ပန်ဝါတွင် မြန်မာအစိုးရတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်နေဆဲ

ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဌာနချုပ် ပန်ဝါ တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) ကြား တိုက်ပွဲများ ဆက်ဖြစ်နေဆဲဖြစ်ကြောင်း ပန်ဝါမှလာသောသတင်းများ ဆိုသည်။

ဧပြီ ၂၆ ရက်နေ့ KIA တပ်ဖွဲ့များ ပန်ဝါမြို့ကို ၀ိုင်းထားရာမှ မြန်မာ့တပ်မတော်လက်အောက် နယ်ခြားစောင့်တပ် (ယခင် NDA-K) နှင့် တိုက်ပွဲများ ဖြစ်လာခြင်းဖြစ်သည်။

တရုတ်နယ်စပ် ပန်ဝါမြို့အား ဧပြီ ၂၈၊ စနေနေ့မနက်ပိုင်းတွင် KIA မှ ၀င်ရောက်သိမ်းပိုက်ထားပြီး၊ KIA စစ်သား ၈ ဦးလည်း ကျဆုံးသည်ဟု Jinghpaw Kasa blog (http://www.jinghpawkasa.blogspot.com) က ဖော်ပြသည်။

သို့သော် ပန်ဝါသို့ မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်နက်များ ရဟတ်ယာဉ်ဖြင့် သယ်ပို့ပေးနေခြင်းကြောင့် တိုက်ပွဲများ ဆက်ဖြစ်နေဆဲအခြေနေဖြစ်သည်ဟု KIA ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိများ ဆိုသည်။

တိုက်ပွဲကြောင့် ပန်ဝါရှိ ပြည်သူများနှင့် အစိုးရ၀န်ထမ်းများ တရုတ်နယ်စပ်သို့ ထွက်ပြေးနေကြသည်ဟု ပန်ဝါ သတင်းရပ်ကွက်ကဆိုသည်။  By KNG
ပန်ဝါတွင် မြန်မာအစိုးရတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်နေဆဲ ပန်ဝါတွင် မြန်မာအစိုးရတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်နေဆဲ Reviewed by သစ်ထူးလွင် on 21:57 Rating: 5

6 comments:

moethout said...

ဒီလောက်ညှိနေတာကိုအညှိမခံဘူး။၇ှုံးခါနီးမှအပစ်၇ပ်ဖို့ကမ်းလှမ်းအုံးမယ်။အဲကျလို့ကတော့ပူတင်လုပ်သလိုဘဲအညှိမခံဘဲဆက်တိုက်၇မှာ။

Anonymous said...

ကိုယ့်တိုင်းရင်းသား ညီအစ်ကိုတွေ အချင်းချင်း တိုက်နေကြတဲ့စစ်ပွဲတွေမှာ ကျဆုံးသွားကျတဲ့ နှစ်ဖက်စလုံးက စစ်သားတွေအတွက် မိသားစုနဲ့အတူ စိတ်မကောင်း ဖြစ်မိပါတယ်။

maungmin said...

ဖားလေးငါးလေးပျော်ပါစေဆိုပီးလွတ်ပေးထားတာကို အဟုတ်မှတ်နေတာ.. ရိုက်သတ်မယ်ဆိုတော့မှ.. မျက်နှာငယ်နဲ့ အရင်လိုပဲလုပ်ဦးမှာပဲ... နောက်မှ ကလန်လို့ရပီဆို တဲ့အချိန်ကျ ကလန်ဦးမှာ... KIA လုပ်မှပဲ.. ကချင်ပြည်နယ်လဲ စုတ်ပြတ်သတ်မှာ.. ခုလို ပစ်နေခတ်နေတော့ကော.. ဘာများဖြစ် လာလို့လဲ.. လက်နက်အပ်ပီး ငြိမ်းချမ်းရေးမယူသေးသရွေ့တော့
ကချင်လူမျိုးနဲ့ ကချင်ပြည်နယ်က လူထုပဲဒုတ်ခရောက်နေဦးမှာပဲ.. KIA က ကချင်ပြည်နယ်နဲ့ ကချင်လူထုအတွက်ဆို အခုအချိန်ထိကော ကချင်ပြည်နယ်နဲ့ ကချင်လူထုကောင်းစားရေး ဘာများလုပ်ပေးခဲ့တာရှိလဲ.. ငြိမ်းချမ်းရေးကာလမှာ စာသင်ကျောင်းတစ်ကျောင်းဆောက်ခဲ့လား
လမ်းဖောက်ခဲ့သလား..
တံတားဆောက်ခဲ့သလား
ဘာများလုပ်ပေးခဲ့လို့လဲ
(ရှိတဲ့တံတားနဲ့ မီးရထားလမ်းတောင် မိုင်းထောင်ဖျက်ဆီးနေတာ)


ကျွန်းမှောင်ခိုရောင်းလို့ရတဲ့ငွေနဲ့
လက်နက်ဝယ် အာဏာရူး
ဒါပဲလုပ်နေတာပဲ
ကေအိုင်အေတပ်နဲ့ ဗမာစစ်တပ်
ပြည်သူက ဘယ်သူ့ကိုကြောက်သလဲ
လက်တွေ့သိချင် ကချင်ပြည်နယ်သွားကြည့်
ဦးလနန်ကို..တစ်ခုလောက်ပြောချင်ပါတယ်..
ပြည်ပမှာနေပြီး မဟုတ်သရမ်းတွေ သွားပုတ်လေလွင့် ၀ါဒမဖြန့်ပါနဲ့.....

ပုဂံစစ်သည် said...

နယ်ခြားစောင့်တပ် (NDA-K) ကို ပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်။ KIA တွေမိုင်းထောင်လို့ ဆုံးပါးသွားတဲ့ရွာသားတွေ မနည်းတော့ပါဘူး။ ဒီအဖွဲ့အစည်းကို အပြတ်တိုက်သင့်ပါတယ်။

sainyi said...

နှစ် ဖက် ခေါင်းဆောင်တွေမကောင်းလို့ စစ်ြ ဖစ်နေတာပါတကယ်နစ်နာတာကပြည်သူတွေနဲ့ နှစ်ဖက်အောက်လက်ငယ်သားတြွေ ဖစ်တယ်စိတ်မကောင်းစ၇ာပဲ တိုင်းရင်းသားညီအကိုအ ချင်းချင်းသွေးကွဲနေတာဟာကိုယ်ကျိုးကိုကြည့်တက်ကြတဲ့ လူယုတ်မာတြွေ ဖစ်တဲ့ နှစ်ဖက်ခေါင်းဆောင်တွေပါဗျ KIA ခေါင်းေ ဆာင်တွေဆို ရွှေလီမှာဇိမ်ခံနေကြတာ ကိုအောင်လက်ငယ်သားတွေသိစေချင်တယ်
စစ်တပ်ကိုကြည့်၇င်လဲဘာထူးလို့ လဲသူ့ မိသားစုအတွက်ပဲလုပ်နေကြတာလေ အောက်ကစစ်သားတွေငတ်ငတပြ တ်ပြ တ်စစ်တိုက်နေကြတာသူတို့ ကတော့တိုက်ပေါ်မှာ ဇိမ်နဲ့ လေသေကြတာကပြည်သူနဲ့ ငယ်သားတွေပါနားလည်ကြပါတော့ဗျ

Anonymous said...

ပြည်သူ့မျက်နှာကိုမကြည့်တဲ့အဖွဲ့မှန်သမျှအမြစ်ပြတ်ချေမှုန်းသင့်ပါသည်။

Powered by Blogger.