WCDMA ဖုန်းကဒ်များတွင်လည်း GSM ငွေဖြည့်ကဒ် ဖြင့်သာ အသုံးပြုရမည်

ယခု ထွက်ရှိမယ့် WCDMA ဖုန်းကဒ်ရဲ့ငွေဖြည့်ကဒ် အသုံးပြုရာမှာ GSM ငွေဖြည့်ကဒ် ကိုသာ အသုံးပြုရမှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်္ကြန် မတိုင်ခင်က
တန်ဖိုးနည်း GSM ဖုန်းတွေကို ချထားမှုတွေ ရှိခဲ့ပြီး ဖြစ်တာကြောင့် GSM အတွက် ငွေသွင်းကဒ် တွေဟာ ၀ယ်လိုအား ရှိနေတယ်လို့ ဟန်းဆက် အရောင်းဆိုင် အချို့ရဲ့ ပြောပြချက် အရ သိရပါတယ်။

ဒီလို အသုံးပြုရာ မှာလည်း အခု ထွက်ရှိမယ့် WCDMA ဟာ GSM နည်းပညာ ကိုပဲ အခြေခံ ထားတာ ဖြစ်တဲ့ အတွက်ကြောင့် GSM ငွေဖြည့်ကဒ် ကိုသာ အသုံးပြု နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ ယခင်က ဆိုရင် ဖုန်းငွေဖြည့် ကဒ်ကို ဖုန်းဆိုင်ကြီး တွေမှ တစ်နေ့ကို ကဒ် ၂၀ မှ ၄၀ ကြား ရောင်းရပေမယ့် ယခု ဆိုရင်တော့ တစ်နေ့ကို ကဒ် ၈၀ မှ ၁၀၀ ကြား ရောင်းရတယ်လို့ သိရပါတယ်။

MRTV-4
WCDMA ဖုန်းကဒ်များတွင်လည်း GSM ငွေဖြည့်ကဒ် ဖြင့်သာ အသုံးပြုရမည် WCDMA ဖုန်းကဒ်များတွင်လည်း GSM ငွေဖြည့်ကဒ် ဖြင့်သာ အသုံးပြုရမည် Reviewed by သစ်ထူးလွင် on 16:28 Rating: 5

8 comments:

Lion King said...

ငါးထောင်တန်ကဒ်ရော
ဘယ်တော့ဘယ်တော့ရောင်းမှာလဲ။

Blogger said...

မျှောမနေနဲ့တော့ lion king ရယ်

Nyein Chan said...

နယ်က ဖုန်းကဒ်အချို့ရန်ကုန်မှာ ဘယ်တော့ပြောလို့ရမှာလဲ၊ တရားဝင်ကြေငြာထားတာရှိလား ၊ ပြောကြပါဦးဗျာ

Nyein Chan said...

၂သိန်းတန်ကဒ်ဆိုပြီး ဈေးတွေတင်ရောင်းနေကြတာတွေကို ဒီတိုင်းကြည့်နေကြတယ်ပေါ့

Nyein Chan said...

နယ်က ဖုန်းကဒ်အချို့ ရန်ကုန်မှာ ဘယ်တော့ပြောလို့ရမှာလဲ ၊ တရားဝင်ကြေငြာထားတာရှိလား ၊ သိတဲ့သူတွေ ပြောပေးကြပါဦး

Unknown said...

WCDMAကကမ်းရိုးတန်းဒေသတွေမှာ သုံးလို့ရလား။ CDMAလိုင်းနဲ့အတူတူဘဲ့လားဗျ

Unknown said...

WCDMAကကမ်းရိုးတန်းဒေသတွေမှာ သုံးလို့ရလား။ CDMAလိုင်းနဲ့အတူတူဘဲ့လားဗျ

ာကေညါကေညါ said...

နယ်ဖုံးကဒ်များရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် မေလ (၁၅)ရက်နေ့မှစ၍
အသုံးပြုနိုင်မည်ဟုသိရပါသည်။

Powered by Blogger.