင်မြန်မာငွေငါးသောင်းအထက်မှာရှိတယ်။အဲဒါတစ်လကို၎ကြိမ်အနည်းဆုံးလုပ်တယ်။အခုလုပ်လာတာတစ်နှစ်ကျော်နေပြီ အကြိမ်(၇၀)လောက်ရှိနေပြီ။ကိုယ်လိုချင်တဲ့အဖြေကောင်းကောင်းမရသေးဘူး။အဲလိုမျိုးသုတေသနတွေကို မြန်မာပြည်မှာဘယ်လုပ်နိုင်မလဲဗျာ။အခုတော့ကျွန်တော်လည်းဘွဲ့မရပဲပြန်ရတော့မယ့်အခြေအနေဖြစ်နေပြီ နှစ်တိုးတစ်နှစ်တောင်းတာမြန်မာပြည်ကခွင့်မပြုလို့။အဲဒီကိစ္စကိုလည်း ကျွန်တော့်အနေနဲ့ သက်ဆိုင်ရာတာဝန်ရှိတဲ့လူကြီးတွေကို နားလည်အောင်ရှင်းပြချင်ပါတယ်။ဒေါက်တာဘွဲ့ရတဲ့လူတိုင်းဒေါက်တာဆိုပြီးမာနတက်နေတာတော့မဟုတ်ပါဘူး။ဒါပေမယ့်တချို့တွေကတော့ကိုယ့်ရဲ့ဒေါက်တာဘွဲ့ဟာနိုင်ငံတကာနဲ့ယှဉ်ရင်ဘယ်အဆင့်လောက်ပဲရှိတယ်ဆိုတာကိုတွေးတောင်မတွေးမိဘူးထင်ပါတယ်မြေက်နေကြတဲ့လူတွေလည်းရှိပါတယ်။ဒါကလည်းကျူရှင်သင်လို့ကောင်းအောင် သူတော်တယ်ဆိုတာသိစေချင်လို့အဲလို၈ုဏ်ယူနေတယ်ထင်ပါ တယ်။မြန်မာပြည်ရဲ့အခြေအနေအရ လူတော်တော်များများကလည်းနိုင်ငံတကာကိုလှမ်းကြည့်နိုင်တဲ့လူဆိုတာက လူဦးရေသန်း၆၀မှာ၅သန်းလောက်ပဲရှိမယ်ထင်တယ်ဗျ။အဲဒီတော့လူတော်တော်များများကလည်းအထင်ကြီးတော့ မြေက်ချင်တဲ့လူတွေအတွက်မြေက်လို့ကောင်းတာပေါ့ဗျာ။တိုင်းပြည်ချမ်းသာလာရင်တော့ အားလုံးကိုစနစ်ကောင်းကောင်းချပြီး ပြုပြင်ယူလို့ရမယ်ထင်ပါတယ်။နောက်မှဆက်ရေးအုံးမယ်ဗျာ လက်ဖ်ခန်းသွားလိုက်အုံးမယ်။ပြောစရာတွေတော့တစ်ပုံကြီးရှိပါသေးတယ်။
မောင်သောင်း ချမ်းငြိမ်း တစ်ဖွဲ့ တည်းပါ ဘဲ
ဥိးနှောက်ပျက် နေ တဲ့ နှစ်ယောက်ပါ
သိသလောက်ပြောရမယ်ဆိုရင်ဒီဒေါက်တာဘွဲ့တွေပေးပြီးပညာရေးကိုဖျက်ဆီးသွားတဲ့အဓိကတရားခံကတော့ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ပဲ.ရန်ကုန်တက္ကသိုလ်အစည်းအဝေးတစ်ခုမှာတစ်နှစ်ကို ဒေါက်တာဘယ်နှစ်ယောက်မွေးထုတ်ပါဆိုပြီးစက်ရုံကမော်တော် ကားထုတ်လုပ်သလိုထုတ်လုပ်ဖို့လမ်းညွှန်သွားခဲ့တာလေ.ခက်တာကကျွန်တော်တို့လူမျိုးကလဲရပြီးသားနေရာဆုံးရှုံးမှာကြောက်ကြ တော့မဖြစ်နိုင်မှန်းသိလဲမတင်ပြဘူးလေ.ထုတ်လုပ်နိုင်ပါတယ်ဆိုပြီး ဒေါက်တာတွေထုတ်လုပ်တော့တာပဲ.အဲ့ဒီကထွက်လာတဲ့ဒေါက်တာတွေကပလူကိုပျံနေတာပဲ.ဘာတတ်လဲဆိုတော့ဘာမှလဲမတတ်ပါဘူး.တချို့ဒေါက်တာတွေသူတို့ကိုယ်တိုင်လဲ ၀န်ခံကြပါတယ်.တကယ်တော့phd ဘွဲ့ဆိုတာ ရှာမရှားတစ်ဘက်ကမ်းခပ်အောင်တော်တဲ့သူမျိုးကိုမှပေးတာလေ.အခုဟာကproduction လုပ်ထားတဲဒေါက်တာတွေ. သွားပြီပေါ့.မြန်မာနိုင်ငံပညာရေး. အခုတက္ကသိုလ်တစ်ခုက ကျူတာမလေးတစ်ယောက်(အသိထဲကပါ.နံမည်တော့ထည့်မပြောကောင်းလို့ချန်ထားမယ်)ပြောဘူးတယ်.သူ့ကျူရှင်ကိုကျောင်းသားတွေလာတက်တာနည်းလို့ သူ့အထက်ကဌာနမှူးကိုပြောပြတော့ ဌာနမှူးက ညည်းကစာသင်ခန်းထဲမှာစာတွေကိုအကုန်သင်တာကိုး လို့ဆိုသတဲ့. စာချန်ပြီးသင်မှကျူရှင်ရမှာပေါ့တဲ့.ကောင်းကြသေးရဲ့လားအရပ် ကတို့ရေ----
ဒီကိစ္စအတွက် အမေစုကို အားကိုးပါတယ်။ စီးပွားရေး အခွင့်အလမ်းတွေ ဘယ်လောက်ပဲ ပွင့်ပွင့်၊ နိုင်ငံရေး ကစားကွက် ဘယ်လောက်ပဲ ကောင်းကောင်း၊ ပညာရေးမှာ ရေရှည်မျှော်မှန်းချက် မရှိဘူး၊ ရမ်းလုပ်နေတယ်ဆိုရင် အိတ်ပေါက်နဲ့ ဖားကောက်သလို၊ ဖင်ဟောင်းလောင်းနဲ့ မျက်နှာ အလှပြင်ထားသလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ ကလေးတွေအတွက် အရမ်း စိတ်ပူပါတယ်။ အတွေးအခေါ်မှား အသိအမြင်မှား အလေ့အကျင့်ဆိုးတွေ ပေးဝေနေတဲ့ မြန်မာ့ ပညာရေးစနစ်ကြီးကို အောက်ခြေကနေစပြီး ဒေါက်တာချမ်း အထိ လိုအပ်သလို ပြုပြင်သင့်နေပါပြီး အောက်ခြေကို မွမ်းမံ ဆရာမိဘ စီးပွားရေးကို ပြေလည်အောင် လုပ်ပြီး ပညာကို နိုင်ငံတစ်ကာနဲ့ တိုးတက်နေတဲ့ခေတ်နဲ့ ယှဉ်နိုင်အောင် ပြုပြင်၊ မူနဲ့မကိုက်တဲ့ ဒေါက်ချမ်းတို့လို ဒေါက်တာမျိုးတွေကို ဖြုတ်ပစ် လိုက်၊ မူလတန်း အလယ်တန်း အထက်တန်း ဆရာ/မလေးတွေကို လစာ ပိုပိုလျှံလျှံပေးပြီး မြန်မာ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို အကောင်းဆုံးအတွက် အပြောင်းအလဲကြီး ပြောင်းလဲကြပါစို့ ခင်ဗျား ............
ကျန်းမာရေးနှင့် ပညာရေးသည် တိုင်းပြည်၏ ရေရှည်ရင်းနှီးမြှုတ်နှံမှုဖြစ်သည်။
နိုင်ငံတော်ပိုင် ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်းများသည်
ငွေရှာရမည့်နေရာများ မဟုတ်ပါ။ ထိုပြင် ထိုနေရာများတွင် အလုပ်လုပ်နေသူများသည် ထိုနေရာကို အကြောင်းပြုပြီး စီးပွားမရှာသင့်ပါ။
မအောင်မနေရ စနစ်ကို ဖျက်သင့်နေတာကြာပါပြီ
အခုဆိုရင် ကျောင်းသားအများစုက အချောင်သမားတွေ ဖြစ်နေကြပြီလေ
စာမကျက်လဲ အောင်တာဘဲဆိုတော့ ရေသာခိုတဲ့စိတ်တွေ မွေးနေကြတာ
အလယ်တန်း အထက်တန်း ကျောင်းတွေမှာတင် မဟုတ်ဘူး
ပညာရေးကောလိပ်တွေမှာလဲ အဆင့်မှီမှီ မမှီမှီ ဆရာဖြစ်သင်တန်းဆင်း
လက်မှတ်ပေးနေတာကို က သဘာဝမကျတာလေ
မတတ်တဲ့ ဆရာဆရာမတွေက သင်တော့ကလေးတွေအတွက်
အများကြီး နစ်နာတာပေါ့
ပညာရေးကောလိပ်က ကျောင်းအုပ်တွေကလဲ ထုချေလွှာတင်ရမှာ
ဆိုးတာနဲ့ဘဲ အကုန် ဆရာဖြစ်သင်တန်းဆင်းလက်မှတ် ထုတ်ပေးနေတာ
တိုင်းပြည်က ဘယ်လိုလုပ် တိုးတက်မလဲ
ပညာရေးက နိမ့်တော့ တိုးတက်မှု့ ဘယ်ရှိမလဲ
အဆိုးဆုံးကတော့ ပညာရေးဝန်ထမ်းတွေအကျင့်ပျက်တာဘဲ
ဆရာမတွေကလဲ ကျောင်းမှာတတ်အောင်မသင်ဘူး
အိမ်မှာ ကျုရှင်သင်တယ် စာမေးပွဲပါမယ့် မေးခွန်ပေးတယ်
ခုဆို ဆရာ ဆရာမတွေကို ဘယ်သူမှ မကြည်ညိုတော့ဘူး
ဘာကြောင့်လဲဆိုတာ အားလုံးစဉ်းစားကြည့်ကြပါ
တစ်နိုင်ငံလုံး အာစရိယဂိုဏ်းသင့်နေတာပါ မိဘတွေရော၊ ကျောင်းသားတွေရော၊ အုပ်ချုပ်သူတွေရောက ဆရာ/ဆရာမတွေကို မထီမဲ့မြင် မလေးမစား စော်ကားမော်ကား အနိုင်ကျင့်
လုပ်ချင်တိုင်းလုပ်နေကြတော့ အားလုံးဂိုဏ်းသင့်ကြတာပေါ့
ဆရာမပီသတဲ့ တစ်ချို့သော ပုဂ္ဂိုလ်တွေကိုကြည့်ပြီး
ပုဂ္ဂလိကနဲ့ အာစရိယ ခွဲခြားမမြင်တော့ဘူးလေ-
တစ်နိုင်ငံလုံး အာစရိယဂိုဏ်းသင့်နေတာပါ မိဘတွေရော၊ ကျောင်းသားတွေရော၊ အုပ်ချုပ်သူတွေရောက ဆရာ/ဆရာမတွေကို မထီမဲ့မြင် မလေးမစား စော်ကားမော်ကား အနိုင်ကျင့်
လုပ်ချင်တိုင်းလုပ်နေကြတော့ အားလုံးဂိုဏ်းသင့်ကြတာပေါ့
ဆရာမပီသတဲ့ တစ်ချို့သော ပုဂ္ဂိုလ်တွေကိုကြည့်ပြီး
ပုဂ္ဂလိကနဲ့ အာစရိယ ခွဲခြားမမြင်တော့ဘူးလေ-
တင်ပြထားတဲ့ စာက တကယ်ထိရောက်ပါတယ်။ ဒေါက်တာတွေ မမှန်ကန်ဘူး လို့ အကုန်လုံးကိုတော့ စွပ်စွဲလို့ မရပါဘူး။ တချို့က အရမ်းတော်ကြပါတယ်.. ဒါပေမဲ့ သူတို့ရလာတဲ့ တွေ့ရှိချက်တွေကို နိုင်ငံတော်က ငွေထောက်ပံ့မှု့မပေး တဲ့ အပြင် ဆက်လက်ပြီးစမ်းသပ်ဖို့ကို ခွင့်မပြုခဲ့တာတွေ အများကြီးပါ.။ ဆေး ၀ါးထုတ်လုပ်ရာမှာလဲ စမ်းသပ်ချက်အသစ်တွေ တွေ့ရှိကြပါတယ်.. နိုင်ငံတော် ကငွေကြေးမထောက်ပံ့လို့ တွေ့ရှိချက်တွေကို ကိုယ်တိုင်လဲ ငွေမတတ်နိုင်ပဲ.. ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတွေကို ရောင်းစားလိုက်ရတာ အပုံကြီးပါ။ အဲ့လိုပါပဲ တခြားစမ်းသပ်မှု့တွေကိုလဲ ရပ်ဆိုင်းလိုက်ရတာ အများကြီးပါ.. အခြေခံကျောင်းကဒေါက်တာတွေကတော့ သူတို့ အရည်အချင်းကို သူတို့ကိုယ် တိုင်သိပါလိမ့်မယ်..။ နိုင်ငံခြား ပညာသင်ပြန်လာပြီးရင် နေရာမပေးဘူး ဆိုတာလဲ အမှန်ပါပဲ.. လူမှန်နေရာမှန်မရလို့ အလုပ်ထွက်သွား ကြတဲ့ နိုင်ငံခြား ပညာတော်သင် ဆရာကြီးတွေ ဒုနဲ့ဒေးပါပဲ နိုင်ငံခြားပညာသင်တွေ စာတမ်းပြုစုရာမှာလဲ နိုင်ငံအတွက် အကျိုးရှိတဲ့ စာတမ်းတွေကို ပြုစုချင်ကြပါတယ်.. ဒါပေမဲ့ ဒေတာ တွေကို လူသိမခံချင်တာနဲ့ လက်လွတ်စလွယ်ပဲ ..ပြီးပြီးရော ယူခဲ့ဖို့ပဲ တိုက်တွန်းကြပါ တယ်။ အဲ့တော့ ကျွန်မတို့လို နိုင်ငံခြားပညာသင်တွေအနေနဲ့ စိတ်ဓါတ်ပိုင်း ဆိုင်ရာ ကျဆင်းရပါတယ်။ တိုင်းပြည်ကို အကျိုးပြုချင်သော်လည်း လက်မခံ တဲ့ အပိုင်းကများပါတယ်။ အဆိုးဆုံး တစ်ချက်ကတော့ နိုင်ငံခြားပညာသင်သွား တဲ့ သူတိုင်းသည် မိမိကိုယ်ရေးကိုယ်တာ အတွက် လုပ်ခြင်းဖြစ်သည် လို့ အပြောအဆိုခံပြီး စိတ်မကောင်းစွာ နေရတာပါပဲ။ တကယ်တမ်းမှာ နိုင်ငံခြားမှာ ပညာသင်ရတယ်ဆိုတာ အလွန်ပင်ပန်းပါတယ်.. ဘာသာစကား၊ ဘာသာရပ်၊ ကွန်ပျူတာ စသဖြင့် ကျွမ်းကျင်ပိုင်နိုင်ရပါတယ်။ တစ်ခါတစ်ရံ မိမိတို့ ကိုယ်ရေးကိုယ်တာ စိတ်ခံစားမှု့ကိုတောင် လစ်လျှူရှု့ရတဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ နိုင်ငံခြားပညာသင်လာဖို့ကိုလဲ ကတိခံဝန်မှု့စာချုပ်ပေါင်းများစွာ လက်မှတ်ထိုးခဲ့ ကြရပါတယ်။ ကိုယ်ရေးကိုယ်တာ နဲ့ ဆိုင်တဲ့အရာတွေကိုပါ ကတိပြုလက်မှတ်ထိုးခဲ့ကြရတာပါ။ တကယ်တန်းဖြစ်သင့်သလား ဆိုတော့ မဖြစ်သင့်ပါဘူး။ အမိမြန်မာပြည်ကို အမှန်တကယ်ပြန်လာပြီး အကျိုးပြုစေချင် တယ်ဆိုရင် စာချုပ်စာတမ်းမလိုပါဘူး။ သင့်တော်မှန်ကန်တဲ့ အသုံးချမှု့နဲ့ ထိုက်သင့်တဲ့လစာ ငွေ၊ ဆုပေးဒဏ်ပေးစံနစ် တို့ကို ကျင့်သုံးဖို့ပဲ လိုပါတယ်။ ဆရာစိုင်းမင်း ရေးသားတဲ့ ဒီဆောင်းပါးကို များစွာသဘောကျမိပါတယ်။ ကျွန်မတို့လဲ ပညာရေးကို ကောင်းစေချင်ပါတယ်။ တိုးလဲ တိုးတက်စေချင်ပါတယ်။ နောင်လာနောက်သားတွေကိုလဲ ဖိနှိပ်ခံ လူတန်းစား ဘ၀ကို မရောက်စေချင်ပါဘူး။ ဒီမိုကရေစီ နည်းကျကျ စိတ်ချမ်းသာစွာ နေထိုင်ပြီး ခေတ်မှီတိုးတက်တဲ့ အတွေးအခေါ်တွေနဲ့ လူလားမြောက်စေချင်ပါတယ်။ အဲ့တော့ ပညာဝန်ကြီးဌာနတွင်းမှာ အပြောင်းအလဲ လုပ်ပေးဖို့နဲ့ လူမှန်နေရာမှန်တာဝန်ပေးအပ်ဖို့ကို တိုက်တွန်းပါတယ်။
ပညာရေးအကြောင်းဝေဖန်ရမှာတော့ တော်တော်လေးခက်ပါတယ်ဗျာ။ ဖြစ်နေတာက အုပ်ချုပ်မှုမကောင်းတော့ စီးပွါးရေးမကောင်း၊ စီးပွါးရေးမကောင်းတော့ ပညာရေးမကောင်း၊ ပညာရေးမကောင်းတော့ စီးပွါးရေးပိုမကောင်း၊ စီးပွါးရေးမကောင်းတော့ အုပ်ချုပ်မှုပို ပိုမကောင်းဖြစ်နေတာထင်တယ်လေ။....အုပ်ချုပ်မှုယန္တယားအစိုးရအဖွဲ့ကောင်းလာရင်တော့ ပညာရေးရော၊ စီးပွါးရေးရော အဖြေးဖြေးတိုးတက်ကောင်းမွန်လာမည်ထင်ပါတယ်ဗျာ..........။
ဝေဖန်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်.......။
ဆောင်းပါးဖတ်ရတာ ကောင်းပါတယ်....ဒါပေမယ့် ဒီလူတွေဖတ်ဖြစ်ရင်တော့အကောင်းသားပဲ ...ဒါပေမယ့် အဲ့ဒီလူတွေ အဲ့ဒီလောက် ဗဟုသုတ ရှိမယ့်ပုံလဲမပေါ်ဘူး....ခက်တာက...မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ..ဒီလူတွေကြောင့် သုံးစားမရအောင်ကို ပျက်စီးနေပြီ...မြန်မြန်ပြင်နိုင်မှ ကောင်းမယ်....ဒီဆောင်းပါးနဲ့ ကွန်မန့်တွေကို လွှတ်တော်အမတ်များ ဖတ်ဖြစ်ပါစေ...ပြီးတော့ပညာရေးကို အမြန်ဆုံးပြုပြင်နိုင်ကြပါစေ...ကျုပ်အမြင်ပြောရရင်တော့.....တစ်ခြားဟာတွေထက် ....ပညာရေးစနစ်ပြောင်းလဲဖို့က....အရေးတကြီးကိုလိုအပ်နေပါပြီ........
ဟုတ်ပါတယ် ။ကျမတို့ကျောင်းတက်စဉ်ကာလက ဆရာတစ်ယောက် ဆို သူက ရိုး ရိုး ဘွဲ့လေးပဲ ရပီး ကျူ၇ှင် သင်နေတာပါ။ဒါပေမယ့် သူသင်ပေးရတဲ့အတန်းက PhD အတန်းကလူတွေပါ။သူက ကျမတို့ကို မကြာခဏ ဆိုသလို ရယ်စရာ ပြောပါတယ်။ ကမ္ဘာပေါ်မှာ PhD တွေကိုကျူ ၇ှင်သင်တာ သူတစ်ယောက်တည်းလို့ ။တကယ်လည်းဟုတ်မှာပါ။အဲချိန်တုန်းကပေါ့လေ ။သူဆိုလိုတာက ပါရ ဂူ ဘွဲ့ကျောင်းသားက ကျူ ရှင် ယူရတယ်လို့။ ကိုယ် ဘာသာလေ့လာမှတ်သားဆည်းပူးရမှာမဟုတ်လား။ရန်ကုန်တ တ္ကသိုလ်ရဲ့ ရုပဗေဒဌာန မှာဆို တနှစ်တနှစ် ထွက်လိုက်တဲ့ပါရဂူ တွေဆိုတာ စက်၇ုံက ထုတ်လိုက်တဲ့ ဟာတွေကျနေတာပဲ ။ဒါပေသိ တကယ်တတ်တဲ့ တော်တဲ့ လူတွေ ဆိုတာ လက်ချိုး ရေလို့ ရပါတယ် ။အခု နာမည် ကြီးကျောင်းတွေမှာ ကျောင်းအုပ်ဖြစိနေတဲ့ သူတွေလည်း ရူပဗေဒကအများစုပါ။သူတို့ဆို မတရားချမ်းသားနေတာအားလုံးအသိပါ။ ဖားနိုင်ကပ်နိုင်သူတွေသာ ဒီလို ရာထူး ရကြတာပါ။ နေရာ မြဲ အောင်လည်း အမြဲ တမ်းဆိုသလို ၀န် ကြီးကို မှန် မှန် ရေ လောင်းပေါင်းသင် ပေးရပါတယ် ။ခုံ နေရာ တည်တံ့ စေရန် အတွက်ပေါ့
ပညာရေး စိတ်ပျက်စရာ ကောင်းလိုက်တာ။ နာမည်ကြားတာနဲ့ကိုတော်တော် စိတ်ပျက်နေမိပြီ။ ဘာကြောင့်ဆိုတော့ ပညာရေး ၀န်ထမ်းတွေထဲမှာ တကယ့်ဆရာကောင်းတွေ ဆိုတာ အရမ်းရှားသွားပြီ ။ မြန်မာပြည်ကို တိုးတက်စေချင်တယ်ဆို စင်ကာပူ ရဲ့ ရုပ်ပိုင်းဆိုင်ရာ တွေကို လိုက်အတုမခိုးကြပါနဲ့အုံး။ အရင်ဆုံး ပညာရေးကို ကျေးဇူးပြုပြီး ပြင်ပေးကြပါ။ ၀န်ထမ်းတွေ အကျင့်ပျက်တာ တခြားဌာနတွေ ဆိုတော်သေးတယ် ။ ပညာရေး နဲ့ ကျန်းမာရေး က ၀န်ထမ်းတွေ အကျင့်ပျက် တာ တော်တော် ဆိုးတယ်။ သူတို့ဟာ ကျွန်တော် တို့ ကန်တော့မယ်ဆိုရင် တောင် ကန်တော့ခံထိုက်တဲ့ လူတန်းစားပါ။
ပီတိ ကိုစားနိုင်မှဆရာဖြစ်သင့်တယ်- စီးပွားရှာမယ်ဆိုရင် ဆရာမလုပ်နဲ့ ဟိုဟာဒါလုပ်ပါ
စာတတ်တာနဲ့ ပညာတတ်တာ မတူဘူးဆိုကို နားလည်ရင် ရွေးချယ်စရာတစ်ခု တိုးလာမှာပါ။
မှန်ပါတယ်၊ သိပ်မှန်ပါတယ်၊ ကျွန်တော်တို့ ပညာရေးနိမ့်ကျတဲ့ အခြေခံကျတဲ့ အကြောင်းတစ်ချက် ပဲဖြစ်ပါတယ်။ ငယ်ရွယ်သူတွေကို ကျွမ်းကျင်ဘာသာရပ်တွေမှာ ထပ်ပြီးကျွမ်းကျင်အောင်လုပ်ရမယ့်အစား ဒီလိုခန့်ထားလိုက်တာဟာ စီးပွားရေးဈေးကွက်တစ်ခုလိုပါဘဲ။ ဒီပညာရပ်ကို သူက ဒီမှာ ရပ်တန့်လိုက်တာပါ။ နောက်ပြီး ဒါဟာလည်း ၀န်းကြီးတွေ ဒုဝန်ကြီးတွေလာတိုင်း သူ့ဆွေမျိုးတွေကို ခန့်ချင်သည့်အတွက် ဖန်တီးပေးလိုက်ခြင်းဖြစ်ပါတယ်။ သူတို့လူတွေခန့်ပြီးရင် ဒီအစီအစဉ်က အမြဲတန်းပြီးဆုံးသွားပါတယ်။ ရေပေါ်စီပါ။ ဒါကိုလည်း ပညာရေးကိုရောက်လာတဲ့ ၀န်ကြီးတွေ ဒုဝန်ကြီးတွေ အမြဲလုပ်နေကျတစ်ခုပါ။ နောက်တစ်ခုက ပညာရေးမှာ ကျောင်းဆောက်လုပ်ရေးကိစ္စ သိပ်စိတ်ဝင်စားပါတယ်။ အဲဒီတော့ ဌာနကိုရောက်လာရင် ဘယ်ကိစ္စက သူတို့ဝါးလို့ရသလဲ၊ ရာထူးတိုး အပြောင်းအရွှေ့လား၊ ဒါမှမဟုတ် ဆောက်လုပ်ရေးလား၊ ဒါမှ မဟုတ် ကျောင်းသုံးစာအုပ်လား၊ အဲဒီတော့ ဘယ်သူကို ဘယ်လိုကိုင်လိုက်ရင် ငါဘယ်လိုလုပ်ပိုင်ခွင့်ရမယ် စတာတွေကို အမြဲကြံစည်နေခဲ့ကြတယ်။ အဲဒီတော့ ဌာနကိုရောက်တာနဲ့ စပြီးတော့ ရန်ဖြစ်ကြပြီ၊ ညွှန်ချုန်နဲ့ ညွှန်မှူး ဗိုလ်မှူးနဲ့ ဗိုလ်ကြီး လုပ်ပိုင်ခွင့်လုကြပြီ ရန်ဖြစ်ကြပြီ။ ပညာရေးမှာ ဒါဟာ အဓိက သူတို့ရဲ့ စီးပွားရေးဘဲ။ ကြောင်သူတော် ကြွက်သူခိုးတွေချည်းဘဲ။ လူတွေအားလုံးသိပြီးသားပါ အမှတ်(၃) အခြေခံပညာဦးစီးဌာနမှာဆို ယခုဒုဝန်ကြီးဖြစ်နေသူ ဦးအေးကြူ ဘယ်လိုနေထိုင်ခဲ့သလဲ။ အဲဒီရုံးမှာ သူညဘယ်အချိန်ရုံးကိုပြန်လာသလဲ၊ အမြဲတန်းမူးရူးနေခဲ့တယ်။ ဘယ်သူမှ ဒါကို မသိဘူး။ မပြောရဲခဲ့ကြဘူး။ လူတွေရှေ့မှာ ဟန်ဆောင်ကောင်းတယ်။ ညဘက်အချိန်မတော် မူးရူးဆဲ၊ ရုံးထဲမှာ လုပ်ခဲ့တယ်။ အဲဒီရုံးမှာနေတဲ့လူတွေသိတယ်။ လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်ပြီးတော့ ရန်တွေဖြစ်ကြတယ်။ ဒါလည်း ဒေါက်တာချမ်းငြိမ်းလည်းသိပါတယ်၊ ဗိုလ်ချုပ်အောင်မျိုးမင်းလည်းသိပါတယ်။ သူတို့ရန်ဖြစ်တာလည်း ဘယ်ဆန်းမလည်း သူ့ထက်ကြီးတဲ့ ဒုဝန်ကြီးနဲ့ ၀န်ကြီးကလည်း မျက်နှာချင်းမှမဆိုင်၊ သူတို့မိန်းမချင်းကလည်း လုပ်ပိုင်ခွင့်တွေလု။ ဘယ်လိုသွားပြီး ထိမ်းသိမ်းကြမလည်း၊ ဘာတွေမှန်းကိုမသိဘူး။ ပညာရေးကိုတိုးတက်အောင် ကြံစည်နေတာမဟုတ် နေရာလု အာဏာလု လုပ်ပိုင်ခွင့်လုနေကြတာ။ အထက်က ချပေးတဲ့အတိုင်း စီမံအုပ်ချုပ်တာ လောက်လုပ်ပြနိုင်တာနဲ့ ရာထူးတွေရ၊ ပညာရေးက တကယ်တန်း ဒီလိုမဟုတ်ဘူး နောက်ဆုံး ဘယ်သူတွေက နင့်နာသလဲဆိုတော့ တိုင်းပြည်ဘဲ နင့်နာတာ၊ လူငယ်တွေ အသိပညာနည်းလာတယ်၊ အတတ်ပညာတွေ သူများနိုင်ကို မယှဉ်နိုင်တော့ဘူး။ ဒါဟာ ပညာရေးအားနည်းလာမှုရဲ့ အဓိက ရလဒ်တွေဘဲ။ အရပ်ဖက်က အဆင့်ဆင့်တက်လာသည့် ဆရာကြီးများမှာ ခိုင်းတာလုပ်အဆင့်ဘဲဖြစ်သွားတယ်။ သူတို့က အဆင့်ဆင့်တက်လာတော့ တချို့ကလည်း တတ်သိနားလည် တွေပါတယ်။ တချို့လည်း မျှောလိုက်တွေပါတယ်။ မျှောလိုက်ခြင်းကလည်း အကြောင်းတရားတွေရှိတယ်။ ကျွန်တော်တို့ပညာရေးဌာနက ရုံးဝန်ထမ်းတွေဆို တချို့က ကျောင်းမှာကပ်နေရတယ်။ ပင်စင်ယူတာနဲ့ ချက်ချင်း ဆင်းပေးရတယ်။ ပင်စင်ယူတဲ့အချိန်မှာ နေစရာမရှိ၊ လုပ်စရာအလုပ်မရှိတွေ အများကြီးတွေ့ရတယ်။ တချို့ဆို တော်တော်ဆိုးဆိုးတွေတွေ့ရတယ်။ သူတို့တစ်သက်လုံး ဒီပညာရေးမှာဘဲ လုပ်လာတာ ဌာနက ဘာမှကို ပြန်မလုပ်ပေးနိုင်သလို နိုင်ငံတော်ကလည်း လက်လွှတ်စပယ်ဘဲ။ သိပ်သနားဖို့ကောင်းပါတယ်။ စနစ်တခုရဲ့ သားကောင်တွေက အောက်ခြေအဆင့်ဝန်ထမ်းတွေနဲ့ လက်လုပ်လက်စားများ ဖြစ်ခဲ့ကြတယ်။
ကျွန်တော်တို့ ၀န်ထမ်းထဲတွင် ယခုမတိုးမှီအထိ အနည်းဆုံးဝန်ထမ်းက (၁၇၀၀၀) အထိရှိတယ်။ အဲဒီတော့ အစိုးရဌာနတွေတွင် ညွှန်ချုပ်နဲ့က လစာက သိပ်ကွာဟသွားတယ်။ တကယ်တန်း ဦးစီးအရာရှိနဲ့အထက်ဆိုရင် အခြား အခွင့်အရေးတွေရှိတယ်။ ကားရတယ်၊ နေစရာအခန်းရတယ်။ တယ်လီဖုန်းရတယ်၊ အခြားအခွင့်အရေးမျိုးစုံအပြင် သြကာသ ရှိသေးတယ်။ အောက်ခြေ၀န်ထမ်းက ရုံးကား ဖယ်ရီတောင် ပုံမှန် သူတို့မဖန်တီးပေးနိုင်ဘူး။ ပျက်လို့ဆိုမထွက်ဘူး၊ အောက်ခြေ၀န်ထမ်းက အဲဒီတော့ အကျင့်ပျက်လာပြီပေါ့။ လောက်မှ မလောက်ငှတော့ ရုံးချုပ်ကို ကိစ္စရှိလို့လာတဲ့ မြို့နယ်က လူတွေ၊ ဆရာ/မ တွေဆီကနေ လာတာနဲ့ အနည်းဆုံး လက်ဖက်ရည်ဝယ်လာခဲ့၊ မုန့်သွားဝယ်။ စတဲ့ပြုလုပ်မှုမျိုးတွေတွေ့လာရတယ်။ ဒါဟာ လစာကိုက စပြီး မှားနေတယ်။ အောက်နဲ့အထက် လစာကွာတယ်၊ ရရှိတဲ့အခွင့်အရေးကွာတယ်။ နောက်ပြီး သူတို့ကို အလုပ်ချုပ်တဲ့ လူကြီးတွေရဲ့ စံပြလုပ်ရပ်တွေကလည်း ကြည်ညိုစရာမရှိဆိုတော့ ပိုဆိုးကုန်ကြတယ်။ အခြေခံပညာကဏ္ဍမှာ အခုဒုဝန်ကြီးဖြစ်လာသူ ဗိုလ်မှူး အေကြူကတော့ ပညာရေးတွင် သက်တမ်းအရှည်ဆုံးပါ။ သူနည်းတူ ဗိုလ်မှူးဘိုဝင်း (ပညာရေးစီမံကိန်းညွှန်ချုပ်) ပညာရေးကို သူတို့ ကောင်းကောင်းချယ်လှယ်ခဲ့ကြတာပါ။ ကြိုက်တဲ့ဝန်ကြီးလာခဲ့ ဘယ်လိုပေါင်းရမယ်၊ ဘယ်လိုဝင်ရမယ် ဆိုတာ သူတို့သိတယ်။ ပြီးရင် သူတို့ကြိုက်တာလုပ်လို့ရတယ်။ ယခုဆို ဦးအေကြူဟာ ၀န်ကြီး(၅)ဆက်မြောက်မှာ ဒုတိယ၀န်ကြီးဖြစ်လာတယ်။ ဘယ်လောက် ပညာရေးမှာ သူကြိုးစားလုပ်ခဲ့သလည်း၊ မေးကြည့်ပါ သူကိုယ်တိုင် (၁၀)တန်း တပ်ထဲရောက်မှ အောင်ကြောင်း (၅)ခါဖြေမှ အောင်မြင်ခဲ့တယ်။ စဉ်းစားကြည့်ကြပေါ့ ဘယ်လိုလုပ်သင့်တယ်ဆိုတယ။ လုပ်စား ပေါင်းစား မြှောက်စားတတ်ရင် ပညာရေးမှာ အဆင်ပြေနေတော့ အကုန်လုံးကလည်း ဒီအတိုင်းဘဲသွားလာကြတယ်။ အခြေခံပညာကဏ္ဍမှာဆို ဆရာမတွေကလည်း တဖြည်းဖြည်း ကျောင်းသားအပေါ်မှာ စေတနာဆိုတာ အဓိက မဟုတ်တော့ဘူး၊ ငွေအသပြာဘဲ မြင်နေတော့တယ်။ ကျောင်းကောင်းရရေး၊ ကျူရှင်ရရေးက အဓိက သူတို့ရဲ့ ရည်မှန်းချက်ပဲဖြစ်လာတယ်။ ကျူရှင်ကို သူ့ထက်ငါအပြိုင်ဖြစ်နေတယ်။ သူတို့ကလည်း သူတို့အိမ်မှုကိစ္စလုပ် ပြီးရင်ကျောင်းပြေး၊ ပြီးရင်ကျူရှင်ဆက်လုပ်၊ သူတို့ကလည်း အတတ်ပညာပိုင်းမှ ဆက်မလေ့လာအား၊ နည်းပညာပိုင်းလည်း မလေ့လားအား၊ ဆန်းစစ်မှု ဆက်မရှိတော့ သူတို့သင်ပေးလိုက်တဲ့ကျောင်းသားကလည်း ပင်ကိုယ် အတွေးလေးရှိရင် မဆိုးသေးဘူး၊ မရှိရင် အကုန်လုံးချာကုန်ရော၊ အကုန်လုံးက ယဉ်ကျေးမှုမရှိကြတော့ဘူး။ ကျောင်းကဆရာမကလည်း ပိုက်ဆံမျက်နှာဘဲကြည့်တော့ ကျောင်းသားကလည်း ဆရာမကို ပိုက်ဆံပေးပြီး ခိုင်းတဲ့ပုံစံမြင်လာရော။ ဆရာမလည်း ကျူရှင်မရရင် သူ့စားဝတ်နေရေးကလည်း ပြေမှ မပြေလည်တာ။ ဘယ်လိုလုပ်ကြမလဲ။ ပြုပြင်သင့်တာက ပညာရေးစနစ်ပဲ အရေးကြီးတယ်၊ နိုင်ငံတကာပညာရေးကိုလေ့လာ၊ သူတို့ဆီက စနစ်တွေကိုနဲ့ ပေါင်းစပ်ပြီးတော့ အတွေးအခေါ်ပိုင်းကအစ မြှင့်တင်သင့်တယ်။ ကျွန်တော်တို့ဆီက နိုင်ငံတကာတော့ လွှတ်ပါတယ် ပြီးရင် အဲဒီလူတွေက နိုင်ငံတကာက ပြန်လာရင် ဘာမှကို အသုံးမပြုတော့ဘူး။ နိုင်ငံတကာသွားခွင့်ရသူတွေကလည်း အများစုကတော့ ၀န်ကြီး၊ ဒုဝန်ကြီး၊ ဗိုလ်ချုပ်တွေနဲ့ ပတ်သတ်သူတွေက သွားရတာများ၊ နိုင်ငံခြားပညာသင်သွားသူတွေကလည်း ဟိုမှာ လေ့လာဖို့ထက် ရောက်တာနဲ့ အလုပ်ကို ခိုးလုပ်ကြရတာ၊ အားတဲ့အချိန်ကို အချိန်ပိုင်းနဲ့လုပ်၊ မြန်မာပြည်ပြန်ရောက်ရင် သိန်း(၂၀၀)လောက် တချို့ဆို ပြန်ပါလာတယ်၊ ဂျပန်(၁)နှစ်ခွဲသမားတွေ၊ အဲဒီတော့ အဒီက ပြသနာကတော့ ပိုက်ဆံဘဲ၊ ငွေက ကျွန်တော်တို့ မြန်မာတွေမှာ အမြဲလိုနေတော့ ရောက်တာနဲ့ ငွေရှာပြီးပြန်လာကြတယ်။ လူတိုင်းက ငါသင်ယူမယ် ပြီးရင် ငါ့ဒီပညာရပ်တွေနဲ့ ငါတို့ပညာရေးကောင်းအောင် လုပ်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိကြတော့ဘူး။ ကျွန်တော်တို့မြန်ပြည်ရဲ့ အားနည်းချက်တွေက အများကြီးပါဘဲ။ လူတွေကလည်း သိတော့ သိတယ်ထင်နေကြတာပဲ မှန်ကန်တဲ့အသိတွေဖြစ်ဖို့လိုလာတယ်။ အဓိက ဆင်းရဲမှု ပြသနာကို နိုင်ငံတော်က ဖြေရှင်းရမယ်။ အဓိကကျတယ်။ လူတန်းစေ့နေနိုင်လာရင် လူတွေပညာဘက်ကို ဦးတည်လာနိုင်မယ်။ အခုပညာဘက်ကို ဆရာမကအစ မိဘကအဆုံး မလှည့်နိုင်သေးသရ်ျတော့ ကျွန်တော်တို့ မြန်မာပြည် ပညာရေးက ဆက်လက်နိမ့်ကျနေအုံးမှာပါဘဲ။ တကယ်တန်းမြန်မာပြည်မှာ ပိုက်ဆံရှိသားသမီးနဲ့ အသိုင်းအ၀ိုင်းတစ်ခုသာ ပညာမျိုးစုံကိုသင်နိုင်နေကြပြီး အောက်ခြေလူတန်းစားအများစုကတော့ လေးတန်း ငါးတန်းတောင်မရောက်ခင် ခလေးကို ထုတ်ပြီး အလုပ်ထဲသွင်းနေရာတာတွေက အများကြီးတွေ့နေရတယ်။ လက်ဖက်ရည်ဆိုင်မှာ ခလေးလေးတွေ သနခါးပါးကွက်ကြားလေးနဲ့ တွေ့လိုက်ရတယ် သိပ်သနားဖို့ကောင်းတယ် ပညာမသင်နိုင်လို့ မိဘတွေကတော့ ဘယ်လုပ်ခိုင်းချင်ပါ့မလဲ ကိုယ်သားသမီးကို ဒါပေမယ့် ဆင်းရဲတော့လည်း လုပ်ခိုင်းနေကြရတယ်။
ဒီကွန်မန့်တွေထဲမှာ ပေါက်လန်းငယ် ၊ လင်းယုန် နဲ့ မီဒီယာရေးတာကို ကြိုက်တယ်...ထောက်ခံတယ်..... သင့်တင့်မျှတတယ်လို့ ယူဆပါတယ်.....
အင်း ဆောင်းပါရော၊ ဝေဘန်သူတွေပါ ကောင်းပါတယ်။ တကယ်တော့ ကျောင်းသူ ကျောင်းသားလေးတွေအများစုဟာ အမှားကို အမှန်၊ အမှန်ကို အမှားလို့ ထင်မြင်နေကြတဲ့ အခြေအနေတောင် ရောက်နေတာ ကြာပါပြီ။ ကိုယ်ပိုင်အရည်အချင်းဆိုတာ နားမလည်တော့ဘူး။ ငွေရှိရင် အကုန်ရတယ်ဆိုတဲ့ အမြင်တွေ ရှိနေကြပြီ။ မူလတန်းကတည်းက ကလေးတွေကို လာဘ်ထိုးမှအောင်တဲ့ စနစ်ကြောင့် တကယ်တော်တဲ့ ကလေးတွေလည်း စိတ်ဓာတ်ကျပြီး ကျောင်းထွက်ကြ၊ ပျက်စီးကြ၊ မတော်ပဲ လာဘ်ပေးလို့ အဆင့်ရတဲ့ အောင်တဲ့ ကလေးတွေကလည်း ကိုယ့်အား ကိုယ်ကိုးချင်တဲ့ စိတ်ဓာတ်လေးတောင်မှ အဖျက်စီးခံရ ပျက်စီးကြနဲ့ တကယ်ကို အနာဂတ်ပညာရေးဟာ ရင်လေးစရာ။ လူငယ်တွေရဲ့ ပညာရေးကို ဖျက်စီးတာဟာ လူသားအားလုံးရဲ့ ဘ၀တွေကို ဖျက်စီးတာနဲ့ အတူတူပဲ။ ပညာရေးဆိုင်ရာ တာဝန်ရှိသူတွေ ကိုယ့်လိုဘတွေချည်း ကြည့်မနေပါနဲ့။ မလုပ်နိုင်ရင် အရည်အချင်းမရှိရင် ထွက်ပေးကြပါ။ မတတ်ဘဲနဲ့ တတ်ယောင်ကားတွေ မလုပ်ချင်စမ်းပါနဲ့။
တကယ်တော့ အုပ်ချုပ်မှုစနစ်နဲ့အုပ်ချုပ်သူမမှန်ကန်မှုတွေရဲ.ရလဒ်ပါဘဲ၊စား
ိ ဝတ်နေရေးအတွက်ငွေမပြည့်စုံတော့(ငွေ)ရရှိရေးကိုသာအာရုံစိုက်ပြီးတ
ကယ်အဓိကနိုင်ငံအတွက်အရေးကြီးတဲ့အချက်ကိုမေ့လိုက်ကြတာပါ။ပညာ
ရေးဋ္ဌာနတခုတည်းမဟုတ်ဘူးအခြားဋ္ဌာနတွေလဲအတူတူပါဘဲ။ဒါပေမဲ့ပညာရေး
ဋ္ဌာနကတော့နိုင်ငံအတွက်ပိုပြီးအဓိကကျတာပါ။ပညာရှိတဲ့လူတန်းစားရှိမှတိုင်း
ပြည်တိုးတက်ဘို့လျှင်မြန်မှာပါ။မကြာသေးခင်ကသတင်းထဲကရည်ရွယ်ချက်မဲ့နေတဲ့၁၁နှစ်အရွယ်ကလေးရဲ့
အင်တာဗျုးမှာ သူဖြေတာကစိတ်ချမ်သာရင်ပြီးရော့တဲ့။ကြားရတာဝမ်းနည်းစရာပါ။မြန်မာပြည်ရဲ.အနာဂတ်ကိုပိုင်ဆိုင်လက်ပြောင်းလွှဲ
ယူကြမည့်သူတွေပါ။ကဲဘာဆက်လုပ်ကြမှာလဲ။အထက်ကMedia ပြောခဲ့
သလိုဘဲ အခြားနိုင်ငံတွေဘယ်လိုစနစ်နည်းပညာတွေသုံးလဲဆိုတာလေ့လာနည်းယူကျင့်သုံးသင့်ပြီ။ပြည်ပရောက်မြန်မာနိုင်ငံသားများအနေနဲ့လဲအတွေ့
အကြုံအကြံညာဏ်ဗဟုသုတတွေမျှဝေပေးပြိးနိုင်ငံတိုးတက်ဘို့ဝိုင်းဝန်းဆောင်
ရွက်ကြပါစို့။
ဆရာစိုင်းမင်းပညာရေးနဲ့ပါတ်သက်ပြီးထပ်ရေးပါအုံး။စိတ်ဓါတ်၊အတွေးအခေါ်၊အသိအမြင်တွေကောင်းဖို့အရေးကြီးဆုံးနေရာတစ်ခုပါ၊ကျေးဇူးတင်ပါတယ်ဆရာ။
အကောင်းဆုံးကတော့အရင် စားဖားဝန်ုကီးများအားလုံးကိုအနားပေးလိုက်တာအကောင်းဆုံးဘဲ။စားလို့မဝနိုင်တော့ဘူး။မြန်မာပြပညာရေးကလည်းခုခေတ် (၀)ဘဲအဲ့လိုလူမျိုးတွေကိုနေရာပေးထားခဲ့လို့ပေါ့။အားလုံးပြင်သင့်ပြီး။
ပညာရေးနဲ့ကျန်းမာရေးဆိုတာ .. ကမ္ဘာ့လပ်စားမှုအများဆုံးဖြစ်နေတဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဖြေရှင်းရအခက်ခဲဆုံးပြသနာကြီးပါပဲ။ ကျွန်တော်သာ ကျောင်းဆရာ လစာ ၁သိန်းပဲရတယ်ဆိုရင်၊ ကျုပ်မိသားစုအတွက် ဘာလုပ်မလဲ..။ ကိုယ့်အတန်းက ကျောင်းသားတွေကို ကျူရှင်ပြစားတဲ့ အလွယ်နည်းပဲ ရှိမှာပါ။
မြန်မာပြည်သားများကို မင်းမှာ ကျပ်ငွေ သိန်း၁၀၀၀ ရှိရင်ဘာလုပ်စားမလဲ မေးရင်၊ အသိမိတ်ဆွေများကို ငွေတိုးချေးစားမယ် ဆိုတဲ့လူတွေချည်းပဲ။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် (အမေစု) နဲ့ သမ္မတကြီးဦးသိန်းစိန်တို့က ဥပဒေစိုးမိုးရေး (သူဌေးများ အခွန်မရှောင်ရေး၊ ထိပ်ပိုင်းလူတွေ လပ်စားရင် တရုပ်ပြည်လို သေဒဏ်ချရေး .. လုပ်ရင်ပိုကောင်းပါတယ်။ အဲဒိလိုလုပ်လိုက်ရင် ကျွန်တော်ပါ ပါသွားမလားမသိ။
မြန်မာနိုင်ငံသား အားလုံးကိုမေးကြည့်.. လပ်ထိုးဖို့ပဲ ကျိုးစားနေတာ။ လပ်ယူသူက တောင်းစရာတောင်မလိုဘူး။ အောက်ခြေ ကျောင်းဆရာ၊ဆရာမတွေ ကျူရှင်ပေး၊ စားသောက်ရတာ .. သွားမတားမြစ်နဲ့။ နေပလေးစေအုံးနော်...။
ဟိုး ... အထက်ကလူကြီးတွေ အရင်ရှင်ပါဦး...
media ရေလူတစ်ဦးတစ်ယောက်အကြောင်းကိုရေးတော့မယ်ဆို
ိုရင်သေသေချာချာစုံစမ်းပါ
တစ်ချို့ဟာတွေကများတယ်မင်းဝေဘန်တာတွေကောင်းပါ
တယ်
ဒါပေမယ်post a comment ဖတ်နေတဲ့လူတွေရင်ထဲကိုရောက်
ဖို့ဆိုတာမလွယ်ဘူးဒါပေမဲ့မင်းကအရမ်းကောင်းနေတယ် ဒါကြောင့်ကျွန်တော်ကပိုကောင်းအောင်အကြံပေးတာနော်
မင်းကတစ်ယောက်ထဲကိုဆော်နေသလိုဖြစ်သွားစေတယ်
အောက်ချေသိမ်းကိုဆော်ရမှာ ဒါမှာမင်းသတင်းကဖတ်တဲ့သူတွေ
စိတ်ဝင်စားလာမှာ
မြန်မာပြည်ပညာရေးကတော့သံးစားမရတာတော့အမှန်ပါပဲ။ဒါကြောင့်မို့ ကျတော်တို့ တွေနိုင်ငံခြားသွားပြီး၊သူများအောက်ကြို့ ခံပြီးသင်နေရတယ်။ဒါတွေကိုရင်နာလို့ မဆုံးဘူး
ရှက်ဖွယ်လိလိပါဘဲ ဝေဖန်မယ်အတင်းပြောမယ်ဆိုတာချည်းပါဘဲ အကုန်လုံးမကောင်းတာလား..ကိုယ်ကကောဘယ်လောက်မှန်နေလို့လဲ ကို့နာကျင်မှုအတွက်နဲ့ သူများကိုမကောင်းပြောနေတာလား?????
ကဲ ..စီးပွားဆန်ချင်သော ၀န်ထမ်းများ ဤနေရာတွင် လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံကြပါ။
အရှုံးမရှိ၊ သမာအာဇီဝနည်းလေး မျှဝေပေးလိုက်ပါတယ်။
http:www.jsszinnyo.blogspot.com
ရန်ကုန်မြို.တွင်ကျောင်းအပ်ရသည်. အခက်အခဲများ
ကျွန်တော့်အနေဖြင့် လူငယ်များ၏ ပညာရေးကဏ္ဍသည် အခြေခံမှစ၍ အရေးကြီးသည်ဟု ထင်မြင်မိပါသည်။ သို့ဖြစ်ရာ
ကျွန်တော်တို့မြန်မာပြည်တွင်လည်း ပညာရေး ကဏ္ဍတွင် နိုင်ငံတော် အစိုးရအနေဖြင့် ကျောင်းအပ်သည့် အခါတွင်
လာဘ်စားမှုများ မရှိစေရန် အရေးယူနေသည်ဟုကြားသိရသော်လည်း လက်တွေ့တွင်
ကလေးငယ်များကျောင်းစအပ်သည်နှင့် အခက်အခဲများနှင့်ရင်ဆိုင်ရပါတော့သည်။ ကျွန်တော်တို့ မိဘများအနေဖြင့်
မိမိတို့ သားသမီးများကို ပညာတတ်များဖြစ်စေရန်၊ နိုင်ငံတော်အတွက် မျိုးဆက်သစ်
လူတော်လူကောင်းများဖြစ်လာစေရန် ကောင်းစေချင်သောစေတနာများဖြင့်
ကျောင်းကောင်းများတွင် ပညာသင်ကြားစေချင်ခဲ့ပါသည်။ သို့ရာတွင် ကျောင်းများမှာ အဆင့်အတန်းများခွဲ၍ ငွေ
ကြေးတောင်းဆိုမှုများမှာ များလွန်းလှပါသည်။ မိဘများအနေဖြင့် မိမိတို့သားသမီးများ အားအကောင်းဆုံးတွင်သာ ထား
ချင်ကြသည်မှာ သဘာဝဖြစ်ပါသည် သို့ရာတွင် ပညာရေးကိုဗန်းပြ၍ ငွေကြေးတောင်းဆိုမှုများမှာ ဖြစ်သင့်သည်ထက်
လွန်ကဲနေကြပါသည်။ နိုင်ငံတော်မှ ပြည်သူများ အတွက်စဉ်းစား၍ နည်းစနစ်များ ပြောင်းလဲသတ်မှတ်နေပါသော်လည်း
ဤကဲ့သို့ လိုက်နာမှုမရှိပဲ ငွေနောက်တကောက်ကောက်လိုက်ကာ သူတို့ပါးစပ်ထဲမှ ကျောင်းအပ်ခများဖြစ်နေသည်မှာ
အလွန်ကို ဆိုးရွားအကျည်းတန်၍ မိဘများအတွက်လည်း ဒုက္ခ သောကများနှင့်ရင်ဆိုင်နေရပါသည်။ကျွန်တော်ကိုယ်တွေ့အနေဖြင့် တင်ပြရသော်
မိမိကလေးငယ် အား အမည်မဖော်လိုသည့်ကျောင်းကြီးတစ်ကျောင်းတွင်အစစအရာရာ ကလေးအတွက်အဆင်ပြေသဖြင့်
သွားရောက်အပ်နှံခဲ့ပါသည်။ ကျောင်းစအပ်သည်နှင့် တောင်းရမ်းသည့် ငွေကြေးပမာဏမှာ မဖြစ်သင့် မဖြစ်အပ်အောင်ကို
တရားလွန်နေသည်မှာ စာရွက်စာတမ်းကြေးဟူပြီး 50000/-ကျပ်တောင်းပါသည်၊ ပြီးလျှင် ကျောင်းအပ်ခမှာ 10 သိန်း ဟူ၍
တောင်းပါသည်။ ဆရာဆရာမများအနေဖြင့် သဌေးဖြစ်နောက်ကျနေမှာစိုး၍ ပညာရေးနှင့်စီးပွားရှာသည်ဆိုလျှင်လည်း အ
ရှေ့အနောက်လေးတော့ကြည့်၍ ဆန္ဒကို သိက္ခာနှင့် ထိမ်းသင့်သည်ဟုမြင်မိပါသည်။ မိဘများအနေဖြင့်မိမိကလေးကောင်း
စားစေချင်လွန်း၍ ဒုက္ခသောကများကို ခါးစည်းခံ၍ ထားကြရသော်လည်း မပြောပဲမျိုချ၍ ပေးကြရသော်လည်း ဆရာဂုဏ်
သမားဂုဏ်ကိုမထောက် နိုင်ငံတော်၏ ပညာရေးစနစ်ကို ဓါးမြ၊ အနုကြမ်းစီး ပညာရေးစနစ် အဖြစ်အသွင်ဖော်ဆော်နေ
သည်မှာ နိုင်ငံတော်မှ ခေတ်စနစ်များပြောင်း၍ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်အောင် နိုင်ငံတော် အစိုးရနှင့်တကွ
ပြည်သူပြည်သားများအားလုံးပြုပြင်ပြောင်းလဲနေသည့်အချိန်တွင် မျက်နှာပြောင်တိုက်ပြီး နိုင်ငံ့သိက္ခာချနေကြခြင်းဖြစ်ပါ
သည်။ ပြည်သူများအားဆရာမျက်နှာဖုံးတပ်၍ ဝိသမလောဘဖြင့်ဒုက္ခပေးနေကြခြင်းဖြစ်ပါသည်။ တတ်နိုင်သည့်မိဘများမှာ
များပြားလှသောငွေကြေးအား မတန်မှန်းသိပေမဲ့ ပေးနိုင်ကြသော်လည်း တိုင်းတာရသော မိဘများအတွက်မူ စိတ်သောက
အလွန်များရသည်မှာ မိဘများအားလုံးခံစားမိမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရနှင့်တကွ ပြည်သူများအားလုံး
သိသာစေရန်၊ ဝိုင်းဝန်းကာကွယ် ထိမ်းသိန်းပေးနိုင်ကြပါစေရန်…. အကူအညီတောင်းခံတင်ပြရခြင်းဖြစ်ပါသည်ခင်ဗျာ….။
(မှတ်ချက်။ ။ သိက္ခာရှိသော ဆရာဂုဏ်နှင့်ပြည့်စုံသော ဆရာ၊ဆရာမများနှင့် လုံးဝမသက်ဆိုင်ပါ။)
Post a Comment